စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (Application form for resilience Training workshop)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိလာသော မြန်မာပြည်သူများအတွက် စိတ်ဓာတ်စွမ်းအားမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် သင်တန်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ မဲဆောက်မြို့အတွင်း ရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် ရည်ရွယ်ပါသည်။ သင်တန်းဆိုင်ရာအခြေခံအချက်အလက် သင်တန်းအချိန်နှင့်နေ့ရက် နေ့ရက် – […]

ထိုင်း-မြန်မာ စုပေါင်းဆွမ်းတော်ကြီးကပ်ခြင်းနှင့် စတုဒီသာကျွေးမွေးခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် မယ်ပ ၁၀ ရပ်ကွက် ဘုန်းကြီးကျောင်း(ဝပ်ဆန်ဒီထာန်)၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း–မြန်မာ စုပေါင်းဆွမ်းတော်ကြီးကပ်ခြင်းနှင့် စတုဒီသာကျွေးမွေးခြင်း အစီအစဉ်တွင် Blossom Future မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ မယ်ပ ၁၀ ရပ်ကွက်ရှိ ထိုင်းရပ်မိရပ်ဖများ၊ ရပ်ရွာတာဝန်ရှိသူများ၊ မြန်မာရပ်မိရပ်ဖများနှင့် ကျောင်းထိုင်ဆရာတော်တို့မှ နှစ်စဉ်ပူးပေါင်းစီစဉ်ကျင်းပသည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ထိုင်းနှင့် မြန်မာလူမှုအသိုင်းအဝိုင်းများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ ပွဲတွင် ထိုင်းဒကာ၊ ဒကာမများမှ ထိုင်းမုန့်တီနှင့် မြန်မာဒကာ၊ ဒကာမများမှ မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲတို့ကို စုပေါင်းပြင်ဆင်ကျွေးမွေးခဲ့ကြပါသည်။ ဆန်ခွဲဆောင်၊ ဘတ်ဆန်ကွင်း (၁၊ ၂)၊ အမှိုက်ပုံ၊ ကရင်ရွာ၊ ကျောက်စလစ်ရွာ၊ ကျွန်းတောရွာနှင့် အဝင်းကုန်ရွာတို့မှ ထိုင်းနှင့် မြန်မာ ဒေသခံပြည်သူများလည်း စုပေါင်းပါဝင်ခဲ့ကြပါသည်။ […]

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနား ထိုင်း-မြန်မာနယ်စပ်တွင် Blossom Future (BF) မှ ကြီးမှူးကျင်းပ

နေ့ရက် – စက်တင်ဘာလ (၂၁)ရက် ၂၀၂၆ ခုနှစ်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက် တနင်္လာနေ့တွင် ကျရောက်သော International Day of Peace – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို Blossom Future (BF) ပွင့်သစ်ဝေမှ ကြီးမှူး၍ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ရာ လူဦးရေစုစုပေါင်း (၁၁၁) ဦး တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသူ (၁၁၁) ဦးအနက် အမျိုးသား (၃၀) ဦးနှင့် အမျိုးသမီး (၈၁) ဖြစ်ပါသည်။ အခမ်းအနားတွင် ပြည်တွင်းငြိမ်းချမ်ရေး၊ ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသား အားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် ခေတ်အဆက်ဆက် အသက်ပေး တိုက်ပွဲဝင်သွားကြသော အာဇာနည်ကြယ်ပွင့်များအား ဂုဏ်ပြုသောအားဖြင့် […]

Blossom Future (ပွင့်သစ်ဝေ) မှ စိုက်ပျိုးမြေ အခမဲ့အသုံးပြုခွင့် ထောက်ပံ့ရေးအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၂၁ ရက် ။ မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ) မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်လျက်ရှိကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်နိုင်ရန်ရည်ရွယ်၍ တစ်လတာ စိုက်ပျိုးရေးသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အဆိုပါစိုက်ပျိုးရေးသင်တန်းတွင် အောင်မြင်စွာ ပြီးဆုံးထားသော သင်တန်းသား/သူများအပါအဝင်၊ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊ ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ရှေရှည်တိုးချဲရန် ရည်ရွယ်ထားသူများအား စိုက်ပျိုးမြေနေရာ အခမဲ့ကူညီ ထောက်ပံ့ပေးသွားပါမည်။ သို့ပါ၍ ထိုင်းနိုင်ငံ၊ မဲဆောက်၊ ဖရာဒါ့ဖာဒဲရပ်ကွက်အတွင်းရှိ Blossom Future (ပွင့်သစ်ဝေ) မှတဆင့် ငှားရမ်းထားသော […]

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် Blossom Future (BF) ပွင့်သစ်ဝေ အဖွဲ့အစည်း၏ သဘောထားထုတ်ပြန်ချက်

ရက်စွဲ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက် ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် Blossom Future (BF) အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်အရေး အခြေအနေ၊ ငြိမ်းချမ်းရေး အခြေအနေများနှင့် ပတ်သက်၍ အောက်ပါအတိုင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ ၁။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ကြောင့် အရပ်သားပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်ခွင့်နှင့် လုံခြုံမှု ဝေးကွာနေရပြီး တိုင်းပြည်တစ်ဝန်း အနိဋ္ဌာရုံပေါင်းစုံကို ရင်ဆိုင်ခံစားနေကြရပါသည်။ ပြည်သူများသည် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ် စိုးရိမ်ရမှုများ၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများကို ရင်ဆိုင်နေရကာ လူ့အခွင့်အရေးများ အကြီးအကျယ် ချိုးဖောက်ခံနေရပါသည်။ ၂။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ […]

Blossom Future (ပွင့်သစ်ဝေ) မှ စေတနာ့ဝန်ထမ်းလူငယ်များ၏ မဲဆောက်မြို့နယ် ဘောလုံးကွင်း သန့်ရှင်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ကူညီမှု (ပထမနေ့)

မဲဆောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးနိုင်ရန် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး(ပလတ်) မှ စေတနာ့ဝန်ထမ်းအကူအညီ တောင်းဆိုလာသည့်အတွက် Blossom Future (ပွင့်သစ်ဝေ)အဖွဲ့မှ စုစည်းပေးသည့် စေတနာ့လူငယ် (၉) ဦး ပါဝင်သောအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် မဲဆောက်မြို့နယ်၊ ဘောလုံးကွင်းကြီး သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြေစေရန် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို သွားရောက်လုပ်ဆောင်ခဲ့ကြပါသည်။ ဘောလုံးကွင်းသို့ ရောက်ရှိချိန်တွင် ဒေသဆိုင်ရာတာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး ပွင့်သစ်ဝေအဖွဲ့၏ လူမှုအကျိုးပြု ကူညီပံ့ပိုးပေးမှုများအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပါသည်။ ဘောလုံးကွင်းထိန်းသိမ်းရေးလုပ်ငန်းစဉ်တွင် စေတနာ့ဝန်ထမ်းလူငယ် (၉) ဦးသည် ဘောလုံးကွင်းအတွင်း အလွန်ရှည်လျားနေသည့်မြက်များကို စနစ်တကျ ရိတ်သိမ်းခြင်း၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ဘောလုံးကွင်းပတ်လည်နှင့် ပွဲကြည့်စင်ဧရိယာများကို သန့်ရှင်းရေးလုပ်ဆောင်ခြင်း စသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကွင်းအတွင်း ပြင်ဆင်ဆောင်ရွက်မှုများကို […]

Blossom Future မှ ခရိုင်အုပ်ချုပ်ရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုတွင် ပူးပေါင်းကူညီခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) မှ စေတနာ့ဝန်ထမ်း ၉ ဦး သည် မဲဆောက်ခရိုင်ရုံး (Mae Sot District Office) အန်ဖိုရုံး၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပါသည်။ ခရိုင်အုပ်ချုပ်ရေးဌာနမှ ကြီးမှူးကျင်းပမည့် G-Code Identification Card ထုတ်ပေးခြင်းနှင့် ဖြန့်ဝေခြင်း အခမ်းအနားအတွက် OTOP (One Tambon One Product) Center တွင် ကျင်းပမည့် နေရာအား ကြိုတင်ပြင်ဆင်ခြင်းနှင့် လိုအပ်သည့် ပစ္စည်းများကို စနစ်တကျ စီစဉ်ချထားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် မဲဆောက်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး (Palat) မှ Blossom Future ၏ ပူးပေါင်းကူညီမှုကို ကြိုဆိုအားပေးခဲ့ပါသည်။ Blossom […]

Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိရွှေ့ပြောင်းမြန်မာကျောင်းများဖြစ်သော ဟွေ့ကလုပ်ကျောင်း၊ Love & Care ကျောင်း၊ ကွဲကဘောင်ကျောင်းများရှိ ကျောင်းသူများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း (Female Hygiene Kits) များလှူဒါန်းခြင်း။

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်။ ၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရှိ ရွှေ့ပြောင်းမြန်မာကျောင်းများဖြစ်သော ဟွေ့ကလုပ်ကျောင်းမှ ကျောင်းသူ(၆၃) ဦး၊ Love & Care ကျောင်းမှ ကျောင်းသူ(၈၃)ဦးနှင့် ကွဲကဘောင်ကျောင်းမှ ကျောင်းသူ(၁၂၈)ဦးတို့အတွက် လိုအပ်သော အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ၂။ လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ လူတစ်ဦးစာလျှင် လစဉ်သုံးဂွမ်းကတ် (Sanitary Pads) – ၅၂ ခု (၄ […]

ကရင်ရိုးရာလက်ချည်အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများတွင် Blossom Future ပါဝင်ကူညီခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ခြေတော်ရာသင်္ဘောဆိပ် တောရကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ကရင်ရိုးရာလက်ချည်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်အတွက် Blossom Future အဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများတွင် လုပ်အားဖြင့် ပါဝင်ကူညီ ခဲ့ပါသည်။ အဆိုပါအခမ်းအနားသည် ကရင်ရိုးရာယဉ်ကျေးမှုနှင့် အစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ရန် နှင့် (ထိုင်း–မြန်မာ) လူမှုအသိုင်းအဝိုင်းများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အခမ်းအနားကို ခြေတော်ရာသင်္ဘောဆိပ် တောရကျောင်းထိုင်ဆရာတော်၊ ထိုင်းအာဏာပိုင်များနှင့် CDC ကျောင်းတို့မှ ဦးဆောင်၍ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကျောင်းများဖြစ်သည့် ခွဲကပေါင်၊ ဆာသူလေး၊ ဝှေ့ကလုတ် CDTC၊ Love & […]

စိတ်ဖိစီးမှု ဖြေရှင်းခြင်း အသိပညာဖွင့်ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿𝗺 𝗳𝗼𝗿 𝗦𝘁𝗿𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြားမှာ ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်စေရေး အသိပညာများ မျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ် ဇွန်လမှ စတင်၍ သင်တန်း ထပ်မံဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှားအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ————- သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေး ရောက်ရှိ လာကြသည့် မြန်မာပြည်သူများအတွက် […]

error: Content is protected !!