အွန်လိုင်းထိုင်းဘာသာ စကားပြောသင်တန်း အပတ်စဥ် (၁) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် New Myanmar Foundation မှ အခြေခံ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် နေ့မှ စတင်၍ Japan’s Official Development Assistance-ODA ၏ ပံ့ပိုးပေးမှုဖြင့် (၃) လတာ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။

ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Zoom Application) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ် တက်ရောက်နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

1. Class A: တနင်္လာ, ဗုဒ္ဓဟူး, သောကြာ, ညနေ ၇ နာရီ မှ ၉ နာရီ

2. Class B: တနင်္လာ, ဗုဒ္ဓဟူး, သောကြာ, ညနေ ၇ နာရီ မှ ၉ နာရီ

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို အောက်တိုဘာလ (၁) ရက်နေ့ မှ (၇) ရက် နေ့အထိ ဖွင့်လှစ်ထားပေးပြီး တန်းခွဲတစ်ခုလျှင် (၂၅) ဦး နှုန်းဖြင့် စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၅၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် – https://forms.gle/DwxUHLALrzxWVbhQ6

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Phone: +66 9 48855116

Signal/Telegram: +66927833262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!