Date – 5-May-2026
မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။
Blossom Future (ပွင့်သစ်ဝေ) တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်း သူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။
အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။
၁။ အရပ်သား CDM များ / မိသားစုဝင်များ
၃။ စစ်/ရဲ CDM များ / မိသားစုဝင်များ
၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ
၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင်မိသားစုဝင်များ
ရိက္ခာလျှောက်ထားမှုတွင် မိသားစုဝင်ငွေ မရှိသေးသူများ ၊ ချို့တဲ့သူများအတွက် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုဝင်ငွေ ရှိပြီး မချို့တဲ့သူများ လျှောက်ထားရန် မလိုပါ။
အလှူရှင်ဘက်မှ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ ကြုံတွေ့ရပါက ရိက္ခာလျှောက်ထားသူအားလုံးကို ရိက္ခာပေးနိုင်မည်ဟု အာမ မခံနိုင်ကြောင်း ကြိုတင်အသိပေး ကြော်ငြာအပ်ပါသည်။
အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။
ရိက္ခာလျှောက်ထားရန် သတ်မှတ်ရက်များ
6-May-2026 (ဗုဒ္ဓဟူး)
7-May-2026 (ကြာသပတေး)
8-May-2026 (သောကြာ)
11-May-2026 (တနင်္လာ)
12-May-2026 (အင်္ဂါ)
3-May-2026 (ဗုဒ္ဓဟူး)
ရိက္ခာရရှိမည့် (လ)များ 2026 ဇွန် နှင့် ဇူလိုင် (၂) လစာ အတွက်
မှတ်ချက် ။ ။ ဧပြီ / မေ (၂) လစာ လူသစ် ၊ လူဟောင်းများ အတွက် နှင့် မေ / ဇွန် (၂) လစာ လူသစ် များအတွက် အလှူရှင်ထံ စာရင်းတင်ပြထားပြီး အလှူရှင် အကြောင်းကြားလာပါက ရိက္ခာမျှဝေခြင်း အစီအစဉ်အား ယခင်အတိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လူဟောင်း ဆရာ/ဆရာမများအတွက်
၂၀၂၅ – ဇန်နဝါရီလ မှ၂၀၂၆ – ဧပြီလ အထိ ရိက္ခာဖောင်လျှောက်ထားပြီးသူ ဆရာ/ဆရာမ (လူဟောင်းများ) ရိက္ခာဖောင် (Google Form) ဖြည့်သွင်း ၍ ပြန်လျှောက်ရန် မလိုအပ်သေးပါ။
လူသစ်လျှောက်မည့် ဆရာ/ဆရာမများအတွက်
လူသစ်များအနေဖြင့် ရုံးဖုန်းဖြစ်သော အောက်ဖော်ပြပါဖုန်းသို့ တိုက်ရိုက်ဆက်သွယ်၍ လျှောက်ထားရန်လိုအပ်ပါကြောင်း နှင့် လူဟောင်း ဆရာ / ဆရာမများ၏ မိသားစုဝင်များ ထပ်တိုးရှိလာပါက ထိုသူများလည်း လူသစ်အနေဖြင့် လျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေး အပ်ပါတယ်ရှင့် ။
ရိက္ခာလျှောက်ထားမှုပုံစံ
ရိက္ခာလျှောက်ရန် ရုံးဖုန်း 0660273746, 0659252173 သို့ ကြေငြာချက်ပါ သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ အတွင်း လူသစ်များ အနေဖြင့် တိုက်ရိုက် ဖုန်းဆက်၍ လျှောက်ထားရမည် ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Blossom Future (ပွင့်သစ်ဝေ)
Phone: 0659252173
Signal: +66 659 252 173

