ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အမျိုးသမီးလူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနေ့ ဆွေးနွေးပွဲအခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာအဖွင့်နှုတ်ခွန်းဆက် စကား ပြောကြားဆွေးနွေးခဲ့ပြီး အထူးဖိတ်ကြားထားသူများနှင့် ဆွေးနွေးပွဲသို တက်ရောက်လာကြသော ဧည့်သည်များ မှလည်း အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့်ပတ်သတ်သော အကြောင်းအရာများကို အသီးသီး မျှဝေဆွေးနွေးခဲ့ကြပါသည်။
ထိုနောက် ကမ္ဘာအဝှမ်းရှိ အမျိုးသမီးများ၏အခွင့်အရေးတန်းတူညီမျှရန်၊ တာဝန်သိစွာ ကာကွယ် စောင့်ရှောက်ရန်၊ အသိအမှတ်ပြုရန် စသည့်အကြောင်းအရာများပါ၀င်သော လက်ကမ်းစာစောင်များကိုလည်း ပေးဝေခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ပြီးနောက် အခမ်းအနားသို တက်ရောက်လာသူများအား မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
New Myanmar Foundation



