မြ၀တီမြို့တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြရသော စစ်ဘေးရှောင်များအား သွားရောက်ကူညီခဲ့ခြင်း

၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၃ရက်နေ့တွင် NEW MYANMAR FOUNDATION မှ မြ၀တီမြို့တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြရသော စစ်ဘေးရှောင်များအား လိုအပ်သော အကူအညီများပေးနိုင်ရန် စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ရာ ဂိတ်(၃၅) သို့ တိုက်ရိုက်၀င်ရောက်တွေ့ဆုံခွင့်ရခဲ့ပါသည်။ မျက်မြင် မှတ်တမ်းရယူခဲ့သော အချက်များအရ ၂၃.၄.၂၀၂၄ နေ့တွင် စခန်းတွင်းလက်ကျန်လူဦးရေမှာ အမျိုးသမီး (၄၄၃) ဦး၊ အမျိုးသား (၆၁၈) ဦး၊ ကလေးသူငယ် (၃၃၄)ဦး၊ စုစုပေါင်း (၁၃၉၅) ဦး ရှိပြီး အခြေခံလိုအပ်ချက်များမှာ- ၁။ ရေချိုးဆပ်ပြာ ၂။ အဝတ်လျှော်ဆပ်ပြာမှုန့် ၃။ သွားတိုက်ဆေး ၄။ ခေါင်းလျှော်ရည် ၅။ ကလေးအဝတ်အထည် (ကျား/မ) ၆။ အမျိုးသမီးဝတ်လုံချည် ၇။ ရေခဲ (နေ့စဉ် ကီလို၁၂၀) […]

“ မြဝတီ တိုက်ပွဲအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းမှုပြုခြင်း ”

၂၁.၄.၂၀၂၄ ရက်နေ့တွင် New Myanmar Foundation မှ မြဝတီတိုက်ပွဲအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်အား သီးစုံချဉ်ဟင်း၊ ငါးခြောက်ကြော် နှင့် ထမင်းတို့အား နေ့လည်စာအဖြစ် သွားရောက်လှူဒါန်းမှုပြုခဲ့ပါသည်၊၊ #NewMyanmarFoundation #စစ်ဘေးရှောင်ပြည်သူများ

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်းများကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများ အနေနှင့်မူ သီးသန့်အခန်းများရရှိမည်ဖြစ်ပါသည်။ Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ခေါင်းအုံးများ၊ အိမ်တွင်း ပရိဘောဂများပံ့ပိုးပေးထား ပါသည်။ Wifi internet များလည်း တပ်ဆင် ပေးထားပြီး သွားလာရေး အတွက် စက်ဘီး […]

အခုလာမယ့် ဧပြီ၁၇/နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ် စက္ကူလေယာဉ်သပိတ်ကိုဖော်ဆောင်ကြမယ်။

ဘယ်လိုပါ၀င်ရမလဲ ဆိုတာကို ယခု videoမှာ ကြည့်ပေးပါနော်။ (အွန်လိုင်း၊ မြေပြင် အဆင်ပြေရာ‌ ပါဝင်တော်လှန်နိုင်ပါတယ်) စက္ကူလေယာဉ်တွေ ခေါက်မယ်၊ စက္ကူလေယာဉ်တွေ လွှတ်ကြမယ်၊ စက္ကူလေယာဉ်ပေါ်မှာ စာရေးပြီး ဆုတောင်း စကားပါးမယ်၊ ခေါက်ထားတဲ့ စက္ကူလေယာဉ်လေးတွေကို ချိတ်ဆွဲထားမယ် စတဲ့ ဓါတ်ပုံ (သို့ ) video short clip ရိုက်ပြီး ကိုယ်ပိုင်တီထွင်ပါဝင်မှုနဲ့ စိတ်ကြိုက် လွတ်လပ် ကွဲပြားစွာ ပါဝင်နိုင်ပါတယ်။ ပုံ (သို့ ) video တင်တဲ့အခါ အောက်ပါ #tag များ အသုံးပြုဖို့ လုံးဝ မမေ့ပါနဲ့နော်။ #စက္ကူလေယာဉ်သပိတ် #ဧပြီ၁၇ရဲ့စက္ကူလေယာဉ်သပိတ် #နှစ်ဆန်းတစ်ရက်နေ့လူထုတိုက်ပွဲ #လေယာဉ်တွေမြင်တဲ့အခါ #WhenWeSeeThePlanes #BanJetFuelExportsToMM #SanctionAviationFuel#BloodMoneyCampaignMM အကောင့် မှာတင်ဖို့ အဆင်မပြေသူတွေက Blood […]

“နှစ်ဆန်းတစ်ရက်နေ့ရဲ့ လူထုတိုက်ပွဲခေါ်သံ စက္ကူလေယာဉ်သပိတ်နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တော်လှန်”

အာဏာသိမ်းစစ်ကောင်စီဟာ 2021 ဖေဖော်ဝါရီလ‌ကနေ 2023 December အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း 1652ကြိမ် ကျူးလွန်ခဲ့ပြီး ပျမ်းမျှအားဖြင့် နေ့စဉ်မပျက် လေကြောင်းတိုက်ခိုက်မှုတွေရှိနေခဲ့တာဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုရဲ့ ၃ပုံတစ်ပုံဟာ အရပ်သားတွေကိုတမင်ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူနဲ့ ကလေးတွေအစုလိုက်အပြုံလိုက်ရှိနေတဲ့ ဘာသာရေးအဆောက်အဦး ၁၃၇ခု၊စာသင်ကျောင်း၇၆ခုနဲ့ ဆေးရုံ၂၈ခုတို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ After the coup, the military regime has deliberately and repeatedly targeted civilians with air strikes, in violation with the laws of war. From February 2021 to December 2023, there were 1625 airstrikes, meaning an […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐀𝐩𝐫𝐢𝐥 လ အတွက် ရိက္ခာဝေမည့် အကြောင်း သတင်း စကားပါးခြင်း

February 19 မှ March 18 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (1323) ဦးအား (17-4-2024) ဗုဒ္ဓဟူး နှင့် (18-4-2024) ကြာသတေး (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွား မည်ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါရက်များအတွင်း လျှောက်ထားသူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထားခဲ့သော Signal နံပါတ် များသို့ 0659252173 , 0654866856 Signal ဖုန်းနံပါတ်တို့မှ (12-4-2024 ) (13-4-2024) (2) ရက်တွင် မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုနိုင်ရန် ကြိုတင် ကြေညာ ပေးခြင်းဖြစ်ပါသည်။ 12-4-2024 မှ 16-4-2024 အထိသည် ရုံးပိတ်ရက်ဖြစ်ပါသည် ။ (17-4-2024) နှင့် […]

မြန်မာပြည်သူ/ပြည်သားများအားလုံးမင်္ဂလာပါဟု 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ နှုတ်ခွန်းဆက်လိုက်ပါသည်။

New Myanmar Foundationရုံးအနေဖြင့် လာမည့် ဧပြီလ ၁၂ရက် (သောကြာနေ့) နေ့မှ ၁၆ရက်နေ့ (အင်္ဂါနေ့)အထိ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ နယူးမြန်မာဖောင်ဒေးရှင်း၏ လုပ်ငန်းကိစ္စအဝဝအား နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး နှစ်သစ်ရုံးဖွင့်ရက်ဖြစ်သည့် ဧပြီလ (၁၇)ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ပြန်လည်ဖွင့်လှစ် လည်ပတ်သွားမည်ဖြစ်ပါကြောင်း လူကြီးမင်းများအားလုံးအား ထပ်လောင်းအကြောင်းကြားအပ်ပါသည်။ မြန်မာပြည်သူ/ပြည်သားများ နှစ်သစ်ကူးအချိန်အခါသမယတွင် စိတ်ချမ်းသာကိုယ်ကျန်းမာနှင့် ဘေးကင်းလုံခြုံမှုရှိစွာ ဖြတ်သန်းနိုင်ကြပါစေဟု ကျွန်တော်/ကျွန်မတို့ New Myanmar Foundationအဖွဲ့သားအားလုံးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ အားလုံးချမ်းသာကိုယ်စိတ်မြဲကြပါစေ။ #nmf

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့ အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်နိုင်ရန် သင်တန်းသား/သူခေါ်ယူခြင်း။

မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများရှင်………… New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့် အလမ်းရရှိရန်အတွက် ရည်ရွယ်လျက်လစဉ် နေ/စားငြိမ်း “အခမဲ့ အခြေခံ မော်တာစက်ချုပ်သင်တန်း” များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် ပထမအကြိမ် သင်တန်းအား ဖွင့်လှစ်သွားမည်ပြီး သင်တန်းကာလမှ ဧပြီလ (၂၃)ရက်နေ့ မှ မေလ (၂၃)ရက်နေ့ အထိ တစ်လသင်တန်း ဖြစ်ပါသည်။ သင်တန်းအပတ်စဉ်တစ်ကြိမ်လျှင် သင်တန်းသား (၂၀) ဦး အား ဆရာမ (၂)ဦးမှ တာဝန်ယူသင်ကြားပေး သွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသား/သူများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ် တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါက နောက်အပတ်စဉ်များတွင် ထပ်မံလျှောက်ထား နိုင်ပါသည်။‌ သင်တန်း တက်ရောက်လိုသည့် သင်တန်းသား/သူများအနေဖြင့် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ ထိုင်းဘာသာစကားပြောသင်တန်းအတွက် သင်တန်းသားလက်ခံခေါ်ယူခြင်းလျှောက်လွှာ ပိတ်ပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း။

New Myanmar Foundationမှ ဧပြီလ (၅)ရက်နေ့တွင် ခေါ်ယူခဲ့သော ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဉ်(၈)အား စိတ်ပါဝင်စားစွာဖြင့် လျှောက်ထားခဲ့သူ တစ်ဦးချင်းစီအား လှိုက်လှဲစွာကျေးဇူးတင်ပါသည်။ လူကြီးမင်းတို့၏ ထိုင်းဘာသာစကားသင်ကြားမှုအပေါ် စိတ်အားထက်သန်မှုအား မျက်ဝါးထင်ထင် တွေ့မြင်ရ သည့်အတွက်လည်း များစွာ ဝမ်းမြောက်ရပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းမှ  ဘာသာစကားသင်တန်းများ သင်ကြားရာတွင် အွန်လိုင်းပလပ်ဖောင်းဖြစ်သော Zoomမှတဆင့် သင်ကြားပေးခြင်းဖြစ်သည့်အပြင် သင်တန်း သား/သူများ သင်ယူမှုပိုမိုထိရောက်စေနိုင်ရန်မျှော်မှန်း၍ သင်တန်းခွဲတစ်ခုလျှင် လူဦးရေ အများဆုံး(၂၅)ဦးနှုန်း ဖြင့် သင်တန်းခွဲ(၄)ခုအတွက် စုစုပေါင်း သင်တန်းသားဦးရေ (၁၀၀)ခန့်ကိုသာ ခေါ်ယူသင်ကြားရန် ရည်ရွယ်ထားခဲ့ပါသည်။ ၎င်းရည်ရွယ်ချက်အတိုင်း သင်တန်းသားများ ခေါ်ယူခဲ့ခြင်းကို ဧပြီလ(၂၁)ရက်နေ့အထိ ခေါ်ယူရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါ သင်တန်းအားစိတ်ပါဝင်စားသူများ တခဲနက်လျှောက်ထားမှု ကြောင့် မူလရည်ရွယ်ခဲ့သော သင်တန်းသားဦးရေအား ပြည့်မီစွာလက်ခံနိုင်ခဲ့ပြီးဖြစ်သည့်အတွက် သင်တန်း လျှောက်လွှာလက်ခံခြင်းအား ယနေ့ […]

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၈)သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် New Myanmar Foundation မှ အွန်လိုင်း အခြေခံထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၈) ကို ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက် (ဗုဒ္ဓဟူးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ (၃) လ (၂၀၂၄ ခုနှစ်၊ မေလ (၁) ရက် မှ ဇူလိုင်လ (၃၁) ရက်) ဖြစ်ပြီး အခြေခံအဆင့် ထိုင်းဘာသာစကားပြောသင်တန်းများကို အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့၊ […]

error: Content is protected !!