အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၆) သင်တန်း ဆင်းပွဲ

New Myanmar Foundation ၏ ၂၁-၁၁-၂၀၂၃ မှ ၃၀-၁၁-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၆) သင်တန်းဆင်းပွဲ ကို (၃၀-၁၁-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သင်တန်း အပတ်စဉ်-(၃၆)ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊သင်တန်းသား (၈)ဦး ရှိပါသည်။

သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသားများ၏ အလုပ်လုပ်ရာတွင် အလေးအနက်ထားတတ်သော စိတ်ဓာတ်များ နှင့် ကြိုးစားမှုများအား တွေ့ရသည့်အတွက် ဝမ်းသာပါကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်နေရာဒေသတွင်မဆို အသုံးပြုနိုင်သောကြောင့် ဆက်လက်လေ့လာရင်း ကြိုးစားရှေ့ဆက်ကြဖို့ တိုက်တွန်းကြောင်း၊ ရောက်ရှိရာနေရာတိုင်းတွင် ညီရင်းအစ်ကို၊မောင်ရင်းနှမ စိတ်ထားများနှင့် ကူညီစောင့်ရှောက်ရင်း ခွန်အားပေးကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ မ‌ဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၆)အား သင်တန်းအစမှ ပြီးဆုံးသည်အထိ ကြိုးကြိုးစားစား အောင်မြင်အောင် တက်ရောက်ခဲ့ကြသည့်အတွက် သင်တန်းသူ၊သင်တန်းသားများအတွက် ဂုဏ်ယူပါကြောင်း၊ သက်ဆိုင်ရာ Group များမှ တစ်ဆင့် အချိန်မရွေး ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းများ အပြန်အလှန် ပြုလုပ်တိုင်ပင်ခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း နှင့် New Myanmar Foundation ဘက်မှလည်း နိုင်သ၍ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသူ၊သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။   

အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၆) သင်တန်းတွင် စက်ချုပ်ပညာသာမက –

၁။ ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေသင်တန်း

၂။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း

၃။ အခြေခံလူ့အခွင့်အရေး သင်တန်း

၄။ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းအား မြှင့်တင်မှု သင်တန်း များကိုပါမျှဝေခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!