အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၄) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင် ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကား ဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံအွန်လိုင်း ထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာ စကားသင်တန်း သင်တန်းအပတ်စဉ် (၁၄) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာ စကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင် ပါသည်။

ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှ တဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ်တက်ရောက် နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

1. Section 𝗔: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ——— ညနေ ၇ နာရီ မှ ၉ နာရီ

2. Section 𝗕: အင်္ဂါ၊ ကြာသပတေး၊ စနေ———– ညနေ ၇ နာရီ မှ ၉ နာရီ

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဇွန်လ (၁၁) ရက်မှ ဇွန်လ (၁၈) ရက်နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ ဦးစွာလျှောက်ထားသူ (၁၅၀) ဦးအနက် သင်တန်း ပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၆၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၃၀) ဦး နှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၆၀) ဦးကို လက်ခံသင်ကြား ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းသည် လုံး၀ အခမဲ့ ဖြစ်သည့်အပြင် သင်တန်းပုံမှန်တက်ရောက်သူများအား Data Fees နှင့် Certificate ချီးမြှင့်မည်ဖြစ်ပါသည်။

လျှောက်ထားသူများအနေဖြင့်လည်း သင်တန်းအား အမှန်တကယ်စိတ်ပါဝင်စား၍ ပြီးဆုံးအောင် တက်ရောက် နိုင်မှသာ လျှောက်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Telegram (သို့) E mail မှတဆင့် ပြန်လည်အကြောင်းကြား ပေးသွား မည် ဖြစ်သည့်အတွက် သင်တန်းလျှောက်ထားသူများ အနေဖြင့် မိမိတို့၏ Telegram (သို့) E mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ် ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/xc4byqwXWFMyZ5X36

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation)

Phone: +66 082 373 7160

Telegram No: +66 82 373 7160

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!