𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ရိက္ခာလျှောက်ထားနိုင်သည့်ရက်

New Myanmar foundation တွင် ရိက္ခာလျှောက်ထားနိုင်သည့်ရက်အား လစဉ် (၁) ရက်မှ (၁၅)ရက် ရုံးဖွင့်ရက် ရုံးချိန် မနက်(၉)နာရီခွဲမှ ညနေ (၅)နာရီအတွင်း လျောက်ထားနိုင်ကြောင်း ကြေငြာချက်ထုတ်ခဲ့သော်လည်း ယခုလာမည့် 10လပိုင်း 1/2 ရက်သည် ရိက္ခာဝေ မပြီးပြတ်သေးသော ကာလဖြစ်ပါသဖြင့် (3.10.2024) ရက်မှ (15.10.2024) ရက် ရုံးဖွင့်ရက် ရုံးချိန် မနက်(၉)နာရီခွဲမှ ညနေ (၅) နာရီအတွင်း လျှောက်ထားနိုင်ကြောင်း ကြေငြာအပ်ပါသည်ရှင့်…။ လစဉ်ကြေငြာချက်များကိုတော့ October လ ပထမပတ် အတွင်း ထုတ်ပြန်ကြေငြာပေးသွားပါမည်ရှင့်…။

𝐉𝐨𝐢𝐧𝐭 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐛𝐲 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 & 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧𝐬 𝐑𝐞𝐠𝐚𝐫𝐝𝐢𝐧𝐠 𝐭𝐡𝐞 𝐌𝐢𝐥𝐢𝐭𝐚𝐫𝐲’𝐬 𝐀𝐢𝐫𝐬𝐭𝐫𝐢𝐤𝐞 𝐨𝐧 𝐈𝐃𝐏𝐬 𝐜𝐚𝐦𝐩 𝐚𝐧𝐝 𝐔𝐫𝐠𝐞𝐧𝐭 𝐂𝐚𝐥𝐥 𝐟𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐜𝐭𝐢𝐨𝐧 𝐀𝐠𝐚𝐢𝐧𝐬𝐭 𝐌𝐢𝐥𝐢𝐭𝐚𝐫𝐲 𝐀𝐭𝐫𝐨𝐜𝐢𝐭𝐢𝐞𝐬 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်နေ့တွင် ကျရောက်သော 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐃𝐞𝐦𝐨𝐜𝐫𝐚𝐜𝐲 – အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် နယူးမြန်မာဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးအစီ အစဉ်နှင့် 𝐏𝐞𝐚𝐜𝐞 & 𝐒𝐨𝐜𝐢𝐚𝐥 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐆𝐫𝐨𝐮𝐩 တို့မှပူးပေါင်း၍ လူထုအခမ်းအနားပြုလုပ်ကျင်းပခြင်:

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ၊ ၁၅ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ဒီမိုကရေစီနေ့အဖြစ် New Myanmar Foundation, Human Rights Program နှင့် Peace and Social Justice Group တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး တနေရာတွင် လူထုအ ခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ တကသများ၊ CDMဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဦးဆောင်ဆွေးနွေးသူများမှ ဒီမိုကရေစီနိုင်ငံများ၏ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် မိမိတို့တင်မြှောက်လိုသော အစိုးရလွှတ်တော်များကို မိမိတို့ကိုတိုင် ရွေးချယ်တင်မြှောက်နိုင်ခြင်း၊ လွတ်လပ်စွာပြောဆိုနိုင်ခြင်း၊ လွတ်လပ်စွာစုဝေးနိုင်ခြင်း၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းနိုင်ခြင်း အစရှိသည့် အခွင့်အရေးများစွာရှိသည်ကို ဆွေးနွေးခဲ့ကြသည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်၀ါရီလ၊ (၁)ရက်နေ့တွင်အကြမ်းဖက်စစ်အုပ်စုမှ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 / 𝐎𝐜𝐭𝐨𝐛𝐞𝐫 (𝟐) လစာ အတွက်ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

August 1 မှ August 15 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (1914) ဦးအား (26-9-2024) ကြာသပတေး နှင့် (27-9-2024) သောကြာ (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ September / October (၂) လစာကို ငွေသားအစား ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် August 1 မှ August 15 ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက် ထားခဲ့သော Signal နံပါတ်များသို့ ရုံးဖုန်း 0659252173 Signal မှ (24-9-2024 ) (25-9-2024) (2) ရက်တွင် မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုပေးပါရန် […]

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

အပတ်စဉ် (၄၄) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း ရက်စွဲ။ ။ စက်တင်ဘာလ (၂၀) ရက် ၊ ၂၀၂၄ ခုနှစ်။ မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်၍ သင်တန်းအပတ်စဥ် (၄၄) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို အောက်တိုဘာလ (၁) ရက်နေ့ မှ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပါသည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပြီး အမျိုးသမီး ဦးစားပေးခေါ်ယူမည်ဖြစ်ပါသည်။ ယခု အခြေခံမော်တာစက်ချုပ်သင်တန်း […]

၁၉၈၈ခုနှစ်စစ်အာဏာသိမ်းမှု (၃၆) နှစ်မြောက်နှစ်ပတ်လည်နေ့နှင့်၂၀၀၇ခုနှစ်ရွှေ၀ါရောင်တော်လှန်ရေး(၁၇) နှစ်မြောက်နှစ်ပတ်လည်နေ့ပြည်သူများထံသို့ပန်ကြားချက်

ယနေ့သည် ပြည်သူများမှ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသော ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးအား စစ်တပ်မှ အကြမ်းဖက် ချေမှုန်းပြီး အာဏာသိမ်းယူခဲ့သောနှစ်ပတ်လည်နေ့ဖြစ်သည့်အပြင် ၂၀၀၇ ခုနှစ်၌ သံဃာတော်များမှဦးဆောင်ကာ  စစ်အာဏာရှင်များအပေါ် ကံဆောင်ခြင်းသပိတ်ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံး ဆန္ဒဖော်ထုတ်ခဲ့သောရွှေ၀ါရောင်တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါသည်။ တနည်းအားဖြင့် စစ်တပ်မှ ပြည်သူတရပ်လုံးကို စစ်ကျွန်ဇာတ်သွင်းသောနေ့နှင့် သံဃာထုတရပ်လုံးမှ စစ်အာဏာရှင်စနစ်သည် ပြည်သူများအတွက် မည်သို့မျှ ကောင်းကျိုးမပေးကြောင်း ဖော်ထုတ် မီးမောင်းထိုး ဆန့်ကျင်ဆန္ဒပြမှု၏ အထိမ်းအမှတ်နေ့ ဖြစ်ပါသည်။ ဤသံဃာ့လှုပ်ရှားမှုကြီးကိုလည်း စစ်တပ်မှ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းခဲ့မှုကြောင့် သံဃာတော်များစွာ ပျံလွန်တော်မူခဲ့ရပြီး ကျန်ရှိသော သံဃာများစွာမှာလည်း နှစ်ရှည်ထောင်ချအနှိပ်စက်ခံခဲ့ရပါသည်။ ထို့အပြင် စစ်ကြောရေးစခန်း၊ ထောင်နှင့် ရဲဘက်စခန်းများ တွင်လည်း  သံဃာတော်များစွာ ထပ်မံပျံလွန်တော်မူခဲ့ကြရပါသည်။ မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ကြောင့် သံဃာတော်များအပါအ၀င် တိုင်းရင်းသားပေါင်းစုံနှင့် […]

(၁၇) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ကျရောက်သော “(၁၇) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်တွင်အသက်ပေးလှူသွားရသော ရဟန်းရှင်လူ၊ ကျောင်းသား၊ပြည်သူများအတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် “၈” စက္ကန့်ငြိမ်သက်ခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)၊ ဆရာတော် ဦိး‌ဃောသိတသာရ (မှော်ဘီ)၊ […]

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၃) သင်တန်းဖွင့်ပွဲအခမ်းအနား

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၅) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ်-(၄၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် မဲဆောက်မြို့ရှိ နယူးမြန်မာဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံ မော်တာစက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ (၁၂) ရက်ကြာ သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား New Myanmar Foundation  မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ  အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် နှင့် အထည်ချုပ်စက်ရုံများတွင် စက်ချုပ်အလုပ်အကိုင်အား အလွယ်တကူရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ […]

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐃𝐞𝐦𝐨𝐜𝐫𝐚𝐜𝐲 နေ့အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

နေ့စွဲ – ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သော “အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသော နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ယက် (ဦးဆောင်ကော်မတီအဖွဲ့ဝင်)မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးထွန်းကြည် ၊ ၁၉၇၄ , ၁၉၇၅, ၁၉၇၆ ကျောင်းသားခေါင်းဆောင်းဟောင်းတစ်ဦးဖြစ်သူ ဦးအောင်သန်းမြင့် နှင့် မေမေ့ရင်ခွင်အဖွဲ့မှ Founder ဖြစ်သူ ဦးသန်းမြင့်အောင်တို့မှ အသီးသီးအမှာစကားများပြောကြားခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ […]

လူ့အခွင့်အရေးအစီအစဥ်မှ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းနှင့်အချက်အလက်များ စိစစ်ပြင်ဆင်ရေးသားခြင်းလုပ်ငန်း 𝐃𝐚𝐭𝐚 𝐄𝐝𝐢𝐭𝐨𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation အနေဖြင့် Human Rights Program ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိလုပ်ဆောင်သွားမည်ဖြစ်ရာ လူ့အခွင့်အရေးချိုးဖောက်မှု Data အချက်အလက်များအား စိစစ်ပြင်ဆင်ခြင်း၊ အစီရင်ခံစာပြုစုခြင်း လုပ်ငန်းအတွက် (Data Editor) လျှောက်လွှာများ ခေါ်ယူနေပါသည်။ လူ့အခွင့်အရေးအစီအစဥ် – လူ့အခွင့်အရေးချိုးဖောက်မှူဆိုင်ရာ အချက်အလက်များအား စိစစ်ပြင်ဆင်ရေးသားခြင်း (Data Editor) လျှောက်လွှာလက်ခံမည့်ကာလ : ၁၂.၀၉.၂၀၂၄ မှ ၁၈.၀၉.၂၀၂၃၄ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၀,၀၀၀ အစီရင်ခံရမည့်သူ : Human Rights Program Manager (New Myanmar Foundation) […]

error: Content is protected !!