New Myanmar Foundation ၏ နယူးမြန်မာတယ်လီကျန်းမာ အစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ် ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီ သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်း လုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့ မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကား အခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။
၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ လူနာအား ကြည့်ရှုစစ်ဆေးကာ အကြံဉာဏ်ပေးခြင်းနှင့် ဖြစ်နိုင်ပါက ကုသမှုပေးခြင်း) အစီအစဉ် ကို ဇွန်လ (၁)ရက် ၂၀၂၂ တွင် စတင်ခဲ့ပါသည်။ Tele Health အစီအစဉ်တွင်မနက် (၆) နာရီမှ ည (၁၂) နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါသည်။ ကျန်းမာရေး အခက်အခဲရှိသော လူနာများ အနေဖြင့် အချိန်မရွေး အခမဲ့ ပြသနိုင်ပြီး မယ်တော်ဆေးခန်းနှင့် ချိတ်ဆက်ထားသည့်အတွက် လိုအပ်ပါက သွေးစစ်ခြင်း Ultrasound ရိုက်ခြင်း များကိုလည်း အဆင်ပြေပြေ ဆောင်ရွက်နိုင်ပါသည်။ February လ ၂၀၂၄ ခုနှစ်အတွင်း ကူညီပေးခဲ့သူပေါင်း (251)ဦးရှိခဲ့ရာ ၎င်းတို့ထဲတွင် အမျိုးသား (55)ဦး, အမျိုးသမီး (132) ဦး ကလေး(64) ပါဝင်ပါသည်။
Teleconsultation _ 13
Refer to Mae Tao Clinic _ 3
Home Visit _ 72
Community outreach healthcare _ 163
မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအနေဖြင့် အခကြေးငွေကုန်ကျခြင်းမရှိဘဲ မြန်မာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးလိုပါက မနက် (၆) နာရီမှ ည (၁၂) နာရီ အတွင်း ဖုန်းနံပါတ် (+66910614070) သို့ ဖုန်းဆက်၍ ဖြစ်စေ၊ Telegram မှ တစ်ဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။
Dr Moon
Program Manager(Tele Health )
Phone no _ +66910614070