အမျိုးသမီး၊ အမျိုးသား ဆံပင်အလှပြုပြင်ရေးသင်တန်း အပတ်စဉ် (၃) ဖွင့်လှစ်ခြင်း


New Myanmar Foundation မှစီစဉ်ဆောင်ရွက်သော အမျိုးသမီး၊ အမျိုးသား ဆံပင်အလှပြုပြင်ရေး သင်တန်းအပတ်စဉ် (၃) ကို ၁၅-၁၁-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ပထမဦးစွာ သင်တန်းဖွင့်ပွဲတွင် New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ သင်တန်းဖွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်းသား/သူများအား ရှေ့ဆက်ကူညီပံ့ပိုးသွားမည့် ကိစ္စများကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး

  • ပညာရပ်ကို ကြိုးကြိုးစားသင်ယူလေ့လာကြရန်၊
  • သင်တန်းကိုပြီးဆုံးအောင်တက်ရန်၊
  • သင်တန်းသား/သူ အချင်းချင်း ကူညီရိုင်းပင်းကြရန်၊
  • အသိုက်အဝန်းနှင့် လူမှုကွန်ယက်များ ဖြန့်ကျက်ကြရန်၊
  • မိမိခြေထောက်ပေါ် မိမိရပ်နိုင်သည်အထိ ကြိုးပမ်းကြရန်၊
  • အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်ဖယ်ရှားရေးကိုလည်း မမေ့မလျော့ အစဉ်တစိုက်ကြိုးပမ်းကြရန် တို့ကို မှာကြားတိုက်တွန်းခဲ့ပါသည်။
    သင်တန်းသူ/သင်တန်းသားများမှလည်း တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားခဲ့ကြပြီးနောက် သင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။
    ယခုအခါ အမျိုးသမီးဆံပင်အလှပြုပြင်ရေး သင်တန်းတွင် မဲဆောက်ရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာအမျိုး သမီး (၁၂) ဦးကိုလည်းကောင်း၊ အမျိုးသားဆံပင်ညှပ်သင်တန်းတွင် မဲဆောက်ရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသား (၁၂) ဦးကိုလည်းကောင်း လက်ခံသင်ကြားပေးလျက် ရှိပါသည်။ သင်တန်းကာလမှာ (၅) ပါတ်တိတိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းအောင်မြင်ပြီးမြောက်သူများကို အလုပ်အကိုင်ရှာဖွေရေးနှင့် ပါတ်သက်၍ New Myanmar Foundation မှ ဆက်လက်ကူညီသွားမည် ဖြစ်ပါသည်။ New Myanmar Foundation မှ အမျိုးသား၊ အမျိုးသမီး ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသူ/သားများ၏ Google Formများ လက်ခံခြင်းကို နိုဝင်ဘာလ (၄) ရက်မှ နိုဝင်ဘာလ (၁၃) ရက်အထိ ဆောင်ရွက်ခဲ့ရာ လျှောက်ထားသူပေါင်း (၆၅) ဦးရှိခဲ့ပါသည်။ ၎င်းလျှောက်ထားသူများထဲမှ သင် တန်းသူ (၁၂) ဦး၊ သင်တန်းသား (၁၂) ဉီး ရွေးချယ်ခဲ့ပါသည်။ ချန်လှပ်ထားခဲ့ရသူများကို အရံစာရင်းအဖြစ် မှတ်တမ်းတင်ထားပြီး ရွေးချယ်ခြင်းခံရသူများ အခြေအနေအကြောင်းကြောင်းကြောင့် သင်တန်းမတက်ရောက်နိုင်ပါက အစားထိုးခေါ်ယူသွားမည်ဖြစ်ပါသည်။ ယခုသင်တန်း အပတ်စဉ်(၃)တွင် ရွေးချယ်ခြင်းခံရသူများကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရွေးချယ်ခြင်း မခံရသူများအနေဖြင့် သင်တန်းအပတ်စဉ် (၄) တွင် ထပ်မံလျှောက်ထားနိုင်ပါသည်။ ၎င်းသင်တန်းတွင် အပတ်စဉ် (၃) မှ အရံစာရင်းတွင် ပါ ဝင်ခဲ့သူများ ပြန်လည်လျှောက်ထားပါက ဦးစားပေးခေါ်ယူမည်ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် (၄) ဖွင့်လှစ်မည့်ရက်ကို New Myanmar Foundation Page မှ ထပ်မံကြေညာပေးမည်ဖြစ်သဖြင့် စောင့်ကြည့်လျှောက်ထားနိုင်ပါသည်။ လေးစားစွာဖြင့်
    Nan Thin Thu Zar
    Program Manager
    New Myanmar Foundation
    အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
    နန်းသင်းသူဇာ Ph: 0628499241, Signal +66628499241, Email: nmfhaircut@nmfadmin
Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!