အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနား ထိုင်း-မြန်မာနယ်စပ်တွင် Blossom Future (BF) မှ ကြီးမှူးကျင်းပ

နေ့ရက် – စက်တင်ဘာလ (၂၁)ရက် ၂၀၂၆ ခုနှစ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက် တနင်္လာနေ့တွင် ကျရောက်သော International Day of Peace – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို Blossom Future (BF) ပွင့်သစ်ဝေမှ ကြီးမှူး၍ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ရာ လူဦးရေစုစုပေါင်း (၁၁၁) ဦး တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသူ (၁၁၁) ဦးအနက် အမျိုးသား (၃၀) ဦးနှင့် အမျိုးသမီး (၈၁) ဖြစ်ပါသည်။

အခမ်းအနားတွင် ပြည်တွင်းငြိမ်းချမ်ရေး၊ ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသား အားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် ခေတ်အဆက်ဆက် အသက်ပေး တိုက်ပွဲဝင်သွားကြသော အာဇာနည်ကြယ်ပွင့်များအား ဂုဏ်ပြုသောအားဖြင့် အလေးပြုခြင်းပြုလုပ်ခဲ့ပါသည်။

ထို့နောက် Blossom Future ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် အတူ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့်ပတ်သက်၍ ဗဟုသုတ မျှဝေပေးခြင်းပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ Blossom Future (BF) လူ့အခွင့်အရေးအစီအစဉ်၏ စီမံကိန်းမန်နေဂျာ ကိုတိန်ဦး၊ သင်တန်းဆရာမ Marriyar ၊ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (iFEC) ၏ ပြောရေးဆိုခွင့်ရှိသူ CDM ဆရာမိုးခါးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုအောင်သက်ပိုင်တို့မှလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု မအောင်ခြင်းရသည့် အကြောင်းအရင်းများနှင့် ပတ်သက်သည့် အကြောင်းအရာ၊ ဗဟုသုတများကို မျှဝေပြောဆိုပေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်လာသည့် မြန်မာစစ်ဘေးရှောင် ပြည်သူများမှလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အပေါ် ၎င်းတို့ နားလည်ထားသည့် ပုံစံများကိုလည်း ပြန်လည်မျှဝေ ပြောကြားခဲ့ကြပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် Blossom Future (BF) ပွင့်သစ်ဝေ အဖွဲ့အစည်း၏ သဘောထားထုတ်ပြန်ချက်အား BF၏ Community Network Officer မဟေမာမှ ဖတ်ကြားခြင်း ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံး အခမ်းအနားအစီအစဉ်အဖြစ် မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် တက်ရောက်လာသူများမှ ဖယောင်းတိုင်ထွန်းပြီး ငြိမ်သက်ဆုတောင်းခြင်းပြုလုပ်၍ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ပံ့ပိုးပေးကြသော Blossom Future မှ ဝန်ထမ်းများ၊ ဗဟုသုတများ မျှဝေပေးခဲ့ပါသော ဆရာများ၊ တက်ရောက်လာသော ဧည့်သည်များအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Blossom Future (ပွင့်သစ်ဝေ)

See less

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!