𝗗𝗮𝗺𝗮𝗴𝗲𝘀 𝗮𝗻𝗱 𝗹𝗼𝘀𝘀𝗲𝘀 𝗼𝗳 𝗦𝗮𝗴𝗮𝗶𝗻𝗴 𝗘𝗮𝗿𝘁𝗵𝗾𝘂𝗮𝗸𝗲 𝗶𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗯𝗲𝘁𝘄𝗲𝗲𝗻 𝗠𝗮𝗿𝗰𝗵 𝟮𝟴 𝗮𝗻𝗱 𝗝𝘂𝗻𝗲 𝟮𝟯, 𝟮𝟬𝟮𝟱
𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် 𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၅ခုနှစ် မေလမှ စတင်၍ အပတ်စဥ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၄နာရီ) အတွင်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ရည်ရွယ်ချက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေး ပေးနိုင်ရန် ရည်ရွယ်ပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ 𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 […]
𝟏𝟐-𝟎𝟔-𝟐𝟎𝟐𝟓 မှ 𝟐𝟓-𝟎𝟔-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

12 . 6 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော ( ကြက်ဟင်းခါးသီး – 15 kg ၊ ဘူးသီး – 19 kg ၊ ရုံးပတီသီး – 22 kg ၊ ကန်စွန်းရွက် – 20 kg ၊ ချဉ်ပေါင်ရွက် – 37 kg ၊ နှင့် ပဲတောင့်ရှည် – 43 kg စုစုပေါင်း = 156 kg ) အား မြူနီစပယ်ဧရိယာ – ၁ သို့ လူဦးရေ – 624 ဦး စာအတွက် NMF […]
𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်အဆောင် အမျိုးသားသီးသန့်အဆောင် နှင့် မိသားစုအဆောင်များ ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် […]
အမေစု အသက် (၈၀)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနား

၁၉ရက်၊ ဇွန်လ၊ ၂၀၂၅ ခုနှစ် (ကြာသပတေးနေ့) တွင်ကျရောက်သော အမေစု အသက် (၈၀)ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲအား New Myanmar Foundation မှ ကြီးမှူး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် New Myanmar Foundation ၏ Executive Director မှ အမေစု နှင့် ပတ်သတ်ပြီး မြန်မာပြည်သူများ အတွက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေးအား ကိုယ်ကျိုးမငဲ့ကွက်ပဲ ယခုအချိန်ထိ ပေးဆပ် ဆောက်ရွက်နေဆဲ ဖြစ်သည့် အတွက် အင်မတန် လေးစားထိုက်သူ ဖြစ်ကြောင်းနှင့် အမေစုအား ဂုဏ်ပြုသောအားဖြင့် ယခုအခမ်းအနားအား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မိမိတို့ဖက်မှလဲ တော်လှန်ရေးတွင် တက်နိုင်သလောက် […]
𝗗𝗮𝗺𝗮𝗴𝗲𝘀 𝗮𝗻𝗱 𝗹𝗼𝘀𝘀𝗲𝘀 𝗼𝗳 𝗦𝗮𝗴𝗮𝗶𝗻𝗴 𝗘𝗮𝗿𝘁𝗵𝗾𝘂𝗮𝗸𝗲 𝗶𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗯𝗲𝘁𝘄𝗲𝗲𝗻 𝗠𝗮𝗿𝗰𝗵 𝟮𝟴 𝗮𝗻𝗱 𝗝𝘂𝗻𝗲 𝟭𝟮, 𝟮𝟬𝟮𝟱
ဒေါ်အောင်ဆန်းစုကြည် အနှစ်(၈၀)မြောက် မွေးနေ့ဆုတောင်းသဝဏ်လွှာ

ယနေ့ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း၊ အနှောင်အဖွဲ့ အတားအဆီး အချုပ် အနှောင်များမှ အမြန်ဆုံးလွတ်မြောက် ပါစေကြောင်းနှင့်ပြည်သူလူထုကို ဆက်လက် ဦးဆောင်ပြီး သူမနှင့်တကွ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီပြည်ထောင်စုစနစ်ကြီးကို အလျင် အမြန်တည်ဆောက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမြော်အမြင်ကြီးကြသော တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကို တစည်းတလုံးတည်း ရယူရန်နှင့် တိုင်းရင်းသားတိုင်းတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်မည့် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုခဲ့ပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါသည်။ သို့သော် ခေါင်းဆောင်ကြီးများလုပ်ကြံခံရပြီးနောက် ပင်လုံစာချုပ်ပါ အနှစ်သာရများကို အာဏာပိုင်များမှ ပစ်ပယ်ခဲ့မှု အပေါ်မူတည်၍ ပေါ်ပေါက်လာသော မကျေလည်မှုများအပါအဝင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်စစ်တပ်အားကိုးဖြေရှင်းမှုများကြောင့် နောက်ဆုံးတွင် စစ်တပ်မှ […]
လူ့အခွင့်အရေး အခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အွန်လိုင်းသင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ ဇွန်လ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်။ နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ (၁၁) ရက်နေ့အထိ Zoom Platform ကို အသုံးပြုကာ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးမည့် လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေး သင်တန်းသို့ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ Google Form တွင် Register လုပ်နိုင်ပါသည်။ ဤသင်တန်း အပတ်စဉ်အတွက် ယခုလျှောက်လွှာ ခေါ်ယူခြင်းမှ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို ရွေးချယ်ကာ ဆက်သွယ်တက်ရောက်စေမည် ဖြစ်ပါသည်။ ဤသင်တန်းအစီအစဉ်၌ လူ့အခွင့်အရေးအမြင်ဖွင့်အသိပညာပေးခြင်း နှင့် ဒီဂျစ်တယ်ဘေးကင်း လုံခြုံရေး ဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ ဖွင့်လှစ်ပို့ချမည့် သင်တန်းအချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လို သူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းကြရပါမည်။ သင်တန်း […]
စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၀) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၈) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၁၀)သင်တန်းကို လာမည့် (၉ရက် ဇူလိုင်လ မှ ၅ ရက် ဩဂုတ်လ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စား စွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး နှင့် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၆၂) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၆၂)အတွက် သင်တန်းသားသစ် (၁၀)ဦး ထပ်မံ ခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည့် အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစု တန်းတူ အခွင့်အရေးများနှင့်အညီ အသက် (၄၀)နှစ်အောက် အမျိုးသမီးများအား ဦးစားပေးရွေးချယ် သွားမည် ဖြစ်ပါသည်။ (သို့သော် အမျိုးသားများလည်းလျှောက်ထားနိုင်ပါသည်။) သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်း တက်ရောက် […]