𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 သင်တန်းအပတ်စဉ် ( ၃ ) ကျင်းပပြီးစီး

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ်သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေးသင်တန်း အပတ်စဉ် (၃) အောက်တိုဘာလ (၂၂) ရက်နေ့မှ အောက်တိုဘာလ (၂၆) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ သင်တန်းသားဦးရေ (၄၀) တက်ရောက်သင်ယူခဲ့ပါသည်။ နောင်တွင်လည်း ဤကဲ့သို သင်တန်းမျိုးကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အမျိုးသမီး၊ အမျိုးသား ဆံပင်အလှပြုပြင်ရေးသင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်ခြင်း

New Myanmar Foundation မှ စီစဉ်ဆောင်ရွက်သော အမျိုးသမီး၊ အမျိုးသားဆံပင်အလှပြုပြင်ရေး သင်တန်းအပတ်စဉ် (၂) ကို မဲဆောက်မြို့၌ ၁၀-၁၀-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးစွာ သင်တန်းဖွင့်ပွဲတွင် New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ သင်တန်းဖွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်းသား/သူ များအား ရှေ့ဆက်ကူညီပံ့ပိုးသွားမည့် ကိစ္စများကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး – ပညာရပ်ကို ကြိုးကြိုးစားသင်ယူလေ့လာကြရန်၊- သင်တန်းကိုပြီးဆုံးအောင်တက်ရန်၊- သင်တန်းသား/သူ အချင်းချင်း ကူညီရိုင်းပင်းကြရန်၊- အသိုက်အဝန်းနှင့် လူမှုကွန်ယက်များ ဖြန့်ကျက်ကြရန်၊– မိမိခြေထောက်ပေါ် မိမိရပ်နိုင်သည်အထိ ကြိုးပမ်းကြရန်၊ -အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင် ဖယ်ရှားရေးကိုလည်း မမေ့မလျော့ အစဉ်တစိုက်ကြိုးပမ်းကြရန် တို့ကို မှာကြားတိုက်တွန်းခဲ့ပါသည်။ သင်တန်းသူ/သင်တန်းများမှလည်း တစ်ဦးချင်း မိတ်ဆက်စကားများ […]
အမျိုးသား၊ အမျိုးသမီးဆံပင်အလှပြုပြင်ရေးသင်တန်းအပတ်စဉ် (၂) ထုတ်ပြန်ချက်

New Myanmar Foundation မှ စီစဉ်ဆောင်ရွက်သော အမျိုးသမီး၊ အမျိုးသားဆံပင်အလှပြုပြင်ရေး သင်တန်းအပတ်စဉ် (၂)ကို မဲဆောက်မြို့၌ ၁၀-၁၀-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးစွာ သင်တန်းဖွင့်ပွဲတွင် New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ သင်တန်းဖွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်းသား/သူ များအား ရှေ့ဆက်ကူညီပံ့ပိုးသွားမည့် ကိစ္စများကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး – ပညာရပ်ကို ကြိုးကြိုးစားသင်ယူလေ့လာကြရန်၊– သင်တန်းကိုပြီးဆုံးအောင်တက်ရန်၊– သင်တန်းသား/သူ အချင်းချင်း ကူညီရိုင်းပင်းကြရန်၊– အသိုက်အဝန်းနှင့် လူမှုကွန်ယက်များ ဖြန့်ကျက်ကြရန်၊– မိမိခြေထောက်ပေါ် မိမိရပ်နိုင်သည်အထိ ကြိုးပမ်းကြရန်၊– အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်ဖယ်ရှားရေးကိုလည်း မမေ့မလျော့ အစဉ်တစိုက်ကြိုးပမ်းကြရန်တို့ကို မှာကြားတိုက်တွန်းခဲ့ပါသည်။ သင်တန်းသူ/သင်တန်းများမှလည်း တစ်ဦးချင်း မိတ်ဆက်စကားများပြောကြားခဲ့ကြပြီးနောက် သင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအခါ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှ ကူညီမှုများ

New Myanmar Foundation ၏ နယူးမြန်မာ တယ်လီကျန်းမာ အစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေး ချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက် အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက်အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီးခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတား အဆီးများ ရှိနေပါသည်။ ၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram […]
နယူးမြန်မာ တယ်လီကျန်းမာ

သို့ကျန်းမာရေးပညာရှင်များ ခင်ဗျားလေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။ ယခုအခါ မြန်မာပြည်သားအများအပြားသည် ထိုင်းနိုင်ငံသို့ တိမ်းရှောင် ခိုလှုံလာကြပါသည်။ အထူးသဖြင့် မဲဆောက်မြို့တွင် လူ့အခွင့် အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ သိန်းနှင့်ချီ များပြားစွာ ရောက်ရှိနေပါသည်။ ရောက်နေဆဲလည်း ဖြစ်ပါသည်။၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကား အခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီးခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။၎င်း အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ လူနာအား ကြည့်ရှုစစ်ဆေးကာ […]
𝐒𝐩𝐫𝐢𝐧𝐠 𝐁𝐫𝐢𝐝𝐠𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦

New Myanmar Foundation မှ စီစဥ်သော Spring Bridge Online School ကို 6 . 6 . 2022 ရက်နေ့မှစတင်၍ Grade 1 မှ Grade 11 အထိ သင်ရိုးသစ်အတန်းစုံကို သင်ကြားရေးအတွေ့အကြုံရင့် အသင်အပြကောင်းမွန်သော စေတနာရှင် ဆရာ/မ ၄၀ကျော်က တာဝန်ယူသင်ကြားလျက်ရှိပါသည်။အွန်လိုင်းသင်ကြားရေး အဆင်ပြေစေရန်နှင့် ကျောင်းသားကျောင်းသူများဘက်မှ ပညာသင်ယူမှု လွယ်ကူချောမွေ့စေရန် အတွက် Spring Bridge Online School မှ ကိုယ်ပိုင် Zoom Link များဝယ်ယူ၍ Admin &IT Support Team မှ ထောက်ပံကူညီပေးလျက်ရှိပါသည်။မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်ထောင်စုသား ရင်သွေးငယ် ၅၀၀ ကျော် စတင်ပညာသင်ယူနေကြပြီး၊ မိဘများ၏ […]
𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥) ကျင်းပပြုလုပ်ခြင်း

Burma Spring Center မှ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အစီအစဉ်တရပ်အနေဖြင့် မော်တာစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းသူအမျိုးသမီးများအား မော်တာစက်ချုပ်ပညာအပြင် အခြားဗဟုသုတတိုးစေမည့် ဘာသာရပ်များကိုလည်း သင်တန်းအားလပ်ချိန်များတွင် လေ့လာနိုင်ရန် စီစဉ်ဆောရွက်လျက်ရှိရာ၂၃-၀၁-၂၀၂၂ နေ့ ညနေပိုင်း သင်တန်းအားလပ်ချိန်တွင် BSF ၏ lT Officer ကိုဘိုဘိုမှ Digital Security နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များ၊ ဆောင်ရန် ရှောင်ရန်နည်းလမ်း များကို မျှဝေပို့ချပေးခဲ့သည်။ နောက်ရက်များတွင်လည်း သင်တန်းသူများအတွက် ဗဟုသုတတိုးပွားစေမည့် အချိန်တိုသင်တန်းများအား သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ချိတ်ဆက်ပို့ချပေးသွားမည် ဖြစ်ပါသည်။