၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့်ပြဌာန်းပြီးနောက် မဲဆောက်သို့ရှောင်တိမ်းလာရသူများအတွက် အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်အကြောင်းသတင်းစကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်အား ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် ထိုင်းနိုင်ငံနယ်စပ် ၊ မဲဆောက်သို့ ရှောင်တိမ်းလာရသူ များအတွက် ၂၀၂၄ ခုနှစ် ၊ မတ်လမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည် ။ • ယခုအခါ ၂၀၂၄ ခုနှစ် ၊ မတ်လ အတွက် လူဦးရေ (၆၄) ဦးအား တစ်ဦးလျှင် (၁)လစာ ဘတ်(၂၅၀) နှုန်းဖြင့် အခြေခံစားနပ် ရိက္ခာဝေမျှပေးခဲ့ပြီး ဖြစ်ပါသည်။ • ယင်းအစီအစဉ်တွင် ပါဝင်လျှောက်ထားလိုသူများ အနေဖြင့် New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာ ရုံးဖုန်း 0659252173 သို့ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ […]
စက်ချုပ်သင်တန်းအတွက် သင်တန်းဆရာ ခေါ်ယူခြင်း

New Myanmar Foundation မှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ရောက်ရှိနေထိုင်လျှက်ရှိကြသော မြန်မာ ပြည်သူများအတွက် ထိုင်းနိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်စေရန်နှင့် ဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး အခြေခံစက်ချုပ်မော်တာသင်တန်းများအား ယခင်နှစ်များအတွင်း ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။ ယခုလာမည့် ၂၀၂၄ခုနှစ် ဧပြီလကုန်တွင်လည်း ထိုင်းနိုင်ငံအတွင်းပြောင်းရွှေ့ နေထိုင်ကြသည့် မြန်မာပြည်သူများအတွက် အခြေခံစက်ချုပ်သင်တန်းအား ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါ၍ မြန်မာ့ပြည်သူပြည်သားအတွက် အခြေခံစက်ချုပ်မော်တာသင်တန်းပေးရန် စက်ချုပ်ကျွမ်းကျင်သော သင်တန်း ဆရာ/ဆရာမတစ်ဦး အလိုရှိလျှက်ရှိပါသည်။ သို့ဖြစ်ပါ၍ စက်ချုပ်မော်တာနှင့်ပက်သက်၍ ကျွမ်းကျင်ပိုင်နိုင်ပြီး မြန်မာပြည်သူ/သားများအတွက် လက်ဆင့်ကမ်း ပြန်လည်သင်ကြားပေးလိုသော ဆန္ဒရှိသည့်မည်သူမဆို New Myanmar Foundation ၏ အောက်ဖော်ပြပါ လိပ်စာများမှတဆင့် ဧပြီလ(၅)ရက်နေ့နောက်ဆုံးထားပြီး ဆက်သွယ်မေးမြန်း လျှောက်ထား နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဆက်သွယ်ရန် Admin Phone – +66 62 687 […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐌𝐚𝐫𝐜𝐡 အတွက် ရိက္ခာဝေမည့် အကြောင်း သတင်း စကားပါးခြင်း

January 19 မှ February 18 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (1092) ဦးအား (20-3-2024) ဗုဒ္ဓဟူး နှင့် (21-3-2024) ကြာသတေး (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ် ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါရက်များအတွင်း လျှောက်ထားသူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထား ခဲ့သော Signal နံပါတ် များသို့ (19-3-2024 ) ရက်နေ့တွင် မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုနိုင်ရန် ကြိုတင် ကြေညာပေးခြင်းဖြစ်ပါသည်။ ရိက္ခာဝေရန် ပြင်ဆင်နေပါသဖြင့် ယခု ရက်ပိုင်းအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ / Signal မှ စာပို့မှု များကို အကြောင်း ပြန်ကြားခြင်းများ နောက်ကျပါက […]
လူ့အခွင့်အရေးအစီအစဥ် – 𝐇𝐑𝐕 𝐃𝐚𝐭𝐚 အချက်အလက်များ စိစစ်ပြင်ဆင်ရေးသားခြင်း လုပ်ငန်းအတွက် 𝐃𝐚𝐭𝐚 𝐄𝐝𝐢𝐭𝐨𝐫 လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation မှ Human Rights Program ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ်စီမံချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ရာ လူ့အခွင့်အရေးချိုးဖောက်မှု Data အချက်အလက်များအား စိစစ်ပြင်ဆင်ခြင်း၊ အစီရင်ခံစာပြုစုခြင်း လုပ်ငန်းအတွက် (Data Editor) လျှောက်လွှာများ ခေါ်ယူနေပါသည်။ လူ့အခွင့်အရေးအစီအစဥ် – လူ့အခွင့်အရေးချိုးဖောက်မှူဆိုင်ရာ အချက်အလက်များအား စိစစ်ပြင်ဆင်ရေးသားခြင်း (Data Editor) လျှောက်လွှာလက်ခံမည့်ကာလ : ၁၉/၀၃/၂၀၂၄ မှ ၂၉/၀၃/၂၀၂၄ ၊ ညနေ ၅ နာရီ အထိ နေရာ : မဲဆောက်ရုံး အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၈၀၀၀ – ၁၀၀၀၀ အစီရင်ခံရမည့်သူ […]
𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 အတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ပရောက် မြန်မာနိုင်ငံသားများ ရုံးလုပ်ငန်းအတွေ့အကြုံရရှိစေရန် နှင့် အလုပ်အကိုင်များရှာဖွေရှာတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ NEW MYANMAR FOUNDATION မှ Internship (၂ ဦး) အတွက် လျှောက်လွှာများခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၅.၃.၂၀၂၄ မှ ၂၅.၃.၂၀၂၄ အထိ (အယောက် ၂၀ သာ လျှောက်လွှာလက်ခံပါမည်။) နေရာ : မဲဆောက် ကာလ : ၁ လ (ဧပြီလ) လစာ : ၄၀၀၀ ဘတ် အလုပ်ချိန် : ၁ ပတ် (၃) ရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)၊ မနက် (၉) နာရီမှ (၅ ခွဲ) ထိ။ Intern ပြုလုပ်ရန် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝟐𝟎𝟐𝟒 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 လအတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်လချုပ်အစီရင်ခံစာ

New Myanmar Foundationမှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ New Myanmar Foundation၏ လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းလို၍ ဖြစ်စေ၊ စီမံကိန်းအစီအစဉ်များတွင် ပါဝင်လျှောက်ထားလို၍ ဖြစ်စေ၊ New Myanmar Foundation၏ ယခုFacebook Page, Messengerနှင့် တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.newmyanmarfoundation.orgတွင် ဝင်ရောက်လေ့လာပါဝင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ https://newmyanmarfoundation.org/wp-content/uploads/2024/08/February-Activity-Report.pdf
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှကူညီဆောင်ရွက်မှုများ

New Myanmar Foundation ၏ နယူးမြန်မာတယ်လီကျန်းမာ အစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ် ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီ သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်း လုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့ မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကား အခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။ ၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝟐𝟎𝟐𝟒 𝐌𝐚𝐫𝐜𝐡 လအတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်လချုပ်အစီရင်ခံစာ

New Myanmar Foundationမှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ New Myanmar Foundation၏ လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းလို၍ ဖြစ်စေ၊ စီမံကိန်းအစီအစဉ်များတွင် ပါဝင်လျှောက်ထားလို၍ ဖြစ်စေ၊ New Myanmar Foundation၏ ယခုFacebook Page, Messengerနှင့် တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.newmyanmarfoundation.orgတွင် ဝင်ရောက်လေ့လာပါဝင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ https://newmyanmarfoundation.org/wp-content/uploads/2024/08/March-Activity-Report-2024.pdf
မြန်မာပြည်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား ထောက်ပံ့ပေးမည့် အရေးပေါ်ထောက်ပံ့ကြေးအစီစဉ်အတွက် ရွေးချယ်ပြီးစီးကြောင်း အကြောင်းကြားခြင်း
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် မြန်မာပြည်အတွင်း ထွက်ပြေးတိမ်း ရှောင်နေရသူ (၁၈၀) ဦးအား ထောက်ပံ့ပေးခြင်းအစီအစဥ်တွင် ပါ၀င်လျှောက်ထားရန် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် လျှောက်လွှာများ ခေါ်ယူခဲ့ပါသည်။ လျှောက်ထားသူဦးရေ (၂၀၀၀) ကျော်ရှိခဲ့ပြီး ထိုအထဲမှ (၁၈၀) ဦးသာ ရွေးချယ် ထောက်ပံ့ခဲ့ရခြင်းဖြစ်ပါသည်။ ယခုအခါတွင် ရွေးချယ်ပြီးသော သတ်မှတ်လူဦးရေ (၁၈၀) ဦးကို ဆက်သွယ်အသိ ပေးခြင်းများ လုပ်ဆောင် နေလျက်ရှိပါသည်။ ရွေးချယ်ခြင်းမခံရသူများကို လူဦးရေများပြားသည့်အတွက် လျှောက်ထားသူ တစ်ဦးချင်း ဆက်သွယ်အသိပေး ခြင်း မပြုလုပ်နိုင်ခြင်းနှင့် အကြောင်းပြန်ကြားမှု နှောင့်နှေးခြင်းများ ရှိခဲ့သည့်အပေါ် ခွင့်လွှတ်နားလည်ပေးပါရန် အနူး အညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။ ယခုအစီအစဉ်တွင် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းခဲ့သော လျှောက်ထားလာသူများ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။ […]
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ဖေဖော်ဝါရီလ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော NUGမှ တရားရေးဝန်ကြီး ဆရာဦိးသိန်းဦိး၊ ကယန်းအမျိုးသားပါတီဥက္ကဌ NUCC အဖွဲ့ဝင်ဖြစ်သော ဆရာခွန်မာကိုဗန်း ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမ ဒေါ်ခင်လှဌေး၊ သမိုင်းသယ်ဆောင်သူများအဖွဲ့ မှ ဆရာမဒေါ်ရီရီဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှူးဆောင် အတွင်းရေးမှူး ဆရာ မန်းချစ်အောင်တို့မှ […]