New Myanmar Foundation မှ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ လူ့အခွင့်အရေး ၅ နှစ်တာ အစီအစဥ်အား (Human Rights Program) လုပ်ဆောင်လျက်ရှိရာ ယခုအခါစီမံကိန်းတာဝန်ခံ (Program Manager) ရာထူးအတွက် လျှောက်လွှာခေါ်ယူနေပါသည်။
ရာထူး : လူ့အခွင့်အရေးစီမံကိန်း တာဝန်ခံ
လျှောက်လွှာလက်ခံမည့်ကာလ : ၉/၁၀/၂၀၂၄ မှ ၁၈/၁၀/၂၀၂၄ အထိ
နေရာ : မဲဆောက်
အလုပ်စတင်မည့်ရက် : ၁/၁၁/၂၀၂၄
အစမ်းခန့်ကာလ : ၃ လ
လစာ : ဘတ် ၁၅၀၀၀
အစီရင်ခံရမည့်သူ : Executive Director (New Myanmar Foundation)
လုပ်ဆောင်ရမည့်တာဝန်များ
- စီမံကိန်း၏ အဓိလုပ်ငန်းများ ဖြစ်သော လူ့အခွင့်အရေးလုပ်ငန်းစဥ်များ ဖြစ်သည့် လူ့အခွင့်အရေး အသိပညာပေးခြင်း (Education)၊ မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking)၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း (Documentation)၊ လူ့အခွင့်အရေး လှုပ်ရှားသူ များအား အကာအကွယ်ပေးခြင်း (Protection) နှင့် လူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်း (Advocay) လုပ်ငန်းများကို အောင်မြင်အောင် ကြီးကြပ်ဦးစီး လုပ်ဆောင်ပေးရပါမည်။
- စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် logic model, management framework နှင့် annual work plan တို့ကို ရေးဆွဲရမည်။
- စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုများနှင့် တိုးတက်အောင်မြင်မှုများကို သက်ဆိုင်ရာ အစီရင်ခံစာ များ (Report) ရေးသား၍ Donor များထံ ပေးပို့ရမည်။
- စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု အခြေအနေ တိုးတက်မှုကို Donor များနှင့် မပြတ်ချိတ်ဆက်၍ လိုအပ်သလို ဆောင်ရွက်ရမည်။
- လူ့အခွင့်အရေး စီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် Stakeholders များအား mapping ပြုလုပ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ မိတ်ဘက်အဖွဲ့အစည်းများအား တွေ့ဆုံဆက်သွယ်၍ လူ့အခွင့်အရေး လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်းကို အားကောင်းလာစေရန် လုပ်ဆောင်ရမည်။
- စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်တွင်း မှ မိတ်ဖက်အဖွဲ့များ partner organization များနှင့် စီမံကိန်းလုပ်ငန်းများကို တွဲဖက်ဆောင်ရွက်ရမည်။
- စီမံကိန်းလုပ်ငန်းများအလိုက် သုံးစွဲမည့် စီမံကိန်းရန်ပုံငွေ လိုအပ်ချက် နှင့် ခန့်မှန်းအသုံးစရိတ် တွက်ချက် ခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲခြင်း အပါအဝင် budget plan ရေးဆွဲခြင်းကို သက်ဆိုင်ရာ Finance Department, Organizational Development Department မှ တာဝန်ရှိသူများ နှင့် တွဲဖက်ရေးဆွဲရမည်။
- စီမံကိန်းလုပ်ငန်းများကို လျာထားသည့် ပြီးမြောက်မှု (target) နှင့် အချိန်ကာလ (timeline) အတွင်း အချိန်မီ ပြီးမြောက်စေရန် Program Team ကို ကြီးကြပ် ညွန်ကြား ဦးဆောင်ရမည်။
- မဲဆောက်တွင် ရုံးတက် အလုပ်လုပ်နိုင်ပြီး စီမံကိန်းတစ်ခုလုံးကို အောင်မြင် အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော်၍ အနည်းဆုံး (၁) နှစ် တာဝန်ယူ လုပ်ဆောင်နိုင်ရမည်။
- စီမံကိန်းများလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျား/မ တန်းတူညီမျှရေး ဆိုင်ရာ အခြေခံ သဘောတရား များကို ထည့်သွင်း စဉ်းစား အကောင်အထည်ဖော်ဆောင်ရမည်။
- လိုအပ်ပါက စီမံကိန်းအဆိုပြုလွှာ (Proposal) အသစ်များ ရေးဆွဲတင်ပြနိုင်ရမည်။
အတွေ့အကြုံလိုအပ်ချက်
- လူ့အခွင့်အရေးလုပ်ငန်းစဥ်များ ဖြစ်သည့် လူ့အခွင့်အရေး အသိပညာပေးခြင်း (Education)၊ မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking)၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း (Documentation)၊ လူ့အခွင့်အရေး လှုပ်ရှားသူများအား အကာအကွယ်ပေးခြင်း (Protection) နှင့် လူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်း (Advocay) လုပ်ငန်းနယ်ပယ်များတွင် အနည်းဆုံး (၁) နှစ် အတွေ့အကြုံရှိရပါမည်။
- အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုခုတွင် စီမံကိန်းတာဝန်ခံအဖြစ် အနည်းဆုံး (၃) နှစ်လုပ်ကိုင်ဖူးရမည်။
- International Human Rights Principles and Mechanisms အကြောင်းအရာများကို ထဲထဲဝင်ဝင် သိရှိနားလည်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနောက်ခံ သမိုင်းကြောင်းများ/ ဖြစ်စဥ်များကိုလည်း သိရှိနားလည်ရပါမည်။
- အရပ်ဘက်အဖွဲ့အစည်းများ၊ Volunteers များနှင့် အနည်းဆုံး (၄) နှစ် လက်တွဲလုပ်ကိုင်ဖူးရမည်။
- Project Proposal နှင့် Report များ ကိုယ်တိုင်ရေးသားတင်သွင်းသော အတွေ့အကြုံရှိရမည်။
လိုအပ်သောကျွမ်းကျင်မှုများ
- အနည်းဆုံး ဘွဲ့တစ်ခုခုရရှိထားရပါမည်။
- MS Office, Google Drive, social media အစရှိသော Computer နှင့် IT Skills များ ရှိရမည်။
- Interpersonal, Intercultural, Networking နှင့် Communication Skills များ ကောင်းမွန်ရမည်။
- မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။
လျှောက်လွှာတင်ရန်
- Cover letter နှင့် CV form ကို Email:org.dvp.nmf.01@gmail.com သို့ ၁၈ အောက်တိုဘာလ ၂၀၂၄ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထားပေးပို့ပါရန်။
- CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။
- လူတွေ့အင်တာဗျူးအတွက် ရွေးချယ်ခံရသူ (Short listed applicants) များကိုသာ ပြန်လည်ဆက်သွယ် သွားမည်ဖြစ်ပါသည်။
အသေးစိတ်မေးမြန်းလိုပါက
တာ၀န်ခံ
Phone & Signal No. +66 99 010 4090
Email: org.dvp.nmf.01@gmail.com
New Myanmar Foundation