ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ပံ့ပိုးကူညီမည့် အစီအစဉ်ကို လျှောက်ထားနိုင်ရန်ဖိတ်ခေါ်ခြင်း

ဧပြီ လ ၊( ၆ ) ရက်နေ့ ၊ ၂၀၂၃ ခုနှစ်

New Myanmar Foundation သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလုပ်ငန်းများကို အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ယခုအခါ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ဆောင်ရွက်သူများအား ပံ့ပိုးကူညီမှုများပေးရန် ပြင်ဆင်လျက်ရှိပါသည်။ ယခုအစီအစဉ်တွင် လူပုဂ္ဂိုလ် ၁၈၀ ဦးကို ၆လစာ (၃လစာ * ၂ ကြိမ်) ငွေသား ထောက်ပံ့မည် ဖြစ်ပါသည်။ လျှောက်ထားသူဦးရေ ၆၀၀ အထိသာ လက်ခံပါမည်။ သို့ပါသောကြောင့် ဖမ်းဝရမ်းထုတ်ခံရခြင်း၊ နေအိမ်ရှာဖွေခံရခြင်း၊ နေအိမ်ဖျက်ဆီးခံရခြင်း၊ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရနိုင်ဖွယ်ရှိခြင်း အစရှိသည်တို့ကြောင့် နေအိမ်မှစွန့်ခွာထွက်ပြေး၍ မြန်မာပြည်တစ်ဝှမ်း စစ်တပ်အုပ်ချုပ်မှုနယ်မြေအတွင်း တိမ်းရှောင်နေရပါက ယခုထောက်ပံ့မှု အစီအစဉ်ကို လျှောက်ထားနိုင်ပါသည်။

(လျှောက်လွှာဖောင်လျှောက်ရန်လင့်: https://forms.gle/tN4w8GmtB2fG44uZA )

အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ဖုန်း၊ တယ်လီဂရမ်နံပါတ် နှင့် အီးမေလ်း သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖုန်းနှင့်တယ်လီဂရမ်နံပါတ် : (+66) 0635322376

အီးမေလ်း : officernmfhrd@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!