Statement Condemning the Myanmar Military Junta’s Airstrikes on Kyauktaw, Arakan

Date: September 29, 2026 1. Blossom Future (BF) is deeply saddened and appalled by the incident on September 28, 2026, at shortly past 12:00 PM, when Min Aung Hlaing led Myanmar military’s jet fighters dropped two 500-pound bombs on the busy market locally known as India Market and Kispanadi Bridge in Kyauktaw town, Arakan State, […]
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလုပ်ငန်းစဉ်များအတွက် နှစ်သိမ့်ဆွေးနွေးသူ အမျိုးသမီး (Female MHPSS Counsellor) ရာထူး လျှောက်လွှာခေါ်ယူခြင်း

Blossom Future (ပွင့်သစ်ဝေ) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အမျိုးသမီး နှစ်သိမ့်ဆွေးနွေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေးကောင်းမွန်ရေးအတွက် အကြံဉာဏ်ပေးမှုဝန်ဆောင်မှုများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတဆင့် ပါဝင်ကူညီနိုင်မည့် အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါသည်။ ရာထူး – နှစ်သိမ့်ဆွေးနွေးသူ (MHPSS Counsellor) လျှောက်လွှာလက်ခံမည့်ကာလ – ၃၀.၀၉.၂၀၂၆ မှ ၀၉.၁၀.၂၀၂၆ အထိ စီမံကိန်းကာလ – ၀၁.၁၀.၂၀၂၆ မှ ၃၀.၀၄.၂၀၂၆ အထိ နေရာ – Blossom Future (ပွင့်သစ်ဝေ) ၊ မဲဆောက် ။ အစမ်းခန့်ကာလ – ၃ လ ။ […]
Blossom Future (ပွင့်သစ်ဝေ) မှ ဆောင်ရွက်လျက်ရှိသော အသေးစားမွေးမြူရေးနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ကူညီမှုအစီအစဉ်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား အသိပေးကြေညာခြင်း

Blossom Future (ပွင့်သစ်ဝေ) မှ ဆောင်ရွက်လျက်ရှိသော အသေးစားမွေးမြူရေးနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ကူညီမှုအစီအစဉ်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား အသိပေးကြေညာခြင်း ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်။ Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ မဲဆောက်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ရွှေ့ပြောင်းမြန်မာမိသားစုများ၏ အသက်မွေးဝမ်းကျောင်းနှင့် တကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များကို အထောက်အကူပြုဖြည့်ဆည်းနိုင်ရန် အသေးစားမွေးမြူရေးနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ကူညီပေးသည့် အစီအစဉ်ကို အောက်ပါလျာထားမှုများအတိုင်း ဆောင်ရွက်လျက်ရှိပါသည်- • အမျိုးသမီးတစ်ဦးလျှင် တကိုယ်ရည်လစဉ်သုံး ပစ္စည်း (၄) မျိုးပါဝင်သည့် ပစ္စည်းအစုအား အမျိုးသမီး (၁,၇၀၀) ဦး။ • တစ်အိမ်ထောင်လျှင် ကြက် (၄) […]
Basic Food Program ရိက္ခာထောက်ပံ့မှုနှင့် ပတ်သက်၍ အသိပေးချက်

ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ။ လေးစားအပ်ပါသော မဲဆောက်ရောက် မိဘပြည်သူများခင်များ ၁။ Blossom Future (ပွင့်သစ်ဝေ)၏ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်မှ ကျန်ရှိခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လ၊ ၃ လအတွက် ရိက္ခာထောက်ပံ့မှုများ မပြုလုပ်နိုင်ခဲ့သည့်အတွက် ပထမဦးစွာ အနူးအညွတ် တောင်းပန်အပ်ပါသည်။ ၂။ ရိက္ခာ ၃ လစာ မရရှိခဲ့သည့်အတွက် မည်မျှအခက်အခဲ ကြုံတွေ့ခဲ့ရမည်ကိုလည်း ကိုယ်ချင်းစာနာကာ အထူးပင် စိတ်မကောင်း ဖြစ်ရပါသည်။ ၃။ အဆိုပါကာလအတွင်း ဝန်ထမ်းများအပြောင်းအလဲရှိခဲ့ခြင်း၊ ၀န်ထမ်းများလျှော့ခဲ့ရခြင်း၊ လျှောက်ထားသူများ၏ အချက်အလက်များကို ပြန်လည်ကောက်ခံကာ အလှူရှင်ထံ တင်ပြခဲ့ရခြင်းများအပါအဝင် အခြားသော လုပ်ငန်းအဆင့်ဆင့်ကို ဝန်ထမ်းနှစ်ဦးစာအား တစ်ဦးတည်းဖြင့်သာ ဆောင်ရွက်ခဲ့ရခြင်းတို့ကြောင့်လည်း […]
၂၀၂၆ ခုနှစ် အောက်တိုဘာလ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

Date – 30-Sep-2026 မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ပုံမှန်ရိက္ခာလျှောက်ထားမှုများကို 30-Sep-2026 မှစ၍ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ)၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထားနိုင်ပါသည်။ အထက်ပါ အချက်များအတွက် လိုအပ်မည့် အထောက်အထားများပြပါရန် ပန်ကြားအပ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ စစ်/ရဲ နှင့် အရပ်သား CDM များ / မိသားစုဝင်များ ၂။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များ ၃။ […]
ရခိုင်ပြည်၊ ကျောက်တော်မြို့အား မြန်မာစစ်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

ရက်စွဲ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက် ၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများ စည်းကားရာ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားတို့အား မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် စျေးရောင်းစျေးဝယ် ပြည်သူများ၊ ကုန်တင် ကုန်ချပြုလုပ်နေသူများနှင့် လမ်းသူလမ်းသားများအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း (၅၀) ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး (၅၈) ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်အပေါ် Blossom Future (BF) ပွင့်သစ်ဝေ အနေဖြင့် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းတုန်လှုပ်ရပါသည်။ ၂။ စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် […]
Blossom Future (ပွင့်သစ်ဝေ) နှင့် Mae Tao Clinic တို့မှ မဲဆောက်ခရိုင်၊ အကျဉ်းထောင်ရှိ မြန်မာနိုင်ငံသား အကျဉ်းသားများအတွက် စိတ်ဓာတ်ခွန်အားပေးခြင်းအစီအစဉ်တွင် ပါဝင်ခဲ့ခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ)၊ Mae Tao Clinic နှင့် မယ်ပ (၁၀) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ကိုယ်စားလှယ် ၁၆ ဦးသည် မဲဆောက်ခရိုင်၊ အကျဉ်းထောင် အုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ အကျဉ်းထောင် အတွင်းရှိ မြန်မာအကျဉ်းသား ၅၅၀ ဦးအတွက် စိတ်ဓာတ်ခွန်အားပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုပေးသည့် အခမ်းအနား အစီအစဉ်တွင် ပါဝင်ခဲ့ကြပါသည်။ မဲဆောက်ခရိုင်၊ အကျဉ်းထောင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ကိုယ်စားလှယ်များအဖွဲ့အား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဤအစီအစဉ်မှာ မြန်မာအကျဉ်းသားများ၏ […]
Blossom Future မှ မဲဆောက်အကျဉ်းထောင်ရှိ အကျဉ်းသားများအား မျက်မှန်များ လှူဒါန်းမှု

ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် Blossom Future အဖွဲ့မှ မဲဆောက်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းတွင် အကျဉ်းသားများ၏ အမြင်အာရုံဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မျက်မှန် ၁၃၆ စုံ ကို လှူဒါန်းပေးခဲ့ပြီး၊ အနီးမြင်မျက်မှန်၊ အဝေးမြင်မျက်မှန်နှင့် မျက်စိအလင်းယိုင်မှု (Astigmatism) အတွက် မျက်မှန်များ ပါဝင်ခဲ့ပါသည်။ Blossom Future အဖွဲ့အား မဲဆောက်အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့် လူမှုရေးဝန်ထမ်းများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး အဆိုပါလှူဒါန်းမှုကို စနစ်တကျဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပူးပေါင်းကူညီမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။ ယခုအကူအညီပေးရေးလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ အကျဉ်းသားများ၏ အခြေခံအမြင်အာရုံနှင့် […]
တရားဝင် အသိပေးအကြောင်းကြားချက်

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။ Blossom Future (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာပြည်သူများ၏ အခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ လစဉ်ရိက္ခာနှင့် အရေးပေါ်ရိက္ခာထောက်ပံ့မှုများ နေထိုင်ရေးဆိုင်ရာ အထောက်အပံ့များ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ သင်တန်းများ အသိပညာပေးသင်တန်းများ နှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းများ အသက်မွေးဝမ်းကျောင်းသင်တန်းများ အလုပ်အကိုင်ရှာဖွေရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ဥပဒေရေးရာကာကွယ်စောင့်ရှောက်မှုနှင့် အကူအညီများ အစရှိသည့် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုများအားလုံးသည် ၁၀၀% အခမဲ့ […]
Blossom Future (ပွင့်သစ်ဝေ)မှ အရေးပေါ်ငွေကြေး ကူညီထောက်ပံ့ခြင်း အစီအစဉ်

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက် မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ Blossom Future မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်ကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ မဲဆောက်မြို့အတွင်း စားဝတ်နေရေး၊ နေရာထိုင်ခင်း၊ အရေးပေါ်ကျန်းမာရေးနှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသော မြန်မာပြည်သူ/သားများအတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှု အစီအစဉ်အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထောက်ပံ့ငွေပမာဏ တစ်ဦးလျှင် မိမိတို့၏ လိုအပ်ချက်ပေါ်မူတည်၍ အများဆုံးဘတ် (၂,၄၀၀) အထိ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ လျှောက်ထားနိုင်သူများ_ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့အတွင်း နေထိုင်လျက်ရှိပြီး • အရေးပေါ်စားဝတ်နေရေး နှင့် အခက်အခဲကြုံတွေ့နေရသူများ […]