ခရစ္စမတ် အခါသမယအတွက် သ၀ဏ်လွှာပေးပို့ခြင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော ခရစ္စမတ် အခါသမယအတွက် သ၀ဏ်လွှာပေးပို့ခြင်း ခရစ္စမတ်အခါသမယတွင် မြန်မာနိုင်ငံသား ခရစ်ယာန်ဘာသာ၀င်မိတ်ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း New Myanmar Foundationမှ ဆုတောင်းမေတ္တာ ပေးပို့အပ်ပါသည်။ ယခင်က ခရစ္စမတ်ပွဲတော်များအား တကမ္ဘာလုံးနည်းတူ မြန်မာနိုင်ငံတွင်လည်း မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ စုံညီပျော်ရွှင်စွာဖြင့် ကျင်းပနိုင်ခဲ့ကြပါသည်။ နေရာအနှံ့အပြားတွင် ပျော်ပွဲရွှင်ပွဲများ၊ အလှဆင်မှုများဖြင့် မိမိတို့၏ ဘာသာရေးပွဲတော်ကြီးအား လွတ်လပ်ပျော်ရွှင်စွာ ကျင်းပခွင့်ရခဲ့ပါသည်။ ယခုအခါတွင်မူ မိမိတို့မြန်မာပြည်သူပြည်သားအားလုံးမှာ အကြမ်းဖက်စစ်တပ်၏ မတရား အာဏာသိမ်းမှုကြောင့် မည်သည့်ပွဲတော်ကိုမျှ လွတ်လပ်ပျော်ရွှင်စွာ ကျင်းပနိုင်ခြင်းမရှိတော့ပါ။ ခရစ်ယာန်ဘာသာ အလွန်ထွန်ကားသော ပြည်နယ်များတွင် အကြမ်းဖက်စစ်တပ်၏ မတရားထိုးစစ်ဆင်မှုများ၊ လက်နက်ဖြင့် အနိုင်ကျင့်မှုများ၊ မီးရှို့ဖျက်စီးမှုများ၊ မတရားညှင်းပန်းနှိပ်စက်မှုများ၊ ဖမ်းဆီးမှုများကြောင့် […]

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡 (𝟕) ကျင်းပပြီးစီး

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ် သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၇)ကို ဒီဇင်ဘာလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ (၂၃) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ယင်းသင်တန်းသို့ သင်တန်းသားဦးရေ (၃၀) တက်ရောက်သင်ယူခဲ့ပါသည်။ အပတ်စဉ် (၈) သင်တန်းကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါသည်

အမျိုးသား ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကျင်းပ

New Myanmar Foundation ၏ အမျိုးသား ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၂.၁၂.၂၀၂၂ ခုနှစ် ကြာသပတေးနေ့ နေ့လည် (၁) နာရီကျင်းပ ပြုလုပ်ခဲ့ပါသည်။ တတိယအကြိမ်မြောက် ဆံပင်ညှပ် သင်တန်းတွင် အမျိုးသား (၁၁)ဦး တက်ရောက်သင်ကြားခဲ့ ပါသည်။ သင်တန်းကာလ (၅)ပတ်ကြာမြင့်ခဲ့ပြီး ခေါင်းလျှော်၊ ဆံပင်ညှပ်၊ ဆံပင်ဆေးဆိုး၊ ဟိုက်လိုက်ဖောက်၊ မျက်နှာဆေး ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြကာ သင်တန်းနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆို၍ ထိုက်ထိုက်တန်တန်အောင်မြင်ခဲ့ကြခြင်းဖြစ်ပါသည်။ (၂) ပတ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး (၃) ပတ်တာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခဲ့ကြခြင်းဖြစ်ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် ထူးချွန်သင်တန်းသား တစ်ဦးကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းဆရာ ဦးစိုးအောင်မှ ဂုဏ်ပြုဆုအဖြစ်ရသော ပစ္စည်းများကို သင်တန်းသားများနှင့်အတူ မျှဝေသုံးစွဲရန် […]

အမျိုးသားဆံပင်ညှပ်သင်တန်း အပါတ်စဉ်-၄ အတွက် သင်တန်းသားများ ခေါ်ယူခြင်း

ဆံပင်ညှပ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသော အမျိုးသားများအား လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။ မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သား အမျိုးသား များ အတွက် (၅) ပါတ်ကြာ အခမဲ့ဆံပင်ညှပ် သင်တန်းကို ၂၆-၁၂-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) မယ်ပရှိသင်တန်းကျောင်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်လိုသူများအနေဖြင့် သင်တန်းမှ ချမှတ်ထား သည့် အောက်ပါစည်းကမ်းချက်များကို လိုက်နာနိုင်ပါက Google Form (Form Link – https://forms.gle/b8iw5nJHuPjyuHwC7 ) တွင် ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ လုပ်ငန်းအတွေ့အကြုံ (၅) နှစ်ကျော်ရှိသော သင်တန်း ဆရာ ကိုစိုးအောင်မှ အမျိုးသား ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဆေးဆိုးနှင့် ဆံပင်ကောက်/ဖွ ပညာတို့ကို စာတွေ့၊ လက်တွေ့တို့ဖြင့် သင်ကြားပေး မည်ဖြစ်ပါသည်။ သင်တန်းသားများ လိုက်နာရမည့်စည်းကမ်းချက်များ – ၁။ […]

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ပူးပေါင်းပြုလုပ်သော အခမဲ့အခြေခံလျှပ်စစ်မော်တာစက် ချုပ်သင်တန်း (၁၀)ရက်ကြာဖွင့်လှစ်မည့် အပတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲကို (၁-၁၂-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဦးစွာ New Myanmar Foundation ၏ တာဝန်ခံဖြစ်သူ ဒေါက်တာစန်းအောင်မှ – နိုင်သလောက်ကြိုးစားကြပါ ၊ အားပေးရင်းတတ် နိုင်သလောက် ဝိုင်းဝန်းပေးသွားမှာဖြစ်ကြောင်း၊ ထိုင်းဥပဒေရွှေ့ပြောင်းအလုပ်သမားဥပဒေတွေကိုလည်း သင်မျှဝေပေးမှာဖြစ်ကြောင်း၊ ပေါင်းသင်းဆက်ဆံရေး အသိုင်းအဝိုင်းကိုလည်း ချဲ့ကြဖို့မှာချင်ကြောင်း ၊ New Myanmar Foundation ကူညီထောက်ပံ့နေမှုများကို ရှင်းပြပြီး စနစ်တကျလျှောက်လွှာတင် ရယူနိုင်ကြောင်းနှင့် အားပေးကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation  သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။ NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံ ခြုံစွာ နေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့်  အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု(၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး မိသားစု(၅)ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅)ဦး လာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။ Safe House တွင်နေထိုင်စဉ် ကာလအတွင်း […]

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡 (𝟔) ကျင်းပမည်

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation (NMF) က ဦးစီး၍ ဖွင့်လှစ်သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေးသင်တန်း အပတ်စဉ် (၅)ကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ သင်တန်းသားဦးရေ (၃၅) တက်ရောက်သင်ယူခဲ့ပါသည်။ အပတ်စဉ် (၆) သင်တန်းကိုလည်း ဒီဇင်ဘာလ (၅) ရက်မှ (၉) ရက်နေ့တွင် ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါသည်။သင်တန်းအပတ်စဉ် (၆) အတွက် တက်ရောက်ခွင့် ရပြီးသူများကို ၎င်းတို့၏ […]

အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၂၃) သင်တန်းဆင်းပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၃) သင်တန်းဆင်းပွဲကို (၂၄-၁၁-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြရာသင်တန်းကို အောင်မြင်ပြီး‌မြောက်သည့်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသား (၉) ယောက်ကို New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ အသိုင်းအဝိုင်းချဲ့ကြရန် နှင့် ဗဟုသုတ အချင်းချင်းလည်း မျှဝေကြရန် လိုကြောင်း ၊ အခက်အခဲတွေရှိပေမယ့် ကျော်ဖြတ်ရင်းမောင်နှမ အရင်းသဖွယ် စောင်ရှောက်ရင်း ခရီးဆက်ကြစေလိုကြောင်း ၊ New Myanmar Foundation ၏ ကူညီနေမှုများ ဆောင်ရွက်နေမှုများကို […]

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡 (𝟓) ကျင်းပပြီးစီးခြင်း

မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation (NMF) က ဦးစီး၍ ဖွင့်လှစ်သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၅) ကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှမိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများလူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများအမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ သင်တန်းသားဦးရေ (၃၅) တက်ရောက်သင်ယူခဲ့ပါသည်။ အပတ်စဉ် ၆ သင်တန်းကိုလည်း ဒီဇင်ဘာလ (၅) ရက်မှ (၉) ရက်နေ့တွင် ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါသည်။

အခြေခံမော်တာနင်းစက်ချုပ်သင်တန်း အပါတ်စဥ် ( ၂၄ ) သင်တန်းသားများ ခေါ်ယူခြင်း

New Myanmar Foundation နှင့် WLRC Myanmar တို့ပူးပေါင်း၍ မဲဆောက်တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် အထူးသဖြင့် မြန်မာပြည်သူ အမျိုးသမီးများအတွက် (၁၀)ရက်ကြာ စရိတ်ငြိမ်း မော်တာနင်းစက်ချုပ်သင်တန်းကို (၁-၁၂-၂၀၂၂) မှစတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သင်တန်းမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ပါ Google Form (Form Link- https://forms.gle/xagJU4wsr82i3bfUAကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ စည်းကမ်းချက်များ –၁။ သင်တန်းကာလ (၁၀) ရက်အတွင်းသင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်ရမည်။၂။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။၃။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။၄။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦးယဥ်ကျေးပျူငှာစွာဆက်ဆံရမည်။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ […]

error: Content is protected !!