New Myanmar Foundation ၏ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်ခဲ့သည်။ အောက်တိုဘာလအတွင်း ကူညီပေးခဲ့သူပေါင်း (၁၀၁) ဦးရှိပါသည်။
အောက်တိုဘာလအတွင်းတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူပေါင်း (၁၅) ဦးကို မဲဆောက်သို့ အန္တရာယ်ကင်းစွာရောက်ရှိအောင် ကူညီပေးခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူပေါင်း (၂၂) ဦးကို အလုပ်ရှာဖွေပေးနိုင်ခဲ့ပါသည်။ အလုပ်ရရှိသူများထဲမှ (၂၀) ဦးမှာ New Myanmar Foundation မှ စက်ချုပ်သင်တန်းဆင်းပြီးနောက် အလုပ်ချိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ (၂) ဦးမှာမူ New Myanmar Foundation မှ ဖွင့်လှစ်သော ဆံပင်ညှပ်သင်တန်းမှ သင်တန်းဆင်းပြီးနောက် အလုပ်ရှာဖွေပေးလိုက်ခြင်း ဖြစ်ပါသည်။
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများ ကနဦးနေစရာ အဆင်ပြေစေရန် Safe House အကူအညီပေးမှုများ ဆက်လက်လုပ် ဆောင်ခဲ့ပြီး အောက်တိုဘာလအတွင်း Safe House တွင် လက်ခံပေးခဲ့သူပေါင်း (၂၄) ဦးရှိပါသည်။ Safe House တွင်နေထိုင်ရန်ခွင့်ပြု ပေးခဲ့သူများမှာ ဒီမိုကရေစီအရေး တစိုက်မတ်မတ်လုပ်ခဲ့သော အရပ်ဖက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ အ ကြမ်းမဖက် အာဏာဖီဆန်ရေးတွင် ပါဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ၊ NLD ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များပါ ဝင်ပါသည်။ ထို့အပြင် Safe house မှ ထွက်ခွာသွားချိန်တွင် အဆင်ပြေစေမှုရှိစေရန် အလုပ်အကိုင်သင်တန်း ချိတ်ဆက်ပေးခြင်း၊ အ လုပ်သွင်းပေးခြင်းများကိုလည်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ်ပေါ်မူတည်၍ ရှာဖွေပေးလျှက်ရှိပါသည်။ Safe house တွင် အဆင်ပြေချောမွေ့စေရန် ရေ၊ မီး၊ မီးဖိုချောင်သုံးနှင့် အိမ်သုံးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း Wifi အင်တာနက်များ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် စာကြည့်တိုက်ဝန်ဆောင်မှုများလည်း Safe House တွင် စတင်နေပြီ ဖြစ်ပါသည်။ Covid-19 ကာကွယ်ဆေးထိုးရန် ၁၄ရက် (၁၀) လပိုင်းတွင် (၁) ကြိမ်၊ ၂၈ ရက်(၁၀) လပိုင်းတွင် (၁) ကြိမ်ပို့ ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် ဧပြီလမှစတင်၍ အထွေထွေ အကူအညီတောင်းခံမှုနှင့် စုံစမ်းမေးမြန်းမှုများကို လက်ခံဖြေကြားပေးခဲ့ရာ ယခုအောက်တိုဘာ လအတွင်း စုစုပေါင်း (၄၀) ဦးကို ကူညီပေးနိုင်ခဲ့ပါသည်။
ထို့ကြောင့် New Myanmar Foundation ၏ အကူအညီပေးရေး အစီအစဉ်မှ သြဂုတ်လအတွင်း စုစုပေါင်း လူပေါင်း (၁၀၁) ဦး၏ လို အပ်ချက်များကို တတ်နိုင်သမျှ အဆင်ပြေချောမွေ့အောင် ကူညီပေးနိုင်ခဲ့ပါသည်။ အကူအညီ လိုအပ်သူများ အနေဖြင့် အပတ်စဉ် တနင်္လာနေ့ မှ စနေနေ့အတွင်း မနက် (၈) နာရီမှ ည (၉) အထိ ဖုန်းနံပါတ် (၀၉၄၇၈၄၁၉၆၇) သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါ သည်။