𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

ရက်စွဲ။ ။ အောက်တိုဘာလ (၁၇) ရက် ၊ ၂၀၂၄ ခုနှစ်။ မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။ Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ သင်တန်းအပတ်စဥ် (၄၆) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို နိုဝင်ဘာလ (၁) ရက်နေ့ မှ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပါသည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပြီး အသက် (၃၅) […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၄) သင်တန်းဆင်းပွဲ

ရက်စွဲ။ ။၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ မှ (၁၅) ရက်အထိ (၁၅) ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၄) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ နေ့လည် (၂) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ Sewing Machine Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၄၄) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀) ဦး […]
လူ့အခွင့်အရေးအစီအစဥ်မှလူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းနှင့်အချက်အလက်များ စိစစ်ပြင်ဆင်ရေးသားခြင်းလုပ်ငန်း 𝐃𝐚𝐭𝐚 𝐄𝐝𝐢𝐭𝐨𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation မှ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ လူ့အခွင့်အရေး ၅ နှစ်တာ အစီအစဥ်အား (Human Rights Program) လုပ်ဆောင်လျက်ရှိရာ လူ့အခွင့်အရေးချိုးဖောက်မှု Data အချက်အလက်များအား စိစစ်ပြင်ဆင်ခြင်း၊ အစီရင်ခံစာပြုစုခြင်း လုပ်ငန်းအတွက် (Data Editor) လျှောက်လွှာ များ ခေါ်ယူနေပါသည်။ ရာထူး : လူ့အခွင့်အရေးချိုးဖောက်မှူဆိုင်ရာအချက်အလက်များအား စိစစ်ရေးသားသူ[_P1] အယ်ဒီတာ(Data Editor) လျှောက်လွှာလက်ခံမည့်ကာလ : ၁၁/၁၀/၂၀၂၄ မှ ၂၀/၁၀/၂၀၂၄ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၀၀၀၀ […]
လူ့အခွင့်အရေးအစီအစဥ် – စီမံကိန်းတာဝန်ခံ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

New Myanmar Foundation မှ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ လူ့အခွင့်အရေး ၅ နှစ်တာ အစီအစဥ်အား (Human Rights Program) လုပ်ဆောင်လျက်ရှိရာ ယခုအခါစီမံကိန်းတာဝန်ခံ (Program Manager) ရာထူးအတွက် လျှောက်လွှာခေါ်ယူနေပါသည်။ ရာထူး : လူ့အခွင့်အရေးစီမံကိန်း တာဝန်ခံ လျှောက်လွှာလက်ခံမည့်ကာလ : ၉/၁၀/၂၀၂၄ မှ ၁၈/၁၀/၂၀၂၄ အထိ နေရာ : မဲဆောက် အလုပ်စတင်မည့်ရက် : ၁/၁၁/၂၀၂၄ အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၅၀၀၀ အစီရင်ခံရမည့်သူ : […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧၏ 𝟐𝟎𝟐𝟒 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 လအတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်လချုပ်အစီရင်ခံစာ

New Myanmar Foundationမှ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်ပက်သက်သော လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ကြိုးစားဖော်ဆောင်လျက်ရှိရာ အခြေခံစားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ Safehouseများ ပေးခြင်း၊ ဘာသာစကားသင်တန်းများပေးခြင်းအပြင် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းလုပ်ငန်းများကိုပါ ပြီးခဲ့သော September လအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ New Myanmar Foundation၏ ၂၀၂၄ခုနှစ် September လ အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်အစီရင်ခံစာအား အများပြည်သူများအကျိုးအတွက် သတင်းပေးတင်ပြအပ်ပါသည်။ New Myanmar Foundation၏ လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းလို၍ ဖြစ်စေ၊ စီမံကိန်းအစီအစဉ်များတွင် ပါဝင်လျှောက်ထားလို၍ ဖြစ်စေ၊ New Myanmar Foundation၏ ယခုFacebook Page, Messengerနှင့် တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.newmyanmarfoundation.orgတွင် ဝင်ရောက်လေ့လာပါဝင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ https://newmyanmarfoundation.org/wp-content/uploads/2024/10/September-Activity-Report-1.pdf
အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

ဆက်သွယ်မေးမြန်းရန် Basic Food Support Program Manager Hay Mar New Myanmar Foundation Phone: +66 659 252 173 Signal: 0659252173 Email: foodprogram.nmf@gmail.com
အွန်လိုင်းထိုင်းဘာသာ စကားပြောသင်တန်း အပတ်စဥ် (၁) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် New Myanmar Foundation မှ အခြေခံ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် နေ့မှ စတင်၍ Japan’s Official Development Assistance-ODA ၏ ပံ့ပိုးပေးမှုဖြင့် (၃) လတာ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။ ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Zoom Application) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား

Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၅) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် မဲဆောက်မြို့ရှိ နယူးမြန်မာဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံ မော်တာစက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ (၁၂) ရက်ကြာ သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား Japan’s Official Development Assistance-ODA မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

ရက်စွဲ။ ။ အောက်တိုဘာလ (၂) ရက် ၊ ၂၀၂၄ ခုနှစ်။ မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။ Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ စတင်၍ သင်တန်းအပတ်စဥ် (၄၅) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို အောက်တိုဘာလ (၁၆) ရက်နေ့ မှ (၃၀) ရက်နေ့အထိ သတ်မှတ်ထားပါသည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပြီး အသက် (၃၅) […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထား သောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။ Safe House ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ နှင့် […]