လူ့အခွင့်အရေးအစီအစဥ်မှလူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းနှင့်အချက်အလက်များ စိစစ်ပြင်ဆင်ရေးသားခြင်းလုပ်ငန်း Data Editor ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation မှ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ လူ့အခွင့်အရေး ၅ နှစ်တာ အစီအစဥ်အား (Human Rights Program) လုပ်ဆောင်လျက်ရှိရာ လူ့အခွင့်အရေးချိုးဖောက်မှု Data အချက်အလက်များအား စိစစ်ပြင်ဆင်ခြင်း၊ အစီရင်ခံစာပြုစုခြင်း လုပ်ငန်းအတွက် (Data Editor) လျှောက်လွှာ များ ခေါ်ယူနေပါသည်။

ရာထူး   :           လူ့အခွင့်အရေးချိုးဖောက်မှူဆိုင်ရာအချက်အလက်များအား စိစစ်ရေးသားသူ[_P1] အယ်ဒီတာ(Data Editor)

လျှောက်လွှာလက်ခံမည့်ကာလ     :           ၁၁/၁၀/၂၀၂၄ မှ ၂၀/၁၀/၂၀၂၄ အထိ

နေရာ                                        :           မဲဆောက်

အစမ်းခန့်ကာလ                         :           ၃ လ                  

လစာ                                        :           ဘတ် ၁၀၀၀၀                  

အစီရင်ခံရမည့်သူ                        :           Human Rights Program Manager

ခန့်အပ်မည့်ဦးရေ                        :           (၁) ဦး

လုပ်ဆောင်ရမည့်တာဝန်များ

  • Editor မှ Documentation Team တစ်ခုလုံးအား ဦးဆောင်ပြီး ပြည့်စုံကောင်းမွန်မှန်ကန်သော အချက်အလက်များပါရှိသည့် လူ့အခွင့်အရေး မှတ်တမ်းအစီရင်ခံစာများ ထွက်ရှိရန် အစီအစဉ်ရေးဆွဲခြင်း၊ မှတ်တမ်းအစီရင်ခံစာများရေးသားပြုစုခြင်းနှင့် အဖွဲ့ဝင် Online/Ground Data Collectors များအား သတင်းအချက်အလက်ကောက်ယူဖြည့်သွင်းခြင်းနည်းစနစ်များ သင်ကြားပြသခြင်းနှင့် အကြံပြုခြင်း၊
  • Online/Ground Data Collectors များမှ ကောက်ယူဖြည့်သွင်းထားသော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို စိစစ်ပြင်ဆင်ခြင်း၊ Data Collector များနှင့် လိုအပ်သလို ဆွေးနွေး ညှိနှိုင်းခြင်း၊ Guideline ချမှတ်ပေးခြင်း၊
  • ကောက်ယူလာသောအချက်အလက်များအား စုစည်းပြီး ပြည့်စုံသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ များအား သတ်မှတ်ထားသော ရက်၌ မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ထုတ်ပြန်ခြင်း (သတ်မှတ်ထားသော အစီရင်ခံစာများမှာ လစဉ်အစီရင်ခံစာ၊ သုံးလပတ် အစီရင်ခံစာ နှင့် ၁ နှစ်စာ Year Book တို့ဖြစ်သည်။)၊
  • လူအခွင့်အရေးချိူးဖောက်မှုများအား စောင့်ကြည့်မှတ်တမ်းတင်နေသော ပြည်ပအဖွဲ့အစည်းများမှ ဖော်ပြထားသောအချက်အလက်များအားလည်း လိုအပ်ပါက စုစည်းဘာသာပြန်ပြီး လူ့အခွင့်အရေး မှတ်တမ်းအစီရင်ခံစာတွင် ထည့်သွင်းခြင်း၊
  • ဆိုးရွားပြင်းထန်စွာကျူးလွန်ခံသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အချိန်နှင့်တပြေးညီ Statement ထုတ်ပြန်နိုင်ရေး မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ရေးသားပြုစုခြင်း၊
  • လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က လုပ်ဆောင်နေသောလုပ်ငန်းများအား Donor အဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများနှင့်တွေ့ဆုံသော အစည်းအဝေးမျာ;တွင်လည်းကောင်း၊ မှတ်တမ်းတင်ပြုစု ထားသည့် အချက်အလက်နှင့် အစီအရင်ခံစာများကို လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ/ အစည်းအဝေးများတွင်လည်းကောင်း မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် တင်ပြဆွေးနွေးပြောဆိုခြင်း၊
  • လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့၏ Activity Report အား လစဉ် သတ်မှတ်ထားသောရက်၌ Program Manager ထံတင်ပြခြင်း။

အတွေ့အကြုံ/အရည်အချင်းလိုအပ်ချက်

  • လူ့အခွင့်ရေးဆိုင်ရာ အခြေခံဗဟုသုတရှိရမည်။
  • Computer literacy နှင့် IT အခြေခံဖြစ်သည့် Google Sheet, MS Office, social media အသုံးပြုတတ်ရမည်။ Infographic report များပြုလုပ်နိုင်ရမည်။
  • Interpersonal, Networking နှင့် Communication Skills များကောင်းမွန်ရမည်။
  • အနည်းဆုံး ဘွဲ့တစ်ခုခုရရှိထားလျှင် ပိုမိုကောင်းမွန်သည်။
  • Myanmar၊ English နှစ်ဘာသာလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။
  • လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့တွင် အနည်းဆုံး ၁ နှစ်ကြာ တာဝန်ထမ်းဆောင်နိုင်သူကို ဦးစားပေးမည်။

လျှောက်လွှာတင်ရန်

လျှောက်ထားလိုသူများသည် org.dvp.nmf.01@gmail.comသို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာပူးတွဲ ပေးပို့ လျှောက်ထားနိုင်သည်။

  • ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများအပါအဝင် လူ့အခွင့်အရေးလုပ်ဆောင်ချက်များ ရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာထည့်သွင်း ရေးသားထားသည့် CV Form
  • ပညာအရည်အချင်းလက်မှတ်များ
  • ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်းဖော်ပြရန်။

အသေးစိတ်မေးမြန်းလိုပါက

တာ၀န်ခံ

Phone & Signal No. +66 99 010 4090

Email: org.dvp.nmf.01@gmail.com      

New Myanmar Foundation


 [_P1]စိစစ်ရေးသားသူ အယ်ဒီတာ

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!