𝐒𝐩𝐫𝐢𝐧𝐠 𝐁𝐫𝐢𝐝𝐠𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐜𝐡𝐨𝐨𝐥 နှင့်ပတ်သက်ပြီး ကြေငြာချက်ထုတ်ပြန်ခြင်း

Date: 6th April 2023 New Myanmar Foundation သည် ( ၂၀၂၂ ) ခုနှစ်၊ မေလ (၁)ရက်နေ့မှ စတင်ပြီး စစ်ဘေးသင့် မြန်မာနိုင်ငံသား ရင်သွေးများ၏ ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် Spring Bridge School (SBS) Online Program သို့ ကျောင်းသားများကို စတင်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့မှ စတင်ကာ Grade (1)မှ Grade (11)ထိ ကျောင်းသူ၊ ကျောင်းသား (၁၂၀၀) ကို သင်ကြားခဲ့ပြီး December 2022 တွင် အတန်းတင်စာမေးပွဲ စစ်ဆေးခဲ့ပါသည်။ 2023 January 31တွင် အတန်းအားလုံး၏ အောင် မြင်သော ကျောင်းသား၊ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှ 𝐌𝐚𝐫𝐜𝐡 𝟐𝟎𝟐𝟑 အတွင်းကူညီမှုများ

(New Myanmar Foundation) ၏ နယူးမြန်မာတယ်လီကျန်းမာရေး အစီအစဉ်ကို ဇွန်လ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့–တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော– လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ၊ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက်အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီးခံရနိုင်သည့် အခြေအနေများအပါအဝင် များစွာသော အတားအဆီးများ ရှိနေပါသည်။ ၎င်း အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ) ပြည်တွင်း၊ ပြည်ပမှ အ ထူးကု (၁၀) ဦးပါသော ဆရာဝန် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အွန်လိုင်းအင်္ဂလိပ်ဘာသာ စကားပြောသင်တန်းများ

၂၀၂၃ ခုနစ်တွင် ဖွင့်လှစ်ပေးလျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် ပြည်တွင်း၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ အင်္ဂလိပ်စကားပြောအရည်အသွေးများ တိုးတက်လာစေရန်ရည်ရွယ်လျက် အခမဲ့အွန်လိုင်း အင်္ဂလိပ်စကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင် ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်းအပတ်စဥ် (၃)သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၂၈)ရက်မှ ဇွန်လ (၃၀)ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို ဇူလိုင်လ (၁၈) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၇)ရက် အထိလည်းကောင်း၊ သင်တန်းအပတ်စဉ် (၃) ကို နိုဝင်ဘာ (၇) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများ

၂၀၂၃ ခုနစ် နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကား သင်တန်းအစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၃) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ မတ်လ (၁၉) […]
အခြေခံရိက္ခာပေးဝေမှုနှင့် ပတ်သက်၍ အကြောင်းကြားခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများခင်ဗျား — လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။ မိမိတို့အနေဖြင့် မဲဆောက်ရောက် လွှတ်တော်အမတ်များ၊ CDMer များ၊ CSO/CBO များ၊ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက် သူများ၊ နိုင်ငံရေးပါတီ၀င်များအပါအဝင် လူအခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် စားနပ် ရိက္ခာထောက်ပံ့မှုကို ၂၀၂၂ ခုနစ်၊ ဖေဖော်၀ါရီလမှ စတင်ကာ ယခုအချိန်ထိ လစဉ်လတိုင်း အစဉ်တစိုက် ကူညီပေးလျက်ရှိပါသည်။ ထို့အပြင် အရေးပေါ် ရိက္ခာထောက်ပံ့မှုများလည်း ကူညီဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလှူရှင်များ၏ စည်းမျဉ်း/စည်းကမ်းများအတိုင်း စိစစ်၍ ကူညီမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဤအစီအစဉ်များကို လစာ-ငွေကြေးစသည့် အ ကျိုးစီးပွားတစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ ပြည်သူများ၏အကျိုးအတွက် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ငွေသားထောက်ပံ့မှုသို့ ပြောင်းလဲပေးဝေခဲ့ရာ ယခုအခါ လျှောက်ထားသူများ ပိုမိုများပြားလာပါ […]
(၁.၀၃.၂၀၂၃) မှ (၁၄.၀၃.၂၀၂၃) စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းများ

New Myanmar Foundation သည် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးအချိုးဖောက်မှုများကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လေ့လာမှတ်တမ်းပြုစုလျှက်ရှိပါသည်။ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို Online နှင့် မြေပြင်သတင်းမှတ်တမ်းများအား အခြေခံ၍ ပြုစုခဲ့ကြခြင်းဖြစ်ပါသည်။ ယခုမှတ်တမ်းများကို အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။ https://drive.google.com/drive/folders/1U0BzvpVsF_4KerqdRDwCFpIZDvcGQ0Li?usp=share_link ယခုဖော်ပြပါ မှတ်တမ်းများသည် (၁.၀၃.၂၀၂၃) မှ (၁၄.၀၃.၂၀၂၃) အတွင်း ခိုင်လုံတိကျသော Online သတင်းအရင်းမြစ်နှင့် မြေပြင်အချက်အလက်များမှ ရယူမှတ်တမ်းပြုစုထားသည့် အချက်အလက်များဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက် အောက်ခံတပ်ဖွဲ့မျာ၏ လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းများအား မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာမှ သိရှိစေရန်အတွက်လည်း ကောင်း၊ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါ အထောက်အပံ့ဖြစ်စေရန်အတွက် လည်းကောင်း ရက် သတ္တပတ်(၂)ပတ်လျှင် တစ်ကြိမ်စီ၊ သောကြာနေ့တိုင်း ထုတ်ပြန်ဖော်ပြသွားမည်ဖြစ်ရာ အကြံပြုချက်များနှင့် […]
𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐋𝐞𝐭𝐭𝐞𝐫 𝐟𝐨𝐫 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐏𝐞𝐨𝐩𝐥𝐞 𝐢𝐧 𝐌𝐚𝐞 𝐒𝐨𝐭

I want to fully explain the news that yesterday in MaeSot, a combined force of soldiers, immigration, and local officials raided the buildings where Burmese refugees were residing. These buildings are four-story buildings and there are 40 buildings in total. Beginning in July 2022, the New Myanmar Foundation began providing safe houses for Burmese refugees. […]
𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐚𝐭𝐚 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐨𝐫 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧𝐬 အတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation အနေဖြင့် Human Rights Program ကို ယခုနှစ်ဆန်းမှစတင်၍ နောင်လာမည့် (၅) နှစ်ထိ Data အချက်အလက်များကောက်ယူခြင်းလုပ်ငန်းအတွက် (Data Collectors) လျှောက်လွှာများ ခေါ်ယူနေပါသည်။ လျှောက်လွှာအသေးစိတ်ကို Google Drive တွင် ရယူနိုင်ပါသည်။ လျှောက်လွှာတင်ရန် Email : humanrights.nmf@gmail.com သို့ CV form ကို အထက်ပါ email သို့ပို့ပေးပါရန်။ CV form ထဲတွင် လူ့အခွင့်အရေးလုပ်ဆောင်ချက်များရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာ ထည့်သွင်းရေးသားရန်။ ပြည်တွင်းအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ခဲ့ဖူးပါက ထည့်သွင်းရေးသားရန်။ CV form ထဲတွင် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက်တာဝန်ရှိသူ (၂)ယောက်၏ နာမည်၊ ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်, […]
အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့်အပတ်စဉ် (၂၇)သင်တန်းဖွင့်ပွဲကို (၁၅-၁-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဦးစွာ New Myanmar Foundation ၏ တာဝန်ခံဖြစ်သူ ဒေါက်တာစန်းအောင်မှ – ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ဘဝကိုရပ်တည်နိုင်ဖို့ ပြင်ဆင်ကြတယ်ဆိုတာ တွေ့ရလို့ဝမ်းသာစွာကြိုဆိုပါကြောင်း ၊ New Myanmar Foundation ၏ ဆောင်ရွက်နေမှုများကို ရှင်းပြပေးပြီး စနစ်တကျ၊ စည်းကမ်းတကျ လျှောက်လွှာတင်ရယူနိုင်ကြောင်း ၊ လူ့အခွင့် အရေးမျှဝေတဲ့အခါရော စက်ချုပ်ပညာသင်ယူရာမှာရော စိတ်ရောကိုယ်ပါ လေ့လာသင်ယူကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတာဝန်ခံ NLD – ဧရာဝတီတိုင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏ သင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ/သား (၁၀) […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧’𝐬 𝐍𝐞𝐰 𝐘𝐞𝐚𝐫’𝐬 𝐆𝐫𝐞𝐞𝐭𝐢𝐧𝐠

New Myanmar Foundation celebrated various New Year activities. Firstly, on 30th December 2022. NMF celebrated New Year’s Eve dinner from 5 to 8 PM with the intention of relieving the stress of revolutionary family members, building close and strong friendships among revolutionary friends in Maesot, and continuing our Spring Revolution until we achieve a true […]