၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူ များအတွက် အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်း စကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်အား ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် ထိုင်းနိုင်ငံနယ်စပ် ၊ မဲဆောက်သို့ ရှောင်တိမ်းလာရသူ များအတွက် ၂၀၂၄ ခုနှစ် ၊ မတ်လမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည် ။

• ယခုအခါ ၂၀၂၄ ခုနှစ် ၊ မတ်လ အတွက် လူဦးရေ (၆၄) ဦးအား တစ်ဦးလျှင် (၁)လစာ ဘတ်(၂၅၀) နှုန်းဖြင့် အခြေခံစားနပ် ရိက္ခာဝေမျှပေးခဲ့ပြီး ဖြစ်ပါသည်။

• ယင်းအစီအစဉ်တွင် ပါဝင်လျှောက်ထားလိုသူများ အနေဖြင့် New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာ ရုံးဖုန်း 0659252173 သို့ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။

• စစ်မှုထမ်း အမိန့်ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူများ အတွက် လျှောက်ထားသူများ အနေဖြင့် စတင်လျှောက်သည့် လမှစတင်၍ (၃) လလျှောက်ထားခွင့် ရှိပြီး (၃) လနောက်ပိုင်းတွင် အလှူရှင်၏ သဘောထားအား ပြန်လည် ကြေညာပေးသွားမည် ဖြစ်ပါသည် ။ အပြည့်အဝ မကူညီနိုင်သည့် အပေါ်များစွာ စိတ်မကောင်းလည်း ဖြစ်ရပါ သည်။

• စစ်မှုထမ်း အမိန့်ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူများထဲတွင် CDM ပြုလုပ်ထားသူများ ပါဝင်လာဖြင့် ၎င်း CDM များအနေဖြင့် ယခုသီးခြား အစီအစဉ်တွင်သာ (၃) လလျှောက်ထားခွင့်ရှိမည် ဖြစ်သည်။

ဆက်သွယ်မေးမြန်းရန်

Hay Mar

Basic Food Program Manager

Phone & Signal +66 659252173 foodprogram.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!