New Myanmar Foundation (ဇွန်လ) အတွင်း ဇူလိုင်လ နှင့် ဩဂုတ်လ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။

New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –

မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။

အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။

၁။ အရပ်သား CDM များ / မိသားစုဝင်များ

၃။ စစ်/ရဲ CDM များ / မိသားစုဝင်များ

၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ

၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင်မိသားစုဝင်များ

✍️ အသက် (၁၈ နှစ် မှ ၅၀ နှစ်) အတွင်း ရိက္ခာလျှောက်ထားမှုအား *(ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေး များ (အုပ်ထိန်းသူမရှိသူများ) မှ အပ*) အလှူရှင်၏ အခက်အခဲကြောင့် ခေတ္တာယာယီ လက်မခံသေးပါ။

✍️ မိသားစု ဝင်ငွေရှိသူများ အနေဖြင့် လျှောက်ထား၍ မရပါ။ (လူသစ်/လူဟောင်း) အားလုံးနှင့် သက်ဆိုင်ပါသည်။ ရိက္ခာလျှောက်ထားသူများ၏ ထောက်ခံပုဂ္ဂိုလ်များအပြင် NMF မှ Ground Volunteers ၏ သိရှိမှုပေါ်အခြေခံ၍လည်း Cancel လုပ်သွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ် ပါသည်။)

✍️ အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။

✍️ အလှူရှင်၏ အခက်အခဲကြောင့် ရိက္ခာလျှောက်ထားသည့် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ လက်ရှိကာလတွင် ရှိနေပြီး ထပ်မံ၍လည်း ကြုံတွေ့နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

အသေးစိတ်အား ကြေငြာချက်တွင်ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင့်

ဆက်သွယ်မေးမြန်းရန်

Basic Food Support Program Manager
Hay Mar
Phone: +66 659 252 173
Signal: 0659252173
foodprogram.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!