𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (𝐍𝐌𝐅) မှ အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

ဆက်သွယ်မေးမြန်းရန်                                                                                                     Hay Mar                                                                                                                                  Basic Food Program Manager                                                                                                Phone & Signal +66 659252173                                                        foodprogram.nmf@gmail.com

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (𝐍𝐌𝐅) မှ လူ့အခွင့်အရေးအခြေခံအမြင်ဖွင့်သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

New Myanmar Foundation မှ ဦးဆောင်၍ လူ့အခွင့်အရေးအခြေခံအမြင်ဖွင့်သင်တန်းများကို ကျင်းပပြုလုပ်လျက်ရှိရာ သင်တန်းအပတ်စဉ် (၅)ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၀)ရက်မှ (၂၄)ရက်အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တစ်ရက်လျှင် ပို့ချဆွေးနွေးချိန် (၅)နာရီ ကြာမြင့်မည်ဖြစ်ပြီး၊ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၉)နာရီမှ (၁၂)နာရီအထိ သင်တန်းပထမပိုင်း၊ နေ့လယ် (၁) နာရီမှ (၃)နာရီအထိ သင်တန်းဒုတိယပိုင်းကို ကျင်းပသွားမည်ဖြစ်ပါသည်။ ယင်းသင်တန်းတွင် ● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား ● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက်အခွင့်အရေးများ ● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ ● Digital Security & Privacy စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ သင်တန်းအချက်အလက်များ သင်တန်းကာလ- (၅) […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (𝐍𝐌𝐅) မှ “𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫” ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

လျှောက်လွှာလက်ခံမည့်ကာလ : ( ၁၂.၄.၂၀၂၃ ) မှ ( ၂၆.၄.၂၀၂၃ ) အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ( ၃ ) လ လစာ : ( ၆၀၀၀ ) – ( ၁၀၀၀၀ ) ဘတ်အတွင်း အစီရင်ခံရမည့်သူ : Executive Director, BODs . လုပ်ဆောင်ရမည့်တာ၀န်များမှာ အောက်ပါအတိုင်းဖြစ်သည်၊၊ – Program များ အကောင်အထည်ဖော်ခြင်းနှင့် အဆင်ပြေချောမွေ့စေရန် အကြံဉာဏ်ပေးရမည်။ – Foundation ၏ Senior Staff များနှင့် မိမိ၏ကျွမ်းကျင်မှုများကို မျှ‌ဝေခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ပေးရမည်။ – နည်းပညာပိုင်းဆိုင်ရာ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (𝐍𝐌𝐅) မှ စစ်တပ်၏သတ်ဖြတ်ခြင်းခံရသော ကန့်ဘလူရွာသားများအတွက် အထူးဝမ်းနည်းကြေကွဲခြင်း

မိဘပြည်သူအပေါင်းတို့ခင်ဗျာ – – – – – ဝမ်းနည်းကြေကွဲစွာဖြင့် ဤစာကို ပေးပို့အပ်ပါသည်။ ယမန်နေ့ ( ၁၁.၄.၂၀၂၃ ) ရက်နေ့က စစ်ကိုင်းတိုင်း‌‌‌‌ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာတွင် အခမ်းအနားတစ်ခုအတွက် စုဝေးနေကြသော သာမန်အရပ်သူ၊ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်များအပါအဝင် လူ ( ၁၀၀) ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။ ၎င်းဒဏ်ရာရ၊ သေဆုံးသူများကို ကူညီ၍ ဆေးဝါးကုသမှုပေးရန် စီ စဉ်ကယ်ထုတ်နေသူများကိုလည်း ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြန်ပါသည်။ ဤကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် လူမဆန်စွာ၊ ညှင်းပန်းသတ်ဖြတ်မှုများကို မြန်မာစစ်တပ်မှ ကျူးလွန်နေ သည်မှာ နှစ်ရှည်လများ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့သော ကျူးလွန်မှုများကို ယခင်ကလည်း […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စစ်ဘေးရှောင်များအား ဆေးဝါးလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း

ထိုင်း -– မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ရွှေကုက္ကိုနယ်မြေတွင် စစ်ပွဲများပြင်းထန်သဖြင့် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ပြည်သူများမှာ ဧပြီ (၅) ရက်နေ့မှစ၍ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ တိမ်းရှောင်လာသော လူဦးရေပေါင်း (၁၀,၀၀၀) ကျော်ခန့်မှာ ဆိတ်ခြံ ၊ နွားခြံ၊ ရော်ဘာခြံ၊ ပြောင်းဂိုထောင်၊ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းဝင်းများအတွင်း နေရာချထားပေးခံရပီး အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိပါသည်။ တိုက်ပွဲများ စတင်ဖြစ်ပွားပြီးချိန်မှစ၍ ထိုင်းနိုင်ငံနယ်စပ် သို့ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား ထိုင်းနိုင်ငံအတွင်းရှိ NGO အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ပုဂ္ဂိလကအလှူရှင်များနှင့် ထိုင်းဒေသခံများမှ အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအား လာရောက်လှူဒါန်းပေးလျက်ရှိပါသည်။ New Myanmar Foundation အနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐀𝐝𝐦𝐢𝐧 & 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

လျှောက်လွှာလက်ခံမည့်ကာလ : ( ၅.၄.၂၀၂၃ ) မှ (၁၆.၄.၂၀၂၃ ) အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ( ၃ ) လ လစာ : ( ၈၀၀၀ ) ဘတ် အစီရင်ခံရမည့်သူ : Executive Director , BODs , – – – – – – လုပ်ဆောင်ရမည့် တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်၊၊ — ရုံး၏ စာရေးကိရိယာများနှင့် ရုံးသုံးကိရိယာများကို စနစ်တကျထိန်းသိမ်းနိုင်ရမည်။ — ရုံးသုံးခန့်မှန်းခြေနှင့် အသုံးစရိတ်များကို ပုံမှန်စာရင်းပြုစု၍ Finance Department ထံ စာရင်းတင်ပြရမည်။ — Foundation […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

လျှောက်လွှာလက်ခံမည့်ကာလ           : ( ၅.၄.၂၀၂၃ ) မှ ( ၁၆.၄.၂၀၂၃ ) အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ( ၃ ) လ လစာ : ( ၈၀၀၀ ) ဘတ် အစီရင်ခံရမည့်သူ : Executive Director , BODs, – – – – – – လုပ်ဆောင်ရမည့် တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်၊၊ – Project များ၏ Budget Proposal များ ရေးဆွဲပြင်ဆင်ပေးရမည်။ – Project […]

ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ပံ့ပိုးကူညီမည့်အစီအစဉ်ကို လျှောက်ထားနိုင်ရန်ဖိတ်ခေါ်ခြင်း

ဧပြီ လ ၊( ၆ ) ရက်နေ့ ၊ ၂၀၂၃ ခုနှစ် New Myanmar Foundation သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလုပ်ငန်းများကို အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ယခုအခါ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ဆောင်ရွက်သူများအား ပံ့ပိုးကူညီမှုများပေးရန် ပြင်ဆင်လျက်ရှိပါသည်။ ယခုအစီအစဉ်တွင် လူပုဂ္ဂိုလ် (၁၈၀) ဦးကို ၆လစာ (၃လစာ * ၂ ကြိမ်) ငွေသား ထောက်ပံ့မည် ဖြစ်ပါသည်။ လျှောက်ထားသူဦးရေ (၆၀၀) အထိသာ လက်ခံပါမည်။ သို့ပါသော ကြောင့် ဖမ်းဝရမ်းထုတ်ခံရခြင်း၊ နေအိမ်ရှာဖွေခံရခြင်း၊ နေအိမ်ဖျက်ဆီးခံရခြင်း၊ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရနိုင်ဖွယ်ရှိခြင်း အစရှိသည်တို့ကြောင့် နေအိမ်မှစွန့်ခွာထွက်ပြေး၍ မြန်မာပြည်တစ်ဝှမ်း စစ်တပ်အုပ်ချုပ်မှုနယ်မြေအတွင်း […]

အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်ကို ( ၂၀၂၂ခု ) နှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် ( ၃ ) လ စာနှုန်းဖြင့် အခြေခံစားနပ်ရိက္ခာ ဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ဖေဖော်ဝါရီလတွင် (၆၁၈) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)ဖြင့် မျှဝေပေးခဲ့ပြီးဖြစ်ပါသည်။ New Myanmar Foundation တွင် ဖေဖော်ဝါရီ (၁၇) မှ (၂၆) ရက်အတွင်း ရိက္ခာအတွက် လျှောက်လွှာတင်ထားသူများအား သတ် မှတ်စံနှုန်းများနှင့် စိစစ်ရွေးချယ်၍ အလှူရှင်ထံ စာရင်းတင်ပြထားပြီးဖြစ်ပါသည်။ အလှူရှင်များ၏ အခက်အခဲများကြောင့် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 လျှောက်ထားခြင်း အစီအစဉ်

နယူးမြန်မာဖောင်ဒေးရှင်း သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်း သူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။ New Myanmar Foundation ၏ Safe House များတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe House များဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါ သည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု (၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး၊ မိသားစု (၅)ဦးမရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅) ဦးလာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။ […]

error: Content is protected !!