၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပခြင်း အခမ်းအနား

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် နယူးမြန်မာဖောင်ဒေးရှင်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ လူ့အခွင့်အရေးလှုပ်ရှားသူ အဖွဲ့အစည်း ၂၀ ခန့် ပူးပေါင်း၍ အထိမ်းအမှတ်အခမ်းအနားကို စီစဉ်ကျင်းပခဲ့ပါသည်။ နယူးမြန်မာဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိတ်ဘက်အဖွဲ့အစည်းများမှ အမှတ်တရ ဂုဏ်ပြုစကားများ ချီးမြှင့်ခြင်းနှင့် သဝဏ်လွှာများပေးပို့ခြင်း၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက်လုပ်ဆောင်လာကြသည့် Human Rights Defenders (HRDs) များမှ အတွေ့အကြုံမျှဝေဖလှယ်ခြင်း၊ အခမ်းအနားမှ စုပေါင်းကြေညာချက် ထုတ်ပြန်ခြင်း၊ လူ့အခွင့်အရေး အသိပညာပေး သင်တန်းသူ သင်တန်းသားများအကြား ဆွေးနွေးပွဲတွင် အတွေးအမြင်ဖလှယ်ခြင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းလာအောင် စုပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ နှီးနှောဖလှယ်ခြင်းတို့ကို အခမ်းအနားတက်ရောက်လာသူများက ချစ်ကြည်ရင်းနှီးစွာ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အနေဖြင့် Asia Justice and Rights (AJAR) နှင့် Burma […]

အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပခြင်း

ဒီဇင်ဘာလ (၇) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင် ကျရောက်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ Spring Bridge Online School ၏ ကျောင်းအုပ်ဖြစ်သူ ဒေါက်တာဘိုင်အိုမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ဝါရင့်နိုင်ငံရေးသမားကြီး ဆရာစောသမိန်ထွန်းအပါအဝင် အထူးဖိတ် ကြားထားသူများမှလည်း Online မှတဆင့်လည်းကောင်း၊ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်၍လည်းကောင်း အမျိုးသားနေ့အထိမ်းအမှတ်အတွက် အမှာစကားများ အသီးသီးမျှဝေပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာစေရန်ရည်ရွယ်သည့် အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကိုလည်း ‌ပေး‌ဝေခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား မေတ္တာလက်ဆောင်များ မျှဝေခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပခြင်း။

ယမန်နေ့ ဒီဇင်ဘာလ ( ၃ ) ရက်၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပထမဦးစွာ New Myanmar Foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ မသန်စွမ်းသူများအားဖေးမ၍ တန်းတူညီမျှဆက်ဆံရေး စသည့် အကြောင်းအရာများဖြင့် အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားဆွေး‌နွေးခဲ့ပါသည်။ ဆက်လက်၍ အထူးဖိတ်ကြားထားသော မြန်မာ့ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသန်စွမ်း အမျိုးသား/အမျိူးသမီးများမှ Online မှတဆင့်လည်းကောင်း၊ ဆွေးနွေးပွဲကျင်းပရာ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး အခြားသော ဖိတ်ကြားထားသည့် ဧည့်သည်များမှလည်း […]

အပြည်ပြည်ဆိုင်ရာ ကျွန်စနစ်ဖျက်သိမ်းရေးနေ့ အခမ်းအနားကျင်းပခြင်း

ယနေ့ ဒီဇင်ဘာလ ( ၂ ) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကျွန်စနစ်ဖျက်သိမ်းရေးနေ့ ဆွေးနွေးပွဲအခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ လူကို လူချင်း ကျွန်ပြုခြင်းစသည့် ကျွန်စနစ် ပပျောက် ဖျက်သိမ်းခြင်းဆိုင်ရာ အဖွင့်နှုတ်ခွန်းဆက်စကားဖြင့် ပြောကြားဆွေး‌နွေးခဲ့ပြီး ဆွေးနွေးပွဲသို တက်ရောက်လာသည့် ဧည့်သည်များမှလည်း လူသားအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်၍ ကျွန်ပြုစေခြင်းများပပျောက်ရေး နှင့်ပတ်သတ်သော အကြောင်းအရာများကို အသီးသီး မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် ခေတ်သစ်ကျွန်စနစ်ပုံစံများ၊ လူကိုကျွန်အဖြစ်ကူးသန်းရောင်းဝယ်သည့် လူကုန်ကူးခြင်းများ၊ အတင်းအဓမ္မစေခိုင်း၍ကျွန်ပြုစေခြင်း စသည်ဖြင့် […]

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၆) သင်တန်း ဆင်းပွဲ

New Myanmar Foundation ၏ ၂၁-၁၁-၂၀၂၃ မှ ၃၀-၁၁-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၆) သင်တန်းဆင်းပွဲ ကို (၃၀-၁၁-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သင်တန်း အပတ်စဉ်-(၃၆)ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊သင်တန်းသား (၈)ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသားများ၏ အလုပ်လုပ်ရာတွင် အလေးအနက်ထားတတ်သော စိတ်ဓာတ်များ နှင့် ကြိုးစားမှုများအား တွေ့ရသည့်အတွက် ဝမ်းသာပါကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်နေရာဒေသတွင်မဆို အသုံးပြုနိုင်သောကြောင့် […]

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့အခမ်းအနားကျင်းပခြင်း

ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အမျိုးသမီးလူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနေ့ ဆွေးနွေးပွဲအခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာအဖွင့်နှုတ်ခွန်းဆက် စကား ပြောကြားဆွေး‌နွေးခဲ့ပြီး အထူးဖိတ်ကြားထားသူများနှင့် ဆွေးနွေးပွဲသို တက်ရောက်လာကြသော ဧည့်သည်များ မှလည်း အမျိုးသမီးလူ့အခွင့်အ‌ရေး ကာကွယ်စောင့်ရှောက်သူများနှင့်ပတ်သတ်သော အကြောင်းအရာများကို အသီးသီး မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် ကမ္ဘာအဝှမ်းရှိ အမျိုးသမီးများ၏အခွင့်အရေးတန်းတူညီမျှရန်၊ တာဝန်သိစွာ ကာကွယ် စောင့်ရှောက်ရန်၊ အသိအမှတ်ပြုရန် စသည့်အကြောင်းအရာများပါ၀င်သော လက်ကမ်းစာစောင်များကိုလည်း ‌ပေး‌ဝေခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ပြီးနောက် […]

အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ နိုဝင်ဘာလ အထိ (၃၄၆၄) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)/(၂၅၀)တို့ဖြင့် မျှဝေပေးခဲ့ရာ စုစုပေါင်း (၉၃၉၇) ဦးအား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ • အလှူရှင်များ၏ အခက်အခဲများကြောင့် မဲဆောက် ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝ မကူညီနိုင်သည့် အပေါ်များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။ • […]

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၆) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်နင်းစက်ချုပ်သင်တန်း” အပတ်စဉ်-(၃၆) ကို (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ မိမိတို့၏နိုင်ငံအရေးများတွင် တစ်ဖက်တစ်လမ်း ပါဝင်ကူညီခဲ့ကြရင်း အခုလိုဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ဝင်ငွေရရှိရန်အတွက် အလုပ်လုပ်ကြရန် ဆန္ဒများရှိကြသောကြောင့် စနစ်တကျသင်ယူကြရန်၊ သင်တန်းရက်များတွင် စည်းကမ်းတကျလေ့လာကြဖို့ ပြောကြားလိုပါကြောင်း၊ သင်တန်းသူ၊သင်တန်းသားအချင်းချင်း ညီရင်းအကို၊မောင်ရင်းနှမစိတ်ဓာတ်များနှင့် ဗဟုသုတများ ဖလှယ်ရင်း စောင့်ရှောက်ပေးဖို့ တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်း တာဝန်ခံ မ‌ဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော […]

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့အခမ်းအနားကျင်းပခြင်း

ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင် ရာနေ့အခမ်းအနားအား New Myanmar Foundation မှဦးစီး၍ ထိုင်း – မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ အမျိုးသမီးအကြမ်း ဖက်မှုများတားဆီးကာကွယ်ခြင်းဆိုင်ရာ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အထူးဖိတ်ကြားထားသူများမှလည်း အမျိုး သမီးအကြမ်းဖက်မှုများပပျောက်ရေးနှင့် တားဆီးကာကွယ်ခြင်းတို့အတွက် သိမှတ်ဖွယ်ရာအမှာစကားများ အသီးသီးမျှဝေပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် ကမ္ဘာအဝှမ်းရှိ အမျိုးသမီးများအပေါ် အခြေအနေအရပ်ရပ်ဖြင့် အကြမ်းဖက်ခံရခြင်းများ၊ အကြမ်းဖက်ခြင်းကို တားဆီးကာကွယ်ရန်နှင့် အကြမ်းဖက်ခံရခြင်းများပပျောက်ရန်တို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ရန် မီးမောင်းထိုးပြသည့် အကြောင်းအရာများပါ ဝင်သောလက်ကမ်းစာစောင်များကိုလည်း ‌ပေး‌ဝေခဲ့ကာ အခမ်းအနားသို့တက်ရောက်လာသူများအား နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ […]

𝐓𝐡𝐞 𝐒𝐩𝐚𝐜𝐞 နှင့် မဲဆောက်အိမ်တို့မှ ဦးဆောင်ကျင်းပသော (၁၆)ရက်တာလှုပ်ရှားမှု (𝟏𝟔 𝐃𝐚𝐲𝐬 𝐨𝐟 𝐀𝐜𝐭𝐢𝐯𝐢𝐬𝐦 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧) ဘောလုံးပြိုင်ပွဲ

The Space နှင့် မဲဆောက်အိမ်တို့မှ ဦးဆောင်ကျင်းပသော ၁၆ ရက်တာလှုပ်ရှားမှု (16 Days of Activism Campaign) ဘောလုံးပြိုင်ပွဲတွင် မိတ်ဖွဲ့ WLRC အဖွဲ့မှ ဖွဲ့စည်းသောဘောလုံးအသင်း၌ New Myanmar Foundation မှပူးပေါင်း၍ ချစ်ကြည်ရေးအထိမ်း အမှတ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

error: Content is protected !!