Blossom Future (ပွင့်သစ်ဝေ) မှ စိုက်ပျိုးမြေအခမဲ့အသုံးပြုခွင့် ထောက်ပံ့ရေးအစီအစဉ်အတွက် လျှောက်လွှာများ ထပ်မံခေါ်ယူခြင်း

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၂၉ ရက် ။

မင်္ဂလာပါ၊

Blossom Future (ပွင့်သစ်ဝေ) မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်လျက်ရှိကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်နိုင်ရန်ရည်ရွယ်၍ တစ်လတာ စိုက်ပျိုးရေးသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အဆိုပါစိုက်ပျိုးရေးသင်တန်းတွင် အောင်မြင်စွာ ပြီးဆုံးထားသော သင်တန်းသား/သူများအပါအဝင်၊ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊ ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ရှေရှည်တိုးချဲရန် ရည်ရွယ်ထားသူများအား စိုက်ပျိုးမြေနေရာ အခမဲ့ကူညီ ထောက်ပံ့ပေးသွားပါမည်။

သို့ပါ၍ ထိုင်းနိုင်ငံ၊ မဲဆောက်၊ ဖရာဒါ့ဖာဒဲရပ်ကွက်အတွင်းရှိ Blossom Future (ပွင့်သစ်ဝေ) မှတဆင့် ငှားရမ်းထားသော စိုက်ပျိုးမြေ (၂၉) လိုက်ပေါ်တွင် တစ်ဦးလျှင် မြေအကျယ်အများဆုံး ၁ လိုက်အား ၁၂ လ အခမဲ့ ထောက်ပံ့မှု အစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ထောက်ပံ့မှုအစီအစဉ်အသေးစိတ်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

လုပ်ငန်းကာလ – ၁၂ လ (၂၀၂၆ ခုနှစ် နိုဝင်ဘာ မှ ၂၀၂၇ ခုနှစ် အောက်တိုဘာလ အထိ)။

လျှောက်လွှာဖောင်နောက်ဆုံးလက်ခံမည့်ရက် – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့။

ထောက်ပံ့ပေးမည့်အစီအစဉ်အကျဉ်း

ရွေးချယ်ခံရသူများအား –

• တစ်ဦးလျှင် မြေအကျယ် (၁ လိုက်) ကို အခမဲ့ အများဆုံး ၁၂ လ (၂၀၂၇ အောက်တိုဘာလ ၁၆ ရက်နေ့ အထိ) စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခြင်း။

• စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သော စိုက်ပျိုးရေးမန်နေဂျာတစ်ဦးမှ လက်တွေ့အနီးကပ် ကြီးကြပ်၊ အုပ်ချူပ်၊ အကြံပြုပေးခြင်းနှင့် သီးနှံများအား ရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေ ချိတ်ဆက်ပေးခြင်း။

အထက်ဖော်ပြပါ အစီအစဉ်တွင်ပါဝင်ရန် အမှန်တကယ် စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာတာဝန်ခံ၏ အီးမေးလ် (သို့) စင်ဂနယ်ထံ တိုက်ရိုက် ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

လျှောက်ထားနိုင်ရန်နည်းလမ်း

အောက်ဖော်ပြပါ နမူနာလျှောက်လွှာဖောင်အား တိုက်ရိုက်ဖောင်ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ (ဖောင်ဖြင့် လျောက်လွှာမတင်တတ်သူများအနေဖြင့် Blossom Future (ပွင့်သစ်ဝေ) ၏ စိုက်ပျိုးရေးသင်တန်းတည်နေရာ (သို့) safehouse သို့ လာရောက်ထုတ်ယူ ဖောင်ဖြည့်သွင်းနိုင်ပါသည်။)

Google form Link >>>> https://docs.google.com/forms/d/10Ilkj1dwEj3VS2U_rydU4am8_bTBtjC8Anynigq93Ac/edit

ဆက်သွယ်ရန်

တာဝန်ခံ – Farm Manager

ဖုန်းနံပါတ်/Signal နံပါတ် – ၀၆၂ ၄၄၇ ၈၉၂၇

Email – fm2.blossomfuture@gmail.com

Blossom Future (ပွင့်သစ်ဝေ)

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!