𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အွန်လိုင်းထိုင်းစကားပြောသင်တန်းများတွင် သင်ကြားပေးနိုင်မည့် ဆရာ/ဆရာမများအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများအတွက် ရည်ရွယ်လျက် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ အခမဲ့ အွန်လိုင်းထိုင်းစကားပြောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဥ် (၇) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ထိုင်းဘာသာစကားသင်တန်း အပတ်စဥ် (၇) တွင် သင်ကြားပေးနိုင်ရန် ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမများ လိုအပ်လျက်ရှိပါသည်။ သင်တန်းတစ်ချိန်လျှင် (၂) နာရီနှုန်းနှင့် တစ်ပတ် (၃) ရက် သင်ကြားပေးရမည်ဖြစ်ပြီး သင်တန်းကာလ (၃) လ အတွက် စုစုပေါင်း သင်ကြားချိန် အနည်းဆုံး ၇၂ နာရီ ရှိမည်ဖြစ်သည်။ […]

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၇) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာအခက်အခဲများအား ကူညီပေးနိုင်ရန်ရည်ရွယ်လျက် New Myanmar Foundation မှ အွန်လိုင်း အခြေခံထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၇) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် (ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ (၃) လ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် မှ ဧပြီလ ၃၀ ရက်) ဖြစ်ပြီး အခြေခံအဆင့် ထိုင်းဘာသာစကားပြောသင်တန်းများကို အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့၊ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့ နှင့် စနေနေ့များတွင် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် ပတ်သက်ပြီး ထုတ်ပြန်သော သဝဏ်လွှာ

လေးစားချစ်ခင်ရပါသော မြန်မာပြည်သူအပေါင်းတို့ခင်ဗျာ… ယနေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မြန်မာပြည်သည် နယ်ချဲ့ဗြိတိသျှတို့၏ မတရားသိမ်းပိုက်မှု လက်အောက်မှ လွတ်မြောက်ရန် တော်လှန်တိုက်ပွဲဝင်ခဲ့ပြီး လွတ်လပ်ရေးရခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၆) နှစ်ရှိပြီ ဖြစ်ပါသည်။ သို့သော်လည်း ပြည်သူတစ်ရပ်လုံးသည်  လွတ်လပ်ရေး၏ စစ်မှန်သည့် အနှစ်သာရဖြစ်သော လူ့အခွင့်အ‌ရေး၊ အခြေခံလွတ်လပ်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုများကို ယနေ့တိုင် မခံစား၊ မရရှိသေးပါ။ တိုင်းရင်းသားလူမျိုးစုများသည်လည်း သမိုင်းဝင်ပင်လုံစာချုပ်တွင် အာမခံထားသော ၎င်းတို့၏ အခြေခံရပိုင်ခွင့်များ ဖြစ်သည့် လူမျိုးရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို မရရှိသေးပါ။ ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်တို့၏ ဖိနှိပ်ကြမ်းကြုတ်မှုများအောက်တွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် အထက်ပါ အခွင့်အ‌ရေးများအားလုံး ပိုမိုဆုံးရှုံးပျောက်ကွယ်ကာ  စစ်ကျွန်ဘဝသို့ ရောက်ရှိခဲ့ပါသည်။ ၂၀၁၅ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၂ ခုနှစ် မတ်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်း သူများအတွက် (Safe House) အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။ NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု (၅) ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး မိသားစု (၅) ဦး မရှိပါက အခန်း လွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅) ဦး […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း၌ ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများနှင့် မိသားစုများအတွက် နှစ်သစ်ကူးအကြို ပွဲကျင်းပပေးခြင်း

ဒီဇင်ဘာလ၊ ၃၁ ရက်နေ့၊ ၂၀၂၃ခုနှစ်  ညနေ ၆နာရီအချိန်တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း၌ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများနှင့် မိသားစုများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ခွန်အားဖြစ်စေရန် ရည်ရွယ်၍ နှစ်သစ်ကူးအကြိုအခမ်းအနားအား ကျင်းပပေးခဲ့ပါသည်။ အခမ်းအနားတွင် တက်ရောက် လာကြသူများအား New Myanmar Foundation ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာစန်းအောင်မှ နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ကာ ကြာဇံဟင်းခါး၊ အအေးနှင့် ရေခဲမုန့်များ စတုဒီသာ တည်ခင်းကျွေးမွေးခဲ့ပါသည်။ ထို့နောက် ကလေးသူငယ်များ၊ အမျိုးသားအမျိုးသမီးများ အားလုံး ပျော်ရွှင်စွာပါဝင်နိုင်စေရန်အတွက် ငွေသားမဲများ၊ လူ့အသုံး အဆောင်ပစ္စည်းများ၊ အဝတ်အထည်များ နှင့် အစားအသောက်များ ပါ၀င်သော ဗလာမပါ ဆုမဲပေါင်း (၂၅၀)ကို မဲဖောက်ပေးခဲ့ပါသည်။ မဲဖောက် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝟐𝟎𝟐𝟑 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 လအတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်လချုပ်အစီရင်ခံစာ

New Myanmar Foundationမှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ New Myanmar Foundation၏ လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းလို၍ ဖြစ်စေ၊ စီမံကိန်းအစီအစဉ်များတွင် ပါဝင်လျှောက်ထားလို၍ ဖြစ်စေ၊ New Myanmar Foundation၏ ယခုFacebook Page, Messengerနှင့် တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.newmyanmarfoundation.orgတွင် ဝင်ရောက်လေ့လာပါဝင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ https://newmyanmarfoundation.org/wp-content/uploads/2024/08/December-Activity-Report-2023.pdf

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ နှစ်သစ်ကူး သဝဏ်လွှာ

လေးစားချစ််ခင် မြတ်နိုးရပါသော မြန်မာပြည်သူအပေါင်းခင်ဗျာ။အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာကြပါစေကြောင်း နှစ်သစ် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကုန်ဆုံးတော့ မည့် ၂၀၂၃ ခုနှစ် တွင် ကြီးမားသော အချိုးအကွေ့ အပြောင်းအလဲများ ကြုံတွေ့ခဲ့ရပါသည်။ညီနောင်သုံးဖွဲ့ မှ ဦး ဆော င် ၍ တော်လှန်ရေးအင်အားစုများမှ ပေးဆပ် အနာခံ တိုက်ခိုက်ခဲ့သဖြင့် စစ်စခန်းပေါင်း ၄၀၀ ကျော် ၊မြို့ပေါင်း ၂၆ မြို့ ကျော် အား သိမ်း ပိုက် နိုင်ခဲ့ ခြင်း သည် တော်လှန်ရေး သမိုင်းတွင်မကြုံ ဖူး သော အောင်မြင်မှုကြီးဖြစ်ပါသည်။ထိုကဲ့သို့အောင်မြင်မှုများရရှိအောင် ဦးဆောင်၍ တိုက်ပွဲဝင် နေကြသော ညီနောင်သုံးဖွဲ့ ၊ တော် လှန်ရေး အင်အား စုများ နှင့်ပြည် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

ဆက်သွယ်မေးမြန်းရန်                                                                                                     Hay Mar                                                                                                                                              Basic Food Program Manager                                                                                                            Phone & Signal +66 659252173                                                                        foodprogram.nmf@gmail.com

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ထိုင်း-မြန်မာနယ်စပ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအား ဖိတ်ခေါ်၍မိတ်ဆုံစားပွဲကျင်းပခြင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ (၁၂:၀၀ နာရီမှ ၁၆:၀၀ နာရီ)တွင် နယူမြန်မာဖောင်ဒေးရှင်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသောအဖွဲ့အစည်းများ၊ ရွှေ့ပြောင်း ကျောင်းများ၊ လူ့အခွင့်အရေးနှင့် ရွှေ့ပြောင်းလုပ်သားများအခွင့်အရေး လှုပ်ရှားသူ အဖွဲ့ပေါင်း (၅၀)နီးပါးအကြားတွင် လက်ရှိမြန်မာနိုင်ငံ၏ အခက်အခဲ အကျပ်အတည်းကာလအတွင်း ပြည်တွင်း၊ပြည်ပရှိ နိုင်ငံသူ/သားများအတွက် ပိုမိုကောင်းမွန်သော ထောက်ပံ့ကူညီမှုများကို တိုးချဲ့ဆောင်ရွက်နိုင်ကြစေရန်  ရည်ရွယ်၍ မိတ်ဆုံနေ့လည်စာစားပွဲအား ဖိတ်ကြားကျင်းပခဲ့ပါသည်။ နယူးမြန်မာဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာစန်းအောင်မှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများကို ဦးစွာ ပထမရှင်းပြ၍ တက်ရောက် လာကြသော မိတ်ဖက်အဖွဲ့အစည်းများမှလည်း ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်နေသော လှုပ်ရှားမှုများကို အကျဉ်း ချုံးရှင်းလင်း ပြောကြားခြင်းများဖြင့် မိတ်ဆက်ပြောဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာ မိတ်ဆက်ခြင်း၊ ချိတ်ဆက် ဆောင်ရွက်နိုင်သည်များကို ရှင်းလင်းပြောကြားခြင်းများပြုလုပ်ခဲ့ကာ နယူးမြန်မာဖောင်ဒေးရှင်း၏ ဝန်ထမ်းများမှလည်း […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 အတွက် ရိက္ခာဝေမည့် အကြောင်း သတင်း စကားပါးခြင်း

October 19 မှ November 18 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (868) ဦးအား (18-12-2023) တနင်္လာ နှင့် (19-12-2023) အင်္ဂါ (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါရက်များအတွင်း လျှောက်ထားသူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထား ခဲ့သော Signal နံပါတ် များသို့ (15-12-2023 ) ရက်နေ့တွင် မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုနိုင်ရန် ကြိုတင် ကြေညာပေးခြင်းဖြစ်ပါသည်။ ရိက္ခာဝေရန် ပြင်ဆင်နေပါသဖြင့် ယခု ရက်ပိုင်းအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ / Signal မှ စာပို့မှု များကို အကြောင်း ပြန်ကြားခြင်းများ နောက်ကျပါက နားလည်ပေးကြပါရန် […]

error: Content is protected !!