𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍 မှ 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 & 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ : ၄.၆.၂၀၂၅ မှ ၁၃.၆.၂၀၂၅ အထိ

နေရာ : မဲဆောက်

အစမ်းခန့်ကာလ : ၃ လ

အစမ်းခန့်လစာ : ဘတ် ၈၀၀၀

ပုံမှန်လစာ : ဘတ် ၁၀၀၀၀

အစီရင်ခံရမည့်သူ : Executive Director

လုပ်ဆောင်ရမည့်တာ၀န်များ

================

M&E Officer သည်

  • စီမံကိန်းများ၏ ရလာဒ်များအား အချိန်နှင့် တပြေးညီ စောင့်ကြည့်လေ့လာ အကဲဖြတ်ပေးရမည်။
  • လေ့လာစောင့်ကြည့် အကဲဖြတ်မှုများ ပြုလုပ်ရာတွင် စီမံကိန်းအလိုက်သင့်လျော်၍ ကိုက်ညီသော M&E တွက်ချက်မှုများ၊ နည်းလမ်းများဖြင့် လုပ်ဆောင်ရမည်။
  • စီမံကိန်း၏ တိုးတက်မှုအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် စီမံကိန်းတွင် ပါ၀င်သော လုပ်ဖော် ကိုင်ဖက်များကို သင့်လျော်သည့်/ ကောင်းမွန်သည့် လမ်းညွှန်မှုများ ပြုလုပ်ပေးရမည်။
  • စီမံကိန်းများ၏ ရလာဒ်များနှင့် ပတ်သက်၍ မှန်ကန်၊ အထောက်အကူဖြစ်စေသော အစီရင်ခံစာများ ကို အဖွဲ့အစည်းအတွက် ထုတ်ပြန်ပေးရမည်။
  • စီမံကိန်းများအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းတခုလုံးအပေါ်တွင်လည်းကောင်း အပြု သဘောဆောင်သော အကဲခတ်ဖြတ် အကြံပြုမှုများကို လုပ်ဆောင်၍ အုပ်ချုပ်မှုဒါရိုက်တာ ထံသို့ တင်ပြဆွေးနွေးရမည်။
  • ကွင်းဆင်းဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းများတွင် ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်ရမည်။
  • M&E နှင့် ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်းများကို လိုအပ်သည့်အတိုင်း ဖန်တီးဆောင်ရွက် ရမည်။
  • စီမံကိန်းအလှူရှင်များမှ ဖိတ်ကြားသော M&E ဆိုင်ရာ အစည်းအ‌ဝေးများကို ဦးဆောင် တက်ရောက် ဆွေးနွေးရမည်။
  • စီမံကိန်းအဆိုပြုချက်များရေးသားရာတွင် M&E Framework များကို ၀င်ရောက်ရေးဆွဲပေးရမည်။

အတွေ့အကြုံလိုအပ်ချက်

==============

*𝗠𝗼𝗻𝗶𝘁𝗼𝗿𝗶𝗻𝗴 𝗮𝗻𝗱 𝗲𝘃𝗮𝗹𝘂𝗮𝘁𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူး နှင့် အလားတူ ရာထူးမျိုးတွင် အတွေ့အကြုံရှိ သူအား ဦးစားပေးပါမည်။

*Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

*NGO ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်သောအတွေ့အကြုံရှိရမည်။

*ရုံးပိုင်းဆိုင်ရာပြသနာများကို ကောင်းမွန်မှန်ကန်စွာဖြေရှင်းနိုင်သော အတွေ့အကြုံရှိရမည်။

*NGOs တွင် အလုပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။

ပညာအရည်အချင်း

=============

*ဘွဲ့ရရှိသူဖြစ်ရမည်။

*M&E Mechanism များအား ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရမည်။

*MS Office, Google Drive, Social Media Skill များ ကောင်းမွန်ရမည်။

*English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။

*Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။

အခြား

=====

*New Myanmar Foundation တွင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။

*ကားနှင့် ဆိုင်ကယ် မောင်းနှင်တတ်သူ ဦးစားပေးမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

===============

*Cover letter နှင့် CV Form အား 𝐧𝐞𝐰𝐦𝐲𝐚𝐧𝐦𝐚𝐫𝐨𝐟𝐟𝐢𝐜𝐞@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 Email သို့ ပေးပို့ပေးပါရန်။

*Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

*CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

*လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက :

Admin Dept

Phone Number/ Signal Number – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

Email – newmyanmaroffice@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!