စက်ချုပ်သင်တန်းအတွက် သင်တန်းဆရာ ခေါ်ယူခြင်း

New Myanmar Foundation မှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ရောက်ရှိနေထိုင်လျှက်ရှိကြသော မြန်မာ ပြည်သူများအတွက် ထိုင်းနိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်စေရန်နှင့် ဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး အခြေခံစက်ချုပ်မော်တာသင်တန်းများအား ယခင်နှစ်များအတွင်း ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

ယခုလာမည့် ၂၀၂၄ခုနှစ် ဧပြီလကုန်တွင်လည်း ထိုင်းနိုင်ငံအတွင်းပြောင်းရွှေ့ နေထိုင်ကြသည့် မြန်မာပြည်သူများအတွက် အခြေခံစက်ချုပ်သင်တန်းအား ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါ၍ မြန်မာ့ပြည်သူပြည်သားအတွက် အခြေခံစက်ချုပ်မော်တာသင်တန်းပေးရန် စက်ချုပ်ကျွမ်းကျင်သော သင်တန်း ဆရာ/ဆရာမတစ်ဦး အလိုရှိလျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ စက်ချုပ်မော်တာနှင့်ပက်သက်၍ ကျွမ်းကျင်ပိုင်နိုင်ပြီး မြန်မာပြည်သူ/သားများအတွက် လက်ဆင့်ကမ်း ပြန်လည်သင်ကြားပေးလိုသော ဆန္ဒရှိသည့်မည်သူမဆို New Myanmar Foundation ၏ အောက်ဖော်ပြပါ လိပ်စာများမှတဆင့် ဧပြီလ(၅)ရက်နေ့နောက်ဆုံးထားပြီး ဆက်သွယ်မေးမြန်း လျှောက်ထား နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ်ရန်

Admin

Phone – +66 62 687 4266

Signal – +66 62 687 4266

Email – newmyanmaroffice@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!