
ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက် ။
မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သအပ်ပါသည်။
Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ ပြောင်းရွှေ့ နေထိုင်နေကြသော မြန်မာပြည်သူများအတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ရာ Thai-Japan Education Development Foundation (TJEDF) မှ ထောက်ပံ့ကူညီမှုဖြင့် အပတ်စဉ်(၂၄)သင်တန်းကို လာမည့်နိုဝင်ဘာလအတွင်း သင်တန်းပြုလုပ်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးရေးအား အမှန်တကယ် စိတ်ပါဝင်စားပြီး အသက်မွေးဝမ်းကြောင်းအဖြစ် ပြန်လည်လုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သင်တန်းတွင် မှိုစိုက်ပျိုးနည်းသာမက ရာသီပေါ်သီးနှံများဖြစ်သည့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည့်အပြင် မြေဩဇာအကြောင်း၊ ပိုးမွှားရောဂါများအကြောင်းနှင့် ပိုးသတ်ဆေးအကြောင်းများကိုလည်း စာတွေသင်ကြားပေးသွားမည်ဖြစ်ပါသည်။
သင်တန်းအား လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ/ မိမိတို့နေအိမ်မှ လာရောက်သင်တန်းတက်၍ဖြစ်စေ တက်ရောက်နိုင်ပါသည်။
နိုဝင်ဘာလ (၁) ရက်နေ့ ညနေ (၀၅ : ၃၀) နာရီအချိန် နောက်ဆုံးထား၍ သင်တန်းလျှောက်လွှာအား လက်ခံပေးသွားမည်ဖြစ်ပါပြီး သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့်သူများကို ပြန်လည်ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။
သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်
သင်တန်းကာလ ။ နိုဝင်ဘာလ (၃) ရက်မှ (၂၈) အထိ။ တစ်ပတ် (၆)ရက် (တနင်္ဂနွေတစ်ရက် ပိတ်ပါသည်)
သင်တန်းအချိန် ။ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၅:၃၀နာရီအထိ။
သင်တန်းတည်နေရာ ။ ဟုန်ဖိုင်- မဲဆောက်မြို့။
ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ၁၂ ဦး။ (အမျိုးသမီးများ ဦးစားပေးရွေးချယ်ပါမည်။)
ခံစားခွင့်
——–
သင်တန်းတက်ရောက်သူများအား သင်တန်းကာလအတွင်း နေထိုင်စားသောက်ရေးအတွက် စီစဉ်ပေးထားမည့်အပြင် သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းသားများအတွက် ခရီးစရိတ် တစ်ဦးလျှင် (၁၃၀၀) ဘတ် ထုတ်ပေးသွားမည်ဖြစ်ပါသည်။
သင်တန်းတွင်နေထိုင်၍ တက်ရောက်မည့်သူများအတွက် အကြို/အပို့ လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။
သင်တန်းတက်ရောက်သူများ အထောက်အထားမရှိပါက ရဲကဒ်ပြုလုပ်ရန် ချိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ (ကုန်ကျစရိတ်အား သင်တန်းသူ/သား မှ ကျခံရမည်ဖြစ်ပါသည်။)
သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စိုက်ပျိုးရေးခြံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ရှာဖွေပေးခြင်း (သို့မဟုတ်) ကိုယ်တိုင်အမှန်တကယ် စိုက်ပျိုးလိုသူများသည် Blossom Future (ပွင့်သစ်ဝေ) မှ ၁ နှစ်စာမြေငှားပေးပြီး ထောက်ပံ့ပေးမည့်အစီအစဉ်ကိုလည်း ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
မှတ်ချက် ။ သင်တန်းဆင်းပြီးပါက အမှန်တကယ် စိုက်ပျိုးရေးအလုပ်ဖြင့် ပြန်လည်လုပ်ကိုင်မည့်သူများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။
သင်တန်းလျှောက်ထားရန် >> https://forms.gle/7jWuNZiohjb4CUTT6
မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက
သင်တန်းတာဝန်ခံ
ဖုန်းနံပါတ် ၀၉၄၄၅၈၀၂၃၅
အီးမေးလ် agriculture@blossomfuture.org သို့
ရုံးဖွင့်ရက်ဖြစ်သော တနင်္လာနေ့ မှ သောကြာနေ့ ( နံနက် ၉ နာရီမှ ညနေ ၅ နာရီ) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မှတ်ချက် ။ Blossom Future မှ စိုက်ပျိုးရေးသင်တန်းများအား ၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါအပတ်စဉ် (၂၃)ခုအား အောင်မြင်စွာသင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ (၂၈၀) ဦးအား မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
စိုက်ပျိုးရေးသင်တန်းတာဝန်ခံ
Blossom Future (ပွင့်သစ်ဝေ)