Digital Literacy & Security သင်တန်းအပတ်စဉ်( ၄ )ကျင်းပပြီးစီး

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation (NMF) က ဦးစီး၍ ဖွင့်လှစ် သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၄)ကို နိုဝင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ
မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ
လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ
အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။


ယင်းသင်တန်းသို့ သင်တန်းသားဦးရေ (၃၇) တက်ရောက်သင်ယူခဲ့ပါသည်။ နောင်တွင်လည်း ဤကဲ့သို သင်တန်းမျိုးကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!