မဲဆောက်ခရိုင် အကျဉ်းထောင်သို့ ကွင်းဆင်းလေ့လာရေး ခရီးစဉ်အကျဉ်းချုပ်

ဩဂုတ်လ (၁၈) ရက်နေ့တွင် Blossom Future ၏ Executive Director ဒေါက်တာစန်းအောင်သည် မဲဆောက်ခရိုင် အကျဉ်းထောင်မှ လူမှုဝန်ထမ်းအရာရှိများနှင့် တွေ့ဆုံခဲ့ပြီး မဲဆောက်ခရိုင် အကျဉ်းထောင်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အကျဉ်းသား/သူများ၏ လက်ရှိ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များ နှင့် ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများကို အကျဉ်းထောင်မှ လူမှုဝန်ထမ်းအရာရှိများနှင့် တွေ့ဆုံံဆွေးနွေးခဲ့ပါသည်။ အကျဉ်းထောင်အတွင်း လက်ရှိ လူဦးရေ စာရင်းမှာ – • စုစုပေါင်း အကျဉ်းသား – ၁,၁၅၅ ဦး • အမျိုးသမီး – ၁၄၇ ဦး (မြန်မာနိုင်ငံသား ၈၆ ဦး) • အမျိုးသား – ၁,၀၀၈ ဦး (မြန်မာနိုင်ငံသား ၄၃၈ […]

BLOSSOM FUTURE ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၉၀) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ရက်စွဲ။ ။ စက်တင်ဘာလ (၃) ရက် ၊ ၂၀၂၆ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ (ပွင့်သစ်ဝေ) မှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၉၀) အတွက် သင်တန်းသား/သူ အသစ် (၁၀) ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌ ဩဂုတ်လ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၁) […]

ထိုင်းဘာသာစကားသင်တန်း အပတ်စဉ် (၂၁)၊ သင်တန်းဖွင့်ပွဲ အခမ်းအနားများ

Blossom Future (ပွင့်သစ်ဝေ) အဖွဲ့အစည်းမှ ဦးစီး၍ မဲဆောက်မြို့ Youth Connect သင်တန်းခန်းမ၌ “နာရီ ၄၀ ကြာ အခမဲ့ ထိုင်းဘာသာစကားသင်တန်း” အပတ်စဉ် (၂၁) In Person တန်းခွဲ A နှင့် တန်းခွဲ B တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့ ညနေ (၆:၀၀) နာရီအချိန်များတွင် အသီးသီး အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု အပတ်စဉ်၏ တန်းခွဲ A တွင် အမျိုးသမီး သင်တန်းသူ (၁၀) ဦး၊ အမျိုးသား သင်တန်းသား (၁၁) ဦးနှင့် တန်းခွဲ B တွင် […]

စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာ​ပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်​ဆွေး​​နွေးပွဲ (Application form for MHPSS Awareness workshop) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။  Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာသော မြန်မာပြည်သူများ အတွက်  စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာ​ပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမိုးမှု ပိုင်းဆိုင်ရာအသိပညာများ မျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွက် သင်တန်း ထပ်မံဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှားအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ လာကြသည့် မြန်မာပြည်သူများအတွက် စိတ်၊ ခံစားမှုနှင့် […]

𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်)

မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်)အား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ ပြုလုပ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသော အခြေအနေ စိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။ ရည်ရွယ်ချက် ++++++++ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေးပေးနိုင်ရန် […]

ထိုင်းဘုရင်မကြီး သီရိခေတ် (Queen Sirikit) ၏ မွေးနေ့နှင့် ထိုင်းနိုင်ငံ၏ အမေများနေ့ အထိမ်းအမှတ်အဖြစ် Blossom Future (ပွင့်သစ်ဝေ) အဖွဲ့၏ လူမှုအကျိုးပြု လုပ်အားပေး လှုပ်ရှားမှုများ

ယနေ့ ဩဂုတ်လ (၁၂) ရက်နေ့သည် ထိုင်းနိုင်ငံ၏ ချစ်ခင်လေးစားခြင်းခံရသော ဘုရင်မကြီး Her Majesty Queen Sirikit ၏ မွေးနေ့နှစ်ပတ်လည်နေ့ ဖြစ်ပြီး ဘုရင်မကြီးအား ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံ၏ “အမေများနေ့” (National Mother’s Day) အဖြစ် သတ်မှတ်ထားသည့် မင်္ဂလာအခါသမယ ဖြစ်ပါသည်။ အဆိုပါ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် Blossom Future (ပွင့်သစ်ဝေ) အဖွဲ့မှ ဩဂုတ်လ (၁၁) ရက်နေ့တွင် အောက်ပါ လူမှုအကျိုးပြု လုပ်အားပေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည် ၁။ မဲဆောက်ခရိုင်ရုံး (Mae Sot District Office) ၌ အမေများနေ့ အခမ်းအနား ပြင်ဆင်ရေး ကူညီဆောင်ရွက်ခြင်း မဲဆောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏ အကူအညီတောင်းခံချက်အရ […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ 𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿 ရာထူးအတွက်အလုပ်ခေါ်ယူခြင်း

ရာထူး။ 𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿လျှောက်လွှာလက်ခံမည့်ကာလ။ August 5, 2026 မှ August 12, 2026အလုပ်စတင်မည့်ရက်။ As soon as possibleနေရာ။ Blossom Future (ပွင့်သစ်ဝေ) ၊ မဲဆောက်အစမ်းခန့်ကာလ။ (၃) လပုံမှန်လစာ။ ၁၈,၀၀၀ ဘတ်အစီရင်ခံရမည့်သူ။ Executive Directorခန့်အပ်မည့်ပုံစံ။ Full Time (In Person)ခန့်အပ်မည့်ဦးရေ။ (၁) ဦးစီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။ ပွင့်သစ်ဝေ (Blossom Future) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (Human Rights Program) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ […]

ထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဉ် (၂၁) In Person အတန်းများအတွက် လျှောက်လွှာဖောင်များ ဆက်လက် လက်ခံပေးလျက်ရှိပါသည်။

Online အတန်းများအတွက် လျှောက်ထားသူဦးရေမှာ သတ်မှတ်လက်ခံမည့် အရေအတွက်ထက် များစွာကျော်လွန်လာသဖြင့် လျှောက်လွှာလက်ခံခြင်းမရှိတော့ကြောင်းအသိပေးအပ်ပါသည်။ ထိုင်းဘာသာစကားပြော အခမဲ့သင်တန်းများ အပတ်စဥ် (၂၁) အတွက် သင်တန်းသား ခေါ်ယူခြင်း။ ထိုင်းနိုင်ငံမဲဆောက်မြို့နှင့်ပတ်ဝန်းကျင်‌‌‌ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ဖောင်ဒေးရှင်း မှ အခြေခံ ထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ယခုအခါ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၂၁) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၂) […]

၂၀၂၆ ခုနှစ် (ဩဂုတ်လ) အတွင်း   ဩဂုတ် နှင့် စက်တင်ဘာ  (၂) လစာ အတွက် (လူသစ်များ) ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

Date 3rd-August-2026 မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။  Blossom Future (ပွင့်သစ်ဝေ) တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –  မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထား နိုင်ပါသည်။  အထက်ပါ အချက်များအတွက် လိုအပ်မည့် အထောက်အထားများပြရန် လိုအပ်ပါသည်။  အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။  ၁။ အရပ်သား CDM များ / […]

Blossom Future (ပွင့်သစ်ဝေ) အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

Date 3rd-August-2026 • Blossom Future (ပွင့်သစ်ဝေ) ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဇူလိုင်လအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ)။  • ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။  • ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။  • ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် […]

error: Content is protected !!