အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပခြင်း။

ယမန်နေ့ ဒီဇင်ဘာလ ( ၃ ) ရက်၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပထမဦးစွာ New Myanmar Foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ မသန်စွမ်းသူများအားဖေးမ၍ တန်းတူညီမျှဆက်ဆံရေး စသည့် အကြောင်းအရာများဖြင့် အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားဆွေး‌နွေးခဲ့ပါသည်။ ဆက်လက်၍ အထူးဖိတ်ကြားထားသော မြန်မာ့ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသန်စွမ်း အမျိုးသား/အမျိူးသမီးများမှ Online မှတဆင့်လည်းကောင်း၊ ဆွေးနွေးပွဲကျင်းပရာ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး အခြားသော ဖိတ်ကြားထားသည့် ဧည့်သည်များမှလည်း မသန်စွမ်းသူများအပေါ် လူသားချင်းစာနာမှုရှိရေး၊ ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေး စသည့် ကဏ္ဍအသီးသီးနှင့်ပတ်သတ်၍ မျှဝေဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် မသန်စွမ်းသူများအပေါ်ခွဲခြားမှုများ ပပျောက်စေရန်နှင့် အခြားသူများနှင့် တန်းတူ အခွင့်အရေးများ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များကိုလည်းပေး‌ဝေခဲ့ကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား မေတ္တာလက်ဆောင်များ မျှဝေခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!