စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (Application form for resilience Training workshop)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။

Blossom Future (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိလာသော မြန်မာပြည်သူများအတွက် စိတ်ဓာတ်စွမ်းအားမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် သင်တန်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။

ရည်ရွယ်ချက်

သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ မဲဆောက်မြို့အတွင်း ရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် ရည်ရွယ်ပါသည်။

သင်တန်းဆိုင်ရာအခြေခံအချက်အလက်

သင်တန်းအချိန်နှင့်နေ့ရက်

နေ့ရက် – စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် (တနင်္လာနေ့)။

အချိန် – နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲ အထိ။

သင်တန်းတည်နေရာ ။ ။ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်။

သင်တန်းပေးမည့်ပုံစံ ။ ။ လူကိုယ်တိုင်။

သင်တန်းသားဦးရေ ။ ။ ၁၀ ဦး။

သင်တန်းလျှောက်ထားရန် https://forms.gle/7yQNHi9JF2DurBKr6

ဆွေးနွေးပွဲတက်ရောက်ရန် လျှောက်ထားခြင်းနှင့်ပက်သက်၍ မေးမြန်းချက်များရှိပါက တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

တာဝန်ခံ

Blossom Future (ပွင့်သစ်ဝေ)

Phone: +66 813710876, +66946585635

Signal No: +66 813710876, +66946585635

Email: counselor1.blossomfuture@gmail.com, counsellor2.blossomfuture@gmail.com

လျှောက်ထားသူတစ်ဦးချင်းစီအား အထူးကျေးဇူးတင်လျှက်

Blossom Future (ပွင့်သစ်ဝေ)

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!