- New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ စ၍ ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ အထိ စုစုပေါင်း လူဦးရေ (၂၁၀၀၀) ကျော်အား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။
- New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်တွင် ၂၀၂၄ ခုနှစ် ၊ မတ်လ မှစတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေးကြိုးပမ်းသူများအတွက် နှင့် စစ်မှု မထမ်းလို၍ ပြည်တွင်းမှ မဲဆောက်သို့ရှောင်တိမ်းလာသည့်သူများအတွက်ဟူ၍ ရိက္ခာ လျှောက်ထားမှု အစီအစဉ်အား (၂) မျိုး ခွဲ၍ ဆောင်ရွက်ပေးလျက် ရှိပါသည် ။
- New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်တွင် နောက်တိုး အစီအစဉ် (၁) ခု ဖြစ်သည့် ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ မှ စတင်ကာ စစ်မှုမထမ်း လို၍ ပြည်တွင်းမှ မဲဆောက်သို့ ရှောင်တိမ်းလာသည့် သူများအတွက် ဆောင်ရွက်ပေးလျက် ရှိရာ ယခုအခါ ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ အထိ လူဦးရေ (၁၂၀၀) ကျော်အား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။
- ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင်ဖော်ပြထားသည့် Phone ၊ Signal ၊ Email တို့မှ ရုံးချိန် နံနက် ၉း၃၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Basic Food Support Program Manager
Hay Mar
New Myanmar Foundation
Phone: +66 659 252 173
Signal: 0659252173
Email: foodprogram.nmf@gmail.com



