𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝟐𝟎𝟐𝟒 𝐎𝐜𝐭𝐨𝐛𝐞𝐫 လအတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်လချုပ်အစီရင်ခံစာ

New Myanmar Foundationမှ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်ပက်သက်သော လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ကြိုးစားဖော်ဆောင်လျက်ရှိရာ အခြေခံစားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ Safehouseများ ပေးခြင်း၊ ဘာသာစကားသင်တန်းများပေးခြင်းအပြင် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းလုပ်ငန်းများကိုပါ ပြီးခဲ့သော September လအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ New Myanmar Foundation၏ ၂၀၂၄ခုနှစ် September လ အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်အစီရင်ခံစာအား အများပြည်သူများအကျိုးအတွက် သတင်းပေးတင်ပြအပ်ပါသည်။ New Myanmar Foundation၏ လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းလို၍ ဖြစ်စေ၊ စီမံကိန်းအစီအစဉ်များတွင် ပါဝင်လျှောက်ထားလို၍ ဖြစ်စေ၊ New Myanmar Foundation၏ ယခုFacebook Page, Messengerနှင့် တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.newmyanmarfoundation.orgတွင် ဝင်ရောက်လေ့လာပါဝင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ https://newmyanmarfoundation.org/wp-content/uploads/2024/11/October-Activity-Report.pdf

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား

ရက်စွဲ။ ။၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် 𝐉𝐚𝐩𝐚𝐧’𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞-𝐎𝐃𝐀 ၏ ပံ့ပိုးကူညီမှုဖြင့် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၃) ဦး နှင့် အမျိုးသား သင်တန်းသား (၅) ဦး စုစုပေါင်း (၈) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ ဦးစွာပထမ New Myanmar Foundation ၏ […]

မြန်မာပြည်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ထောက်ပံ့ကြေးကူညီမည့် အစီအစဉ်

မြန်မာပြည်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ထောက်ပံ့ကြေးကူညီမည့် အစီအစဉ်အတွက် လျှောက်ထားနိုင်ရန် ဖိတ်ခေါ်ခြင်း နေ့စွဲ။ ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်။ မြန်မာပြည်သူ/သားများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဦးစွာပဏာမ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ New Myanmar Foundation သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအား အားသွန်ခွန်စိုက် ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်းဖြစ်ရာ ယခု ၂၀၂၄ နိုဝင်ဘာလမှ စတင်၍ မြန်မာပြည်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၁၈၀) ဦးအား အရေးပေါ်ထောက်ပံ့ကြေးများ ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။ ယခု ထောက်ပံ့ကြေးအစီအစဉ်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ အထိ (၆) လကြာ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

အပတ်စဉ် (၄၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း ရက်စွဲ။ ။ အောက်တိုဘာလ (၂၄) ရက် ၊ ၂၀၂၄ ခုနှစ်။ မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။ Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ စတင်၍ သင်တန်းအပတ်စဥ် (၄၆) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို နိုဝင်ဘာလ (၄) ရက်နေ့ မှ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပါသည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်

New Myanmar Foundation ၏ နယူးမြန်မာတယ်လီကျန်းမာ အစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ် ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီ သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်း လုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့ မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့နေရပါသည်။ ဘာသာစကား အခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင် များစွာသော အတားအဆီးများ ရှိနေပါသည်။ ၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐎𝐜𝐭𝐨𝐛𝐞𝐫 / 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 (𝟐) လစာ အတွက် ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

Date – 18-Oct-2024 ——————————————————- September 5 မှ September 15 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (175) ဦးအား (21-10-2024) တနင်္လာ နေ့ (၁) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ October / November (၂) လစာကို ငွေသားအစား ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် September 5 မှ September 15 ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သူများအနေဖြင့် မိမိတို့ လျှောက်လွှာတွင် ဖြည့်စွက်ထားခဲ့သော Signal နံပါတ်များသို့ ရုံးဖုန်း 0659252173 Signal မှ (19-10-2024) ရက်နေ့တွင် မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုပေးပါရန် ပန်ကြားအပ်ပါသည်။ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထား သောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။ Safe House ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ နှင့် […]

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၅) သင်တန်းဖွင့်ပွဲအခမ်းအနား

ရက်စွဲ။              ။၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက် ========================================================================================= Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၅) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ်-(၄၅) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ရှိ နယူးမြန်မာဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၆) ဦး နှင့် အမျိုးသား သင်တန်းသား (၄) ဦး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ ဦးစွာပထမ သင်တန်းတာဝန်ခံ […]

စိုက်ပျိုးရေးသင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။            ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ  လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ ပထမအသုတ်ကို လာမည့် (၂၅ရက် အောက်တိုဘာ ) မှ (၂၃ ရက် နိုဝင်ဘာ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ဝင်တစား သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည် နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ […]

error: Content is protected !!