နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၆၀) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့ မှ (၁၄) ရက်နေ့အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၆၀) သင်တန်းဆင်းပွဲ အခမ်း အနား ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့ ညနေ (၀၄: ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၆၀) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၄) ယောက်၊ သင်တန်းသား(၁) ယောက် စုစုပေါင်း (၅) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းဆရာမ ဒေါ်သီတာ မှ […]
စိတ်ဓါတ်ကြံ့ကြံ့ခံနိုင်စွမ်းရည် မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း

𝐍𝐨𝐰 𝐚𝐜𝐜𝐞𝐩𝐭𝐢𝐧𝐠 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬: 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩မင်္ဂလာပါရှင်။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီများ ပေးလျှက်ရှိနေရာ “စိတ်ဓါတ်ကြံ့ကြံ့ခံနိုင်စွမ်းရည်” ဆိုင်ရာ ဆွေးနွေးပွဲများ လစဉ် ပြုလုပ်လျက် ရှိပါသည်။ ဆွေးနွေးပွဲသို့ လူကိုယ်တိုင် ပါဝင်တက်ရောက်ရမည်ဖြစ်ပြီး၊ စိတ်ဝင်စားပါက အောက်ပါ လင့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။ ကျင်းပမည့်အချိန် Class 1 ။ ။ နေ့ရက် – ဇွန်လ (၂၃) ၂၀၂၅ ခုနှစ်၊ (တနင်္လာနေ့) အချိန် – နံနက် ၉ နာရီခွဲမှ၊ ၁၂နာရီခွဲအထိ Class […]
အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဥ် (၅) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာပြည်သူ/ပြည်သားများ ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင် ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများ အနေဖြင့် နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန် ရည်ရွယ် ၍ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၅)အား ၂၀၂၅ ခုနှစ် ဇွန်လ (၂၃) ရက်နေ့တွင် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါသည်။ သင်တန်းကာလအနေဖြင့် အပတ်စဉ် (၁) ခုလျှင် (၁၀) ရက် ကြာမြင့်မည်ဖြစ်ပြီး ကွန်ပျူတာကို အခြေခံတက်ရောက်လိုစိတ်ရှိပြီး ပညာရေးနှင့် အလုပ်အကိုင်ရှာဖွေရန် ကြိုးစားနေကြသော မဲဆောက်ရောက် […]
အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၄) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင် ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကား ဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံအွန်လိုင်း ထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာ စကားသင်တန်း သင်တန်းအပတ်စဉ် (၁၄) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာ စကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင် ပါသည်။ ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနား

N𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၇) ဦး နှင့် အမျိုးသား သင်တန်းသား (၆) ဦး စုစုပေါင်း (၁၃) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ သင်တန်းတာဝန်ခံ ဒေါ်ခင်လှဌေးမှ စိုက်ပျိုးရေးသင်တန်းသည် အပတ်စဉ် (၉) ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခက်ခဲရှိပြီး ရပ်တည်ရေးအတွက်ခက်ခဲနေသည့် မြန်မာပြည်သူများ မိမိကိုယ်ကိုရပ်တည်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၃၀) ရက်အတွင်း […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (ဇွန်လ) အတွင်း ဇူလိုင်လ နှင့် ဩဂုတ်လ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ – မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ အရပ်သား CDM များ / မိသားစုဝင်များ ၃။ စစ်/ရဲ CDM […]
𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသော မြန်မာနိုင်ငံသားအတွက် နေရာထိုင်ခင်းများ ထောက်ပံ့ပေးသည့် (Safe House) အစီအစဥ်အား ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအစီအစဉ်အတွက်ဝန်ထမ်း (Program Officer) လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး – Program Officer လျှောက်လွှာလက်ခံမည့်ကာလ – ၄.၆.၂၀၂၅ မှ ၁၃.၆.၂၀၂၅ ခုနှစ်အထိ နေရာ – မဲဆောက် အစမ်းခန့်ကာလ – ၃ လ အစမ်းခန့်လစာ – ဘတ် ၇၀၀၀ ပုံမှန်လစာ – ဘတ် ၁၀၀၀၀ အစီရင်ခံရမည့်သူ – Safe House Program Manager ခန့်အပ်မည့်ဦးရေ – […]
𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍 မှ 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 & 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၄.၆.၂၀၂၅ မှ ၁၃.၆.၂၀၂၅ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ အစမ်းခန့်လစာ : ဘတ် ၈၀၀၀ ပုံမှန်လစာ : ဘတ် ၁၀၀၀၀ အစီရင်ခံရမည့်သူ : Executive Director လုပ်ဆောင်ရမည့်တာ၀န်များ ================ M&E Officer သည် အတွေ့အကြုံလိုအပ်ချက် ============== *𝗠𝗼𝗻𝗶𝘁𝗼𝗿𝗶𝗻𝗴 𝗮𝗻𝗱 𝗲𝘃𝗮𝗹𝘂𝗮𝘁𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူး နှင့် အလားတူ ရာထူးမျိုးတွင် အတွေ့အကြုံရှိ သူအား ဦးစားပေးပါမည်။ *Management […]
𝐈𝐧𝐭𝐞𝐫𝐬𝐡𝐢𝐩 အစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း

𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡 ၏ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 အစီအစဉ်အတွက် လျှောက်လွှာအသစ်များ ထပ်မံခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၄-၆-၂၀၂၅ ရက်နေ့မှ ၁၂-၆-၂၀၂၅ ရက်နေ့အထိ အလုပ်တည်နေရာ : ………မဲဆောက် ခန့်အပ်မည့်ကာလ : ………..၃ လ အလုပ်ချိန် : ………. ၁ ပတ် (၅) ရက်၊ (မနက် (၉) နာရီမှ (၅ ခွဲ) ထိ) ။ လစာ : …………. ၅၀၀၀ ဘတ် (Minimun) လိုအပ်သည့်အရည်အချင်း ================ • 𝗠𝗦 𝗢𝗳𝗳𝗶𝗰𝗲 & 𝗕𝗮𝘀𝗶𝗰 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝘀𝗸𝗶𝗹𝗹 • 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 • […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်အဆောင် အမျိုးသားသီးသန့်အဆောင် နှင့် မိသားစုအဆောင်များ ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် […]