(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ဖေဖော်ဝါရီလ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော NUGမှ တရားရေးဝန်ကြီး ဆရာဦိးသိန်းဦိး၊ ကယန်းအမျိုးသားပါတီဥက္ကဌ NUCC အဖွဲ့ဝင်ဖြစ်သော ဆရာခွန်မာကိုဗန်း ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမ ဒေါ်ခင်လှဌေး၊ သမိုင်းသယ်ဆောင်သူများအဖွဲ့ မှ ဆရာမဒေါ်ရီရီဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှူးဆောင် အတွင်းရေးမှူး ဆရာ  မန်းချစ်အောင်တို့မှ အသီးသီး အမှာစကားများနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်၏ အနှစ်သာရ အစရှိသည်တို့အား အကျယ်တဝင့် ပြောကြားခဲ့ပြီးနောက် အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!