𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (𝐍𝐌𝐅) မှ စစ်တပ်၏သတ်ဖြတ်ခြင်းခံရသော ကန့်ဘလူရွာသားများအတွက် အထူးဝမ်းနည်းကြေကွဲခြင်း

မိဘပြည်သူအပေါင်းတို့ခင်ဗျာ – – – – –

ဝမ်းနည်းကြေကွဲစွာဖြင့် ဤစာကို ပေးပို့အပ်ပါသည်။

ယမန်နေ့ ( ၁၁.၄.၂၀၂၃ ) ရက်နေ့က စစ်ကိုင်းတိုင်း‌‌‌‌ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာတွင် အခမ်းအနားတစ်ခုအတွက် စုဝေးနေကြသော သာမန်အရပ်သူ၊ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်များအပါအဝင် လူ ( ၁၀၀) ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။ ၎င်းဒဏ်ရာရ၊ သေဆုံးသူများကို ကူညီ၍ ဆေးဝါးကုသမှုပေးရန် စီ စဉ်ကယ်ထုတ်နေသူများကိုလည်း ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြန်ပါသည်။

ဤကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် လူမဆန်စွာ၊ ညှင်းပန်းသတ်ဖြတ်မှုများကို မြန်မာစစ်တပ်မှ ကျူးလွန်နေ သည်မှာ နှစ်ရှည်လများ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့သော ကျူးလွန်မှုများကို ယခင်ကလည်း ပြည်သူများ (အထူးသဖြင့်) တိုင်း ရင်းသား ညီအကိုမောင်နှမများအပေါ် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်နေခဲ့ကြသော်လည်း သတင်းဖြန့်ဝေနိုင်မှု နည်းပညာအား နည်းနေသဖြင့်သာ ကျယ်ကျယ်ပြန့်ပြန့် မသိရှိရခြင်းဖြစ်ပါသည်။

ပြည်သူများကို ရန်သူသဖွယ် နှိပ်စက်သတ်ဖြတ်နေသော မြန်မာစစ်တပ်နှင့်တကွ စစ်အာဏာရှင်များကို အမြန်ဆုံး ဖယ်ရှားသုတ်သင်ရန်မှာ ကျွန်တော်တို့ အားလုံးအပေါ် ကျရောက်နေသော သမိုင်းပေးတာဝန် ဖြစ်ပါသည်။ ယခုချက်ချင်း အကောင်အထည်ဖော်လုပ် ဆောင်ရမည့် လုပ်ငန်းလည်းဖြစ်ပါသည်။ ပြည်သူတစ်ရပ်လုံး ညီညွတ်စွာဖြင့် လုပ်ဆောင်ရန် အထူးလိုအပ်ပါသည်။

အကြမ်းဖက်စစ်တပ်ကို ကြံ့ကြံ့ခံ၍ နည်းမျိုးစုံဖြင့် ခုခံတော်လှန်နေကြသော ပြည်သူအားလုံးအား ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ယခုကြုံတွေ့နေရသော ဆင်းရဲဒုက္ခအပေါင်းကို ရင်ဆိုင်၍ ဆက်လက် တိုက်ပွဲဝင်သွားကြရမည်ဟုလည်း ယုံကြည်ပါသည်။

နိုင်ငံတကာရောက် မြန်မာပြည်သူအပေါင်းကလည်း တိုက်ပွဲဝင်ပြည်သူအပေါင်းကို ဆထက်ထမ်းပိုး ဆက်လက်ထောက်ပံ့ကူညီပေးကြပါရန် လေးစားစွာ အနူးအညွတ်ပန်ကြားအပ်ပါသည်။

မိမိတို့အနေဖြင့်လည်း စစ်အာဏာရှင်စနစ် ပပျောက်ချုပ်ငြိမ်းသည်အထိ မြန်မာပြည်သူများနှင့်အတူ ဆက်လက်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုအပ်ပါသည်။

New Myanmar Foundation(NMF)

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!