နယူးမြန်မာဖောင်ဒေးရှင်း သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်း သူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။
NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံ စွာနေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅) ဦးစီ အတူနေထိုင် ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု (၅) ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး၊ မိသားစု (၅) ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅) ဦး လာပါက ၎င်းတို့ကို ဦးစားပေး ရမည် ဖြစ်ပါသည်။
Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂများ ပံ့ပိုးပေးထားပါသည်။ Wi-fi, internet များလည်း တပ်ဆင်ပေးထားပြီး သွားလာ ရေးအတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့် လိုအပ်ပါက ကားကိုကြိုတင် တောင်းဆိုပြီး အသုံးပြုခွင့်ပေးထား ပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက် မှုနှင့် အသိပညာ တိုးပွားစေရန်ရည်ရွယ်သော စာကြည့်တိုက် တစ်ခုကို အောက်တိုဘာလ အတွင်း စတင် တည်ထောင်ထားပြီးဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက်စတင်ရောက်ရှိချိန်တွင် အရေးပေါ်ရိက္ခာ လျှောက်နိုင် ပြီး NMFမှ ပုံမှန်အခြေခံ စားနပ်ရိက္ခာအစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေး နိုင်သော ကာလမှာ ၂လ (အလွန်ဆုံး ၃လ) ဖြစ်ပါသည်။ Safe House ၌နေစဉ် ကာလအတွင်း NMFမှ အခမဲ့ ဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာ သင်တန်း၊ Digital Security သင်တန်းများကိုတက်နိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒ ပေါ်မူတည်ပြီး ကူညီရှာဖွေပေးလျှက်ရှိပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဖြစ်ရမည်ဖြစ်ပြီး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာနေနိုင်သူဖြစ်ရပါမည်။
အထက်ပါ အချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF၏ Safe House လျှောက်ထားခြင်းဆိုင်ရာ ဖုန်း/Signal နံပါတ်(၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
တာဝန်ခံ
Safe House Program
Phone: +66 (0) 947841967
Signal: +66(0) 947841967
Email: safehouse.nmf@gmail.com