𝐈𝐓 နှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမများ ဖိတ်ခေါ်ခြင်း။

မိတ်ဆွေများရှင် မြန်မာပြည်တွင်း၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများအတွက် ရည်ရွယ်လျက် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော IT နှင့်ပတ်သက်သည့် လုပ်ငန်းစဥ်များအတွက် ကူညီလုပ်ကိုင်ရန်၊ IT ကျွမ်းကျင်သော စေတနာ့ဝန်ထမ်း (၁) ဦး အလိုရှိပါသည်။ စိတ်ပါဝင်စားပါက IT ပိုင်းနှင့် ပတ်သက်သည့် အတွေ့အကြုံရှိသူများ ပါဝင်ကူညီပေးကြပါရန် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ပါဝင်ကူညီပေးမည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့ တက်ရောက်ပြီးစီးခဲ့သော သင်တန်း ၊ ပညာရပ်များ နှင့် လုပ်ဆောင်ခဲ့သည့် IT အတွေ့အကြုံများကို ပြည့်စုံစွာဖော်ပြထားသည့် ကိုယ်ရေးအကျဥ်းတစ်စုံ (Resume) နှင့်တကွ မိမိတို့အား ထောက်ခံပေးနိုင်သော ပုဂ္ဂိုလ် (၂) ဦး […]
𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡 (𝟓) ကျင်းပမည်

မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation (NMF) က ဦးစီး၍ ဖွင့်လှစ်သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၄)ကို နိုဝင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယခုအခါ Digital Literacy & Security Training Batch (5) ကို ၂၁ ရက် နိုဝင်ဘာ ၂၀၂၂ ခုနှစ်မှ ၂၅ ရက် နိုဝင်ဘာ ၂၀၂၂ အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ အပတ်စဉ် (၅) အတွက် သင်တန်းတက်ရောက်ခွင့်ရသူများကို emailမှတဆင့်ဆက်သွယ်ပြီး ဖြစ်ပါသည်။ သင်တန်းသားရွေးချယ်ရာတွင် လျှောက်ထားသူ ဦးရေ ၂၈၀ […]
အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၃) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့် အပတ်စဉ်-(၂၃) သင်တန်းဖွင့်ပွဲ ကို (၁၅-၁၁-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ – ဝန်းကျင်ကောင်းကို ရဘို့ ကိုယ်ကိုယ်တိုင် တည်ဆောက်ကြရမှာမို့ ပေါင်းသင်းဆက်ဆံမှု သိုင်းဝိုင်းချဲ့ကြရန် မှာချင်ကြောင်း ၊ ဘယ်နေရာရောက်ရောက် ကိုယ်နိုင်ငံအရေးတွေကိုမမေ့ကြဘဲ တတ်နိုင်သရွေ့ကူညီပေးကြရမှာ ဖြစ်ကြောင်း ၊ New Myanmar Foundation ကူညီထောက်ပံ့နေမှုများ ကို […]
အမျိုးသမီး၊ အမျိုးသား ဆံပင်အလှပြုပြင်ရေးသင်တန်း အပတ်စဉ် (၃) ဖွင့်လှစ်ခြင်း

New Myanmar Foundation မှစီစဉ်ဆောင်ရွက်သော အမျိုးသမီး၊ အမျိုးသား ဆံပင်အလှပြုပြင်ရေး သင်တန်းအပတ်စဉ် (၃) ကို ၁၅-၁၁-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ပထမဦးစွာ သင်တန်းဖွင့်ပွဲတွင် New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ သင်တန်းဖွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်းသား/သူများအား ရှေ့ဆက်ကူညီပံ့ပိုးသွားမည့် ကိစ္စများကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး
အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၂၂) သင်တန်းဆင်းပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၁) သင်တန်းဆင်းပွဲကို (၁၀-၁၁-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြရာသင်တန်းကို အောင်မြင်ပြီးမြောက်သည့်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသား (၁၁) ယောက်ကို New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ အခုလို ကိုယ့်ဘဝ ကိုယ်ရပ်တည်ဖို့ကြိုးစားပြီး သင် တန်းလာတယ်လို့ ယုံကြည်လို့ ဂုဏ်ယူ ချီးကျူးပါကြောင်း ၊ ကိုယ်တိုင်းပြည်အတွက် မင်းတို့တွေအားလုံးဟာ အားတွေဖြစ်ကြောင်း၊ အ ဓိကမင်းတို့တွေ တိုးတက်မှ တိုင်းပြည်တိုးတက်မယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကြိုးစားကြပါ။ New […]
𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 သင်တန်းအပတ်စဉ် ( ၄ ) ကျင်းပပြီးစီး

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundation (NMF) က ဦးစီး၍ ဖွင့်လှစ်သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေးသင်တန်း အပတ်စဉ် (၄) ကို နိုဝင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ သင်တန်းသားဦးရေ (၃၇) တက်ရောက်သင်ယူခဲ့ပါသည်။ နောင်တွင်လည်း ဤကဲ့သို သင်တန်းမျိုးကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဆံပင်ညှပ်သင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

New Myanmar Foundation ၏ အမျိုးသား၊ အမျိုးသမီး ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၁.၁၁.၂၀၂၂ ခုနှစ်၊ သောကြာနေ့၊ နံနက် (၁၁) နာရီပြုလုပ်ခဲ့ပါသည်။ ဒုတိယအကြိမ်မြောက် ဆံပင်ညှပ်သင်တန်းတွင် အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၀) ဦး တက်ရောက် သင်ကြားခဲ့ပါသည်။ သင်တန်းကာလ (၅) ပတ်ကြာမြင့်ခဲ့ပြီး ခေါင်းလျှော်၊ စက်ဆွဲပညာ၊ ဆံပင်ညှပ်၊ ဆံပင်ဆေးဆိုး၊ ဆံပင်ကောက်၊ ဆံပင်ဖြောင့် ပညာရပ်များကို စာ တွေ့လက်တွေ့ သင်ကြားခဲ့ကြကာ သင်တန်းနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆို၍ ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့ကြခြင်း ဖြစ်ပါ သည်။ (၃) ပတ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး (၂) ပတ်တာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခဲ့ကြခြင်း ဖြစ်ပါသည်။ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှ အောက်တိုဘာလအတွင်း ကူညီမှုများ

New Myanmar Foundation ၏ နယူးမြန်မာ တယ်လီ ကျန်းမာ အစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ,မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေး ချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။ ၎င်း အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် […]
အလုပ်အကိုင်ရှာဖွေပေးရေး အစီအစဉ်မှ အောက်တိုဘာလအတွင်းလုပ်ဆောင်ခဲ့မှုများ

New Myanmar Foundation ၏ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်ခဲ့သည်။ အောက်တိုဘာလအတွင်း ကူညီပေးခဲ့သူပေါင်း (၁၀၁) ဦးရှိပါသည်။ အောက်တိုဘာလအတွင်းတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူပေါင်း (၁၅) ဦးကို မဲဆောက်သို့ အန္တရာယ်ကင်းစွာရောက်ရှိအောင် ကူညီပေးခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူပေါင်း (၂၂) ဦးကို အလုပ်ရှာဖွေပေးနိုင်ခဲ့ပါသည်။ အလုပ်ရရှိသူများထဲမှ (၂၀) ဦးမှာ New Myanmar Foundation မှ စက်ချုပ်သင်တန်းဆင်းပြီးနောက် အလုပ်ချိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ (၂) ဦးမှာမူ New Myanmar Foundation မှ ဖွင့်လှစ်သော ဆံပင်ညှပ်သင်တန်းမှ သင်တန်းဆင်းပြီးနောက် အလုပ်ရှာဖွေပေးလိုက်ခြင်း ဖြစ်ပါသည်။ မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများ ကနဦးနေစရာ အဆင်ပြေစေရန် Safe […]
အခြေခံမော်တာနင်းစက်ချုပ်သင်တန်း အပါတ်စဥ် ( ၂၃ ) သင်တန်းသားများခေါ်ယူခြင်း

သို့ ခေါင်းဆောင်များ၊ မိတ်ဆွေများရှင် မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် အထူးသဖြင့် မြန်မာပြည်သူ အမျိုးသမီးများအတွက် (၁၀)ရက်ကြာ စရိတ်ငြိမ်း မော်တာနင်းစက်ချုပ်သင်တန်းကို (၁၅-၁၁-၂၀၂၂) မှစတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သင်တန်းမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ပါ Google Form https://forms.gle/EPM1XoKp6jqp6hTP6 ကိုဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ စည်းကမ်းချက်များ – ၁။ သင်တန်းကာလ (၁၀) ရက်အတွင်းသင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်ရမည်။ ၂။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။ ၃။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ ၄။ သင်တန်းသားများ တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးပျူငှာစွာ ဆက်ဆံရမည်။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီးနှင့် လိင်စိတ်ကွဲပြားသူများအပေါ် […]