အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ်(၇) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၊ စစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းလုပ်သားများ အတွက် New Myanmar Foundation မှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၇) ကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁) ရက် (သောကြာနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အင်္ဂလိပ်ဘာသာစကားပြောကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သင်တန်းကာလကို (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို Foundation Class A နှင့် B ဟူ၍ အတန်းခွဲ နှစ်ခုခွဲကာ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝟐𝟎𝟐𝟒 𝐉𝐚𝐧𝐮𝐚𝐫𝐲 လအတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်လချုပ်အစီရင်ခံစာ

New Myanmar Foundationမှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ New Myanmar Foundation၏ လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းလို၍ ဖြစ်စေ၊ စီမံကိန်းအစီအစဉ်များတွင် ပါဝင်လျှောက်ထားလို၍ ဖြစ်စေ၊ New Myanmar Foundation၏ ယခုFacebook Page, Messengerနှင့် တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.newmyanmarfoundation.orgတွင် ဝင်ရောက်လေ့လာပါဝင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။https://newmyanmarfoundation.org/wp-content/uploads/2024/08/January-Activity-Report.pdf

အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

• New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ အထိ (၅၂၃၇) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)/(၂၅၀)တို့ဖြင့် မျှဝေပေးခဲ့ရာ စုစုပေါင်း (၁၁၁၇၀) ဦးအား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ • အလှူရှင်များ၏ အခက်အခဲများကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝ မကူညီနိုင်သည့် အပေါ်များစွာ […]

မြန်မာပြည်သူ၊သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် (၃) နှစ်ပြည့် အခမ်းအနားကျင်းပ

နေ့စွဲ – ၁ရက် ဖေဖော်ဝါရီလ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၄ ခုနှစ်တွင် မြန်မာပြည်သူ/သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် (၃)နှစ် ပြည့် campaign လှုပ်ရှားမှုအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော ကရင်အမျိုးသားအစည်းအရုံးKNUမှ‌ ခေါင်းဆောင်တစ်ဦး၊ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမဒေါ်ခင်လှဌေး၊ သမိုင်း သယ်ဆောင်သူများအဖွဲ့ မှ ဆရာမဒေါ်ရီရီဆွေ၊ မေမေ့ရင်ခွင် ဖောင်ဒေးရှင်းမှ ဆရာဦးသန်းမြင့်အောင် တို့မှ အသီးသီး အမှာစကား များနှင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမှစ၍ […]

𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

NEW MYANMAR FOUNDATION မှ Finance Officer ရာထူးအတွက် လျှောက်လွှာများခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၀၂.၀၂.၂၀၂၄ မှ ၀၉.၀၂.၂၀၂၄ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ၈၀၀၀ – ၁၀၀၀၀ ဘတ် အစီရင်ခံရမည့်သူ : Executive Director, BODs လုပ်ဆောင်ရမည့်တာ၀န်များ Project Project များ၏ Budget Proposal များ ရေးဆွဲပြင်ဆင်ပေးရမည်။ Project မြားအတှကျ Foundation ၏ မူဝါဒမြားကို စစျဆေးပေးရမညျ။ Project များ၏ Budget များနှင့် အမှန်တကယ်သုံးစွဲမှုများကို တိုက်ဆိုင်စစ်ဆေး စာရင်းသွင်း ၍ Report […]

𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

NEW MYANMAR FOUNDATION မှ Treasurer ရာထူးအတွက် လျှောက်လွှာများခေါ်ယူနေပါသည်၊ လျှောက်လွှာလက်ခံမည့်ကာလ : ၁၉.၁.၂၀၂၄ မှ ၃၁.၁.၂၀၂၄ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၆၀၀၀ – ၈၀၀၀ အစီရင်ခံရမည့်သူ : Executive Director, Finance Officer လုပ်ဆောင်ရမည့်တာ၀န်များ – နေ့စဉ် ငွေအ၀င်အထွက်များကို Policy အတိုင်း စနစ်တကျဆောင်ရွက်ပေးရမည်။ – နေ့စဉ် Finance Officer နှင့် ငွေစာရင်း ကိုက်ညီမှု စစ်ဆေးရမည်။ – Cash and Cash Equivalent (Bank accounts) များကို […]

မြန်မာပြည်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား အရေးပေါ်ထောက်ပံ့ကြေးများ ပံ့ပိုးကူညီသွားမည့်အစီအစဉ်

မြန်မာပြည်သူ/သားများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ New Myanmar Foundationသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအား အားသွန်ခွန်စိုက် ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်းဖြစ်ရာ ယခု၂၀၂၄ခုနှစ်အတွင်း မြန်မာပြည်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ (၁၈၀)ဦးအား အရေးပေါ်ထောက်ပံ့ကြေးများ ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။ ယခု ထောက်ပံ့ကြေးအစီအစဉ်အား ဇန်နဝါရီလမှ ဇွန်လအထိ (၆)လ လစဉ်ထောက်ပံ့သွားမည်ဖြစ်ပြီး တစ်လလျှင် မြန်မာငွေကျပ် ၁၀၀,၀၀၀ (တစ်သိန်းကျပ်) ထောက်ပံ့သွားမည်ဖြစ်ပါသည်။ ထောက်ပံ့ကြေးလျှောက်လွှာများအား (၁၀)ရက်ကြာ လက်ခံသွားမည်ဖြစ်ပြီး (၁၇.၁.၂၀၂၄)မှ (၂၇.၁.၂၀၂၄)အထိ လျှောက်ထားနိုင်မည်ဖြစ်သည့်အတွက် မြန်မာပြည်တွင်းရှိ စစ်တပ်အုပ်ချုပ်မှု သက်ရောက်ရာ ဒေသများနှင့် တိုင်းရင်းသားအဖွဲ့အစည်းအုပ်ချုပ်မှု စိုးမိုးရာဒေသအတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေကြသော ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ယခုထောက်ပံ့ကြေးအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်ရန် တိုက်တွန်းအပ်ပါသည်။ ထောက်ပံ့ကြေးအစီအစဉ်နှင့် လျှောက်လွှာတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ မေးမြန်းစုံစမ်းလိုပါက New […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ရုံးတွင် တာဝန်ထမ်းဆောင်နိုင်မည့် ထိုင်းဘာသာစကားပြန်တစ်ဦးအတွက် လျှောက်လွှာများခေါ်ယူခြင်း

NEW MYANMAR FOUNDATION ၏ ရုံးတွင် (တစ်ပတ် (၃) ရက်)၊ တစ်ရက်လျှင် (၃) နာရီ တာဝန်ထမ်းဆောင်နိုင်မည့် ထိုင်းဘာသာစကား ကျွမ်းကျင်စွာ ရေးသား/ပြောဆိုနိုင်သည့် ထိုင်းစကားပြန်တစ်ဦးအတွက် လျှောက်လွှာများခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ဇန်နဝါရီလ ၁၅ ရက် မှ ၂၅ ရက်နေ့ အထိ နေရာ : မဲဆောက် လစာ : ၄,၀၀၀ ဘတ် – ၅,၀၀၀ ဘတ် အစီရင်ခံရမည့်သူ : အုပ်ချုပ်ရေးအရာရှိ (Admin Officer) လုပ်ဆောင်ရမည့်တာ၀န်များ – – ရုံးအဖွဲ့၏ ရုံးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ထိုင်းဘာသာမှ မြန်မာဘာသာ/မြန်မာဘာသာ မှ ထိုင်းဘာသာ သို့ ဘာသာပြန်ဆိုခြင်း/ စကားပြန်ဆိုပေးခြင်း တို့ […]

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဂုဏ်ပြုသဝဏ်လွှာ

ယနေ့တွင်ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်တွင် အမျိုးသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ပြည်ထောင်စုမြန်မာပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ နှစ်ပေါင်းထောင်ချီ၍ အစဉ်အဆက် မှီတင်းနေထိုင်ကြပါသည်။ ကရင်လူမျိုးအပါအဝင် ၎င်းတိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ပြည်သူအားလုံးသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးများ နှင့်အတူ အပြည့်အဝခံစား နေနိုင်မှသာ လူမျိုးတစ်မျိုး နှင့် တစ်မျိုး၊ လူတစ်ဦး နှင့် တစ်ဦး ချစ်ကြည်ရင်းနှီးမှု၊ လေးစားယုံကြည်မှု၊ တန်းတူရည်တူမှုများအပြင် မိမိကိုယ်မိမိ လေးစားဂုဏ်ယူမှုများ နှင့် လူ့ဂုဏ်သိက္ခာများ ရရှိလာနိုင်မည် ဖြစ်ပါသည်။ သို့မှသာ မိမိတို့အားလုံး လိုလားတောင်းတသည့် ဒီမိုကရေစီပြည်ထောင်စု စနစ်ကြီး ကိုလည်း တည်တံ့ခိုင်မြဲအဓွန့်ရှည်စွာ တည်ထောင်နိုင်ပါမည်။ တကယ့်လက်တွေ့တွင်မူ လွတ်လပ်ရေးရသည့် အချိန်မှစ၍ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများ၊ တန်းတူအခွင့်အရေးများ မရရှိမှုကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်မှုများ အစဉ်တစိုက် ဖြစ်ပေါ်လာခဲ့ရာ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐉𝐚𝐧𝐮𝐚𝐫𝐲 အတွက် ရိက္ခာဝေမည့်အကြောင်းသတင်း စကားပါးခြင်း

 November 19  မှ December 18 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (912) ဦးအား (16-1-2024) အင်္ဂါ နှင့် (17-1-2024) ဗုဒ္ဓဟူး (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ် ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါရက်များအတွင်း လျှောက်ထားသူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထား ခဲ့သော Signal နံပါတ် များသို့  (15-1-2024 ) ရက်နေ့တွင်  မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုနိုင်ရန် ကြိုတင် ကြေညာပေးခြင်းဖြစ်ပါသည်။ ရိက္ခာဝေရန် ပြင်ဆင်နေပါသဖြင့် ယခု ရက်ပိုင်းအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ / Signal မှ စာပို့မှု များကို အကြောင်း ပြန်ကြားခြင်းများ နောက်ကျပါက […]

error: Content is protected !!