မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation (NMF) က ဦးစီး၍ ဖွင့်လှစ်သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၄)ကို နိုဝင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယခုအခါ Digital Literacy & Security Training Batch (5) ကို ၂၁ ရက် နိုဝင်ဘာ ၂၀၂၂ ခုနှစ်မှ ၂၅ ရက် နိုဝင်ဘာ ၂၀၂၂ အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
အပတ်စဉ် (၅) အတွက် သင်တန်းတက်ရောက်ခွင့်ရသူများကို emailမှတဆင့်ဆက်သွယ်ပြီး ဖြစ်ပါသည်။
သင်တန်းသားရွေးချယ်ရာတွင် လျှောက်ထားသူ ဦးရေ ၂၈၀ ကျော်ထဲမှ နယ်ပယ်အစုံမှ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် ယခု အပတ်စဉ် (၅) တွင် မပါဝင်ခဲ့သူများကိုလည်း နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် ရွေးချယ်သွားမည်ဖြစ်ပါသည်။