Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိရွှေ့ပြောင်းမြန်မာကျောင်းများဖြစ်သော ဟွေ့ကလုပ်ကျောင်း၊ Love & Care ကျောင်း၊ ကွဲကဘောင်ကျောင်းများရှိ ကျောင်းသူများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း (Female Hygiene Kits) များလှူဒါန်းခြင်း။

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်။

၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရှိ ရွှေ့ပြောင်းမြန်မာကျောင်းများဖြစ်သော ဟွေ့ကလုပ်ကျောင်းမှ ကျောင်းသူ(၆၃) ဦး၊ Love & Care ကျောင်းမှ ကျောင်းသူ(၈၃)ဦးနှင့် ကွဲကဘောင်ကျောင်းမှ ကျောင်းသူ(၁၂၈)ဦးတို့အတွက် လိုအပ်သော အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

၂။ လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ လူတစ်ဦးစာလျှင် လစဉ်သုံးဂွမ်းကတ် (Sanitary Pads) – ၅၂ ခု (၄ ထုပ် × ၁၃ ခု)၊ ရေချိုးဆပ်ပြာ (Shower Soap) ၄ တုံး (တစ်တုံးလျှင် ၆၀ ဂရမ်)၊ အဝတ်လျှော်ဆပ်ပြာမှုန့် (Detergent) ၁ ထုပ် (၇၅၀ ဂရမ်)သွားတိုက်ဆေး (Toothpaste) ၁ ဗူး (၁၀၀ ဂရမ်) တို့ ပါဝင်ပါသည်။

၃။ ယခုလှူဒါန်းမှုသည် အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ လှူဒါန်းမှုအတွက် ပူးပေါင်းကူညီပေးခဲ့ကြသော​​ ကျောင်းတာဝန်ရှိသူများနှင့် ပါဝင်အားဖြည့်ပေးခဲ့ကြသူများ​အားလုံးကို Blossom Future (ပွင့်သစ်ဝေ)မှ အထူးကျေးဇူးတင်ရှိပါသည်။

Blossom Future (ပွင့်သစ်ဝေ)

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!