New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာ မျှဝေခြင်း အစီအစဉ်ကို ( ၂၀၂၂ခု ) နှစ် ၊ ဖေဖော်ဝါရီလ ၊ မှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် ( ၃ ) လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာ ဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ဖေဖော်ဝါရီလတွင် (၆၁၈) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁) လစာ ဘတ်(၅၀၀)ဖြင့် မျှဝေပေးခဲ့ပြီးဖြစ်ပါသည်။
New Myanmar Foundation တွင် ဖေဖော်ဝါရီ ၁၇ မှ ၂၆ ရက်အတွင်း ရိက္ခာ အတွက် လျှောက်လွှာတင်ထားသူများအား သတ်မှတ်စံနှုန်းများနှင့် စိစစ်ရွေးချယ်၍ အလှူရှင်ထံ စာရင်း တင်ပြထားပြီးဖြစ်ပါသည်။
အလှူရှင်များ၏ အခက်အခဲများကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အ၀ မကူညီနိုင်သည့်အပေါ်များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။
New Myanmar Foundation ၏ ရိက္ခာလျှောက်ထားနိုင်မည့် Google Form နှင့် ပတ်သက်၍ ပြန်လည်လျှောက်ထားနိုင်မည့်(ဖောင်ပြန်ဖွင့်မည့်)အချိန် NMF Pageတွင် အချိန်နှင့် တပြေးညီ ပြန်လည်ကြေညာပေးသွားမည် ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Phone & Signal +66 659252173
foodprogram.nmf@gmail.com