အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဥ် (၅) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။

ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာပြည်သူ/ပြည်သားများ ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင် ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများ အနေဖြင့် နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန် ရည်ရွယ် ၍ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၅)အား ၂၀၂၅ ခုနှစ် ဇွန်လ (၂၃) ရက်နေ့တွင် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါသည်။

သင်တန်းကာလအနေဖြင့် အပတ်စဉ် (၁) ခုလျှင် (၁၀) ရက် ကြာမြင့်မည်ဖြစ်ပြီး ကွန်ပျူတာကို အခြေခံတက်ရောက်လိုစိတ်ရှိပြီး ပညာရေးနှင့် အလုပ်အကိုင်ရှာဖွေရန် ကြိုးစားနေကြသော မဲဆောက်ရောက် မြန်မာပြည်သူ/သားများ လျှောက်ထားနိုင်ပါသည်။

အခြေခံကွန်ပျူတာ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း လူကိုယ်တိုင် (In Person) သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းကာလ – 𝟐𝟑.𝟎𝟔.𝟐𝟎𝟐𝟓 𝐭𝐨 𝟎𝟑.𝟎𝟕.𝟐𝟎𝟐𝟓

သင်တန်းအချိန် – 𝟏𝟐:𝟎𝟎𝐏𝐌 𝐭𝐨 𝟒:𝟒𝟓𝐏𝐌

သင်တန်းနေရာ – မယ်ပ ၊ ထိုင်းနိုင်ငံ။

အခြေခံကွန်ပျူတာ သင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 အား ဇွန်လ (၁၅) ရက်နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ သတ်မှတ်ထားသော လူဉီးရေပြည့်ပါက သင်တန်းလျှောက်လွှာဖောင်အား ပိတ်သွားမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများ ကိုသာ Signal/ဖုန်းမှတဆင့် ပြန်လည်အကြောင်းကြားပေးသွား မည်ဖြစ်ပါ၍ လျှောက်ထား လာသူများအနေဖြင့် မိမိတို့၏ Signal/ ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ် ခံအပ်ပါသည်။

အခြေခံကွန်ပျူတာသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/F9RM1BUhN3o3duzQ9

New Myanmar Foundation ၏ အခြေခံကွန်ပျူတာသင်တန်းများနှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ကွန်ပျူတာသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation)

Phone: +66 949 056 741

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!