နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၆၀) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့ မှ (၁၄) ရက်နေ့အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၆၀) သင်တန်းဆင်းပွဲ အခမ်း အနား ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့ ညနေ (၀၄: ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၆၀) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၄) ယောက်၊ သင်တန်းသား(၁) ယောက် စုစုပေါင်း (၅) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းဆရာမ ဒေါ်သီတာ မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံး သွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ် ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်းဆရာမထံအကူအညီ တောင်းခံနိုင် ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည် အကျိုးပြုကြစေလိုကြောင်းနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး ဖြစ်ဖြစ် မြောက်မြောက် ထိထိရောက်ရောက် လုပ်စေလိုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသား၊ သင်တန်းသူများအတွက် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးရေး တာဝန်ခံ ကိုညီညီဦးမှလည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်၍ သိရှိထားရမည့် အချက်များကို သေချာစွာရှင်းလင်းပြောပြပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် သင်တန်းတာဝန်ခံမှ သင်တန်းကာလတလျှောက် စေတနာပြည့်ဝစွာဖြင့် သင်ကြား ပြသပေးခဲ့သော သင်တန်းဆရာမကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အလုပ်အကိုင်များချိတ်ဆက်ရှာဖွေပေးသော ကိုညီကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်း ပြီးဆုံးသွားသော်လည်း သင်တန်းသား၊ သင်တန်းသူများ အချင်းချင်း မိသားစုဝင်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးရှိကာ တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက ကူညီရိုင်းပင်းကြရန်နှင့် အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်း၊ သင်တန်းသားသင်တန်းသူတို့၏ အကြံပြုချက်များအတွက်ကျေးဇူးတင်ကြောင်းနှင့် ထိုအကြံပြုချက်များကိုလည်း တက်နိုင်သလောက် ကြိုးစားပြီးလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/အားနည်းချက်များ နှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါ သည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသူ၊သား (၅) ဦး တို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!