𝐌&𝐄 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ရာထူးအတွက် လျှောက်လွှာ ခေါ်ယူခြင်း

ရာထူး။ 𝗠&𝗘 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 လျှောက်လွှာလက်ခံမည့်ကာလ။ ၃ ရက် ဇွန်လ မှ ၁၂ ရက် ဇွန်လ ၂၀၂၆ အထိ။ ခန့်အပ်ထားမည့်နေရာ။ မဲဆောက် အစမ်းခန့်ကာလ။ (၃) လ အလုပ်စတင်မည့်ရက်။ As soon as possible အစမ်းခန့်လစာ။ ၈,၀၀၀ ဘတ် ပုံမှန်လစာ။ ၁၀,၀၀၀ ဘတ် ခန့်အပ်မည့်ဦးရေ။ (၁) ဦး အစီရင်ခံရမည့်သူ။ 𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 လုပ်ဆောင်ရမည့်တာဝန်များ (𝗥𝗲𝘀𝗽𝗼𝗻𝘀𝗶𝗯𝗶𝗹𝗶𝘁𝗶𝗲𝘀) ———————————————- 𝗠&𝗘 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 သည် 𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ၏ လမ်းညွှန်မှုအောက်တွင် အောက်ပါတာဝန်များကို လုပ်ဆောင် ရမည် ● စီမံကိန်းများ၏ ရလာဒ်များနှင့် တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ဒေတာများ […]

𝐒𝐭𝐫𝐨𝐧𝐠𝐞𝐫 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫: 𝐀 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲-𝐁𝐚𝐬𝐞𝐝 𝐏𝐞𝐚𝐜𝐞 𝐚𝐧𝐝 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞 𝐟𝐨𝐫 𝐑𝐞𝐟𝐮𝐠𝐞𝐞𝐬 𝐢𝐧 𝐌𝐚𝐞 𝐒𝐨𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် တာဝန်ထမ်းဆောင်ရန် 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များဖြစ်သော နေရာထိုင်ခင်း၊ စားနပ် ရိက္ခာထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ၊ အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့် ကာကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများအား ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိပါသည်။ ၎င်းလုပ်ကိုင်စဉ်များ၏ တိုးတက်မှုအစီရင်ခံစာများ အပါအဝင် မြေပြင်တွင် ကြုံတွေ့ရသော လုပ်ငန်းစဉ်အခက်အခဲများအား Program Manager များထံ အကြံပြုဖြေရှင်းခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် Assistant Project Manager ရာထူးအတွက် လျှောက်လွှာခေါ်ယူနေပါသည်။ ရာထူး 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 လျှောက်လွှာလက်ခံမည့်ကာလ ၂.၀၆.၂၀၂၆ မှ ၇.၀၆.၂၀၂၆ အထိ စီမံကိန်း ကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ နေရာ […]

𝐀𝐝𝐦𝐢𝐧 𝐚𝐧𝐝 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) မှ လုပ်ဆောင် လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ၊ ဥပဒေရေးရာ အထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမို ထိရောက်စွာ အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိသည့် ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်း လည်ပတ်မှုများ၊ လူ့စွမ်းအား အရင်းအမြစ် (𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲, 𝗛𝗥) ဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ကိုင်တွယ်ကြီးကြပ်နိုင်ရန်နှင့် အမှုဆောင် ဒါရိုက်တာ (𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿, 𝗘𝗗) ၏ လုပ်ငန်းတာဝန်များကို ဘက်စုံမှ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့ အကြုံရှိပြီး တက်ကြွထက်မြက်သော “စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်အရာရှိ” (𝗔𝗱𝗺𝗶𝗻 𝗮𝗻𝗱 𝗛𝗥 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူကာ ရှာဖွေလျက်ရှိပါသည်။ ရာထူး […]

ပွင့်သစ်ဝေ (𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၈၃) သင်တန်းဆင်းပွဲ

ပွင့်သစ်ဝေ (BLOSSOM FUTURE) မှ ဦးစီးကျင်းပပြုလုပ်သော (၂၀၂၆ခုနှစ်၊ မေလ(၁၈)ရက်နေ့မှ မေလ(၂၉)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော BLOSSOM FUTURE ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၈၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ မေလ(၂၉)ရက်နေ့ညနေ (၄:၀၀)နာရီတွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ ပွင့်သစ်ဝေ (BLOSSOM FUTURE) ၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံ မော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၃)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၇)ယောက်၊ သင်တန်းသား (၃)ယောက် စုစုပေါင်း(၁၀)ဦးရှိပါသည်။ ပထမဦးစွာ BLOSSOM FUTURE မှ Field Coordinator မသိင်္ဂီမှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်အကိုင်ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော […]

အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁၉)သင်တန်းပိတ်ပွဲ အခမ်းအနား

Blossom Future မှ ဦးစီးကျင်းပပြုလုပ်သော (၂၂) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၉) ပိတ်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ မေလ (၃၀) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၃) ဦး နှင့် အမျိုးသား သင်တန်းသား (၁၁) ဦး စုစုပေါင်း (၁၄) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 မှ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 မှ သင်တန်းသား/သူများ သင်တန်းဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့်သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် ရရှိအောင် စွမ်းဆောင်ရည်မြှင့်တင်ပေးသော […]

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၁) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၂၁) သင်တန်းကို လာမည့် ( ဇူလိုင်လ ၃ရက် မှ ဇူလိုင်လ ၂၈ ရက် ၂၀၂၆ ခုနှစ် ) အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးနည်းအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြား […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ (ပွင့်သစ်ဝေ) မှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိူင်လ ၂ ရက်နေ့မှ ဇူလိူင်လ ၁၄ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၈၆) အတွက် သင်တန်းသား/သူ အသစ် (၁၀) ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌ ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၂၆) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (google form)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်အသိပေးကြော်ငြာချက် […]

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿𝗺 𝗳𝗼𝗿 𝗿𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဓာတ်စွမ်းအား မြှင့််တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၆ ဇွန်လအတွက် သင်တန်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ————- သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

● Blossom Future (ပွင့်သစ်ဝေ) ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ မေလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ● ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။ ● ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။ ● ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။ ● ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် မဟုတ်ကြောင်း […]

𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐂𝐚𝐬𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Fututre (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသော မြန်မာနိုင်ငံသားအတွက် နေရာထိုင်ခင်းများ ထောက်ပံ့ပေးသည့် (Safe House) အစီအစဥ်အား ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအစီအစဉ်အတွက်ဝန်ထမ်း (Case Manager) လျှောက်လွှာများ ခေါ်ယူနေပါသည်။ အမျိုးသား ဝန်ထမ်းသာခေါ်ယူမည်ဖြစ်ပါသည်။ ရာထူး Case Manager လျှောက်လွှာလက်ခံမည့်ကာလ ၁.၆.၂၀၂၆ မှ ၈.၆.၂၀၂၆ ခုနှစ်အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ လစာ ၁၀,၀၀၀ ဘတ် – ၁၃,၀၀၀ ဘတ် အစီရင်ခံရမည့်သူ Safe House Program Manager ခန့်အပ်မည့်ဦးရေ အမျိုးသား (၁) ဦး လုပ်ဆောင်ရမည့်တာဝန်များ —————————– Blossom Fututre […]

error: Content is protected !!