Blossom Fututre (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသော မြန်မာနိုင်ငံသားအတွက် နေရာထိုင်ခင်းများ ထောက်ပံ့ပေးသည့် (Safe House) အစီအစဥ်အား ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအစီအစဉ်အတွက်ဝန်ထမ်း (Case Manager) လျှောက်လွှာများ ခေါ်ယူနေပါသည်။ အမျိုးသား ဝန်ထမ်းသာခေါ်ယူမည်ဖြစ်ပါသည်။
ရာထူး Case Manager
လျှောက်လွှာလက်ခံမည့်ကာလ ၁.၆.၂၀၂၆ မှ ၈.၆.၂၀၂၆ ခုနှစ်အထိ
နေရာ မဲဆောက်
အစမ်းခန့်ကာလ ၃လ
လစာ ၁၀,၀၀၀ ဘတ် – ၁၃,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ Safe House Program Manager
ခန့်အပ်မည့်ဦးရေ အမျိုးသား (၁) ဦး
လုပ်ဆောင်ရမည့်တာဝန်များ
—————————–
Blossom Fututre (ပွင့်သစ်ဝေ) ၏ Safe House များတွင်
● နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင်ရွက် ပေးရမည်။
● နေထိုင်သူများအား စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များ နှင့် အခွင့်အရေးဆိုင်ရာ အကြောင်းများ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။
● နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်း နှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan) တို့အား ဆောင်ရွက်ပေးရမည်။
● နေထိုင်သူများနှင့် ပတ်သက်သော စာရင်းများအား Program Manager ထံသို့ အချိန်မီ တင်ပြရပါမည်။
● နေထိုင်သူများနှင့် လစဉ်အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။
● နေထိုင်သူများ၏ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်များကို Program Manager နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။
● နေထိုင်သူများအတွက် အကျိုးရှိစေနိုင်မည့်သင်တန်းများ၊ ဟောပြောပွဲများကိုလည်း ကျင်းပ ပြုလုပ်ရာတွင် ပါဝင်ကူညီပေးရမည်။
● လစဉ်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား ရေးသားပြုစု၍ Program Manager ထံ တင်ပြ ရမည်။
● ပေးအပ်သည့်တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ရပါမည်။
အတွေ့အကြုံလိုအပ်ချက်
————————-
● Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
● အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။
● လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။
● လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး နေထိုင်သူများအပေါ် စိတ်စေတနာထားကာ ဖြည့်ဆည်း ပေးနိုင်သူ ဖြစ်ရမည်။
● စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။
● အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။
● အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
● လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
● လူ့အခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ကျား/မ တန်းတူ အခွင့်အရေးကိစ္စရပ်များ၊ အမျိုးသမီး နှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိစ္စရပ်များတွင် သိရှိ နားလည်ပြီး လေးစားလိုက်နာသူဖြစ်ရမည်။
● ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဖြစ်ရပါမည်။
● English စာတတ်ကျွမ်းသူ ဦးစားပေးပါမည်။
လျှောက်လွှာတင်ရမည့်ပုံစံ
————————-
● Cover letter နှင့် CV Form အား မြန်မာဘာသာဖြင့် contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။
● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
● လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org
